မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ သံဃာအပါး နှစ်သောင်းအား ဆွမ်းဆန်စိမ်းလောင်းလှူမည်

 မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ သံဃာအပါးနှစ်သောင်း အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို မန္တလေးမြို့တွင် လာမည့်နှစ် ဇန်နဝါရီအတွင်း ကျင်းပမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းက သတင်းထုတ်ပြန် သည်။

  အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၁ ရက်တွင် မန္တလေးမြို့ ချမ်းမြ သာစည် လေယာဉ်ကွင်းဟောင်း နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

‘‘ထိုင်းဘက်ကတော့ ကြေ ညာထားတာ ဟုတ်တယ်။ မန္တ လေးဘက်က ဆရာတော်ကြီးတွေ ရဲ့ ဩဝါဒခံယူရဦးမယ်။ ဆရာ တော်ကြီးတွေရဲ့ ဩဝါဒခံယူပြီးမှ မြန်မာပြည်ဘက်က တရားဝင်ကြေညာပေးမယ်’’ဟု ဆွမ်းလောင်းလှူပွဲ တာဝန်ရှိသူ ဦးကိုက ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သို့ မန္တလေးမြို့မှ သံဃာတော်များကို ဦးစားပေးဖိတ်ကြားရန်ရှိပြီး ထိုင်းနိုင်ငံမှ သံဃာတော်များအား ပင့်ဖိတ်မှုကို ဓမ္မကာယကျောင်း က စီစဉ်မည်ဖြစ်ကြောင်း ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် ပါဝင်ကူညီခဲ့သည့် ထားဝယ်မြို့ မြို့မယဉ်ငေးသာသနာ့ ရိပ်သာမှ ဦးဣန္ဒဉာဏက မိန့် သည်။

ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာက မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ သံဃာအပါး သုံးသောင်းအားဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ရန် စေတနာ့ဝန်ထမ်းများကို သင်တန်းပေးခဲ့သော်လည်း လောင်းလှူပွဲ မဖြစ်မြောက်ခဲ့ပေ။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူး ပေါင်းကျင်းပသည့် ပထမအကြိမ် သံဃာအပါး တစ်သောင်း ဆွမ်း ဆန်စိမ်းလောင်းလှူပွဲအခမ်းအ နားကို ၂၀၁၅ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။