အနည်းဆုံး အခကြေးငွေ တစ်ရက်ကျပ် ၅,၆၀၀ အထက် သတ်မှတ်ပေးရန် မန္တလေးနှင့် ထီးချိုင့်တွင် အလုပ်သမား ၁,၀၀၀ ကျော် တောင်းဆိုဆန္ဒပြ

မန္တလေးတွင် အလုပ်သမားများ ဒီဇင်ဘာ ၃ ရက်က ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − ထက်သာဦး)

 အနည်းဆုံးအခကြေး ငွေကို တစ်ရက်ကျပ် ၅,၆၀၀ နှင့်အ ထက်သတ်မှတ်ပေးရန် မန္တလေး မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ နယ်တို့ရှိ အလုပ်သမားများက ဒီ ဇင်ဘာ ၃ရက် နံနက်ကဆန္ဒထုတ် ဖော်ခဲ့သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်အတွင်းရှိ စက် ရုံ ၃၀ ကျော်မှ အလုပ်သမားတစ် ထောင်ခန့်က နံနက် ၈ နာရီကစ တင်၍ စက်မှုပန်းခြံမှ ကနောင်ခန်း မထိ စီတန်းလှည့်လည်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။ အလားတူ ထီးချိုင့်မြို့ရှိ တကောင်းနီကယ် စက်ရုံမှ အလုပ်သမား ၆၀ ခန့်က လည်း ထီးချိုင့်မြို့ရှိ တကောင်းနီ ကယ်စက်ရုံအနီး ဝန်းကျင်တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့သည်။

တစ်ရက် လုပ်ခလစာ ကျပ် ၅,၆၀၀ နှင့်အထက်ရရှိရေးအပြင် အနည်းဆုံး အခကြေးငွေကို ၂ နှစ်လျှင် တစ်ကြိမ်ပြင်ဆင်သတ် မှတ်ရေး၊ အဆိုပါအခကြေးငွေ သတ်မှတ်ချက်အတွက် လွှတ် တော်သို့ တင်ပြအတည်ပြုချက် ရယူမည်ဆိုသည့်အပေါ် လက်မခံ ကြောင်း မန္တလေးမြို့ရှိ အလုပ်သ မားများက ဆန္ဒပြတောင်းဆို ခဲ့ သည်။

‘‘ကျွန်တော်တို့ရဲ့ တစ်နေ့ တာ ကုန်ကျစရိတ်က ၃,၆၀၀ နဲ့ မလောက်သလို ၄,၈၀၀ နဲ့လည်း မလောက်ပါဘူး။ အဲဒါကြောင့်အ နည်းဆုံး ၅,၆၀၀ ကျပ်အထက် သတ်မှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီနေ့ဟာအလုပ်နား ရက်။ အလုပ်နားရက်မှာတောင် ထွက်ပြီးတော့ ပြည်သူ့အစိုးရကို ကျွန်တော်တို့ရဲ့လိုအားချက်ကို ကျွန်တော်တို့ ပြောတာဖြစ်ပါ တယ်။ နောက်ပြီးလွှတ်တော်ကို တင်ပြပြီးတော့မှ အတည်ပြုချက် ယူမယ်ပြောတယ်။ တင်စရာမလို ဘူးလို့ ဥပဒေမှာလည်း ပါထားပါ တယ်’’ ဟု မန္တလေးမြို့တွင် ဦး ဆောင်ဆန္ဒ ထုတ်ဖော်သူ ဦးသက် နှင်းအောင်ကပြောသည်။

ဆန္ဒပြအလုပ်သမားများအ နေဖြင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက တစ်ရက်လုပ်အားခ ကျပ် ၄,၀၀၀ မှ အများဆုံး ၄,၈၀၀ ထိ သတ်မှတ်ရန်ဆောင်ရွက်နေမှု နှင့် အဆိုပါ အခကြေးငွေကို ပြည် ထောင်စုလွှတ်တော်တွင် အတည် ပြုချက် ရယူမည်ဆိုခြင်းအပေါ် ကန့်ကွက်နေခြင်း ဖြစ်သည်။

‘‘ရန်ကုန်တို့၊ မန္တလေးတို့ဆို တာ နယ်ကနေလာအလုပ်လုပ်တဲ့ သူတွေများပါတယ်။ အိမ်လခ တွေ၊ စားစရိတ်တွေ၊ ခရီးစရိတ် တွေ ဖယ်လိုက်ရင် တစ်နှစ်နေရင် လက်ကျန်ငွေဆိုတာ ဘာမှမရှိပါ ဘူး။ ဝင်ငွေကို မနည်းလောက် အောင် သုံးစွဲနေတာပါ။ တောင်း ဆိုတဲ့နှုန်းထားအတိုင်း ရရင် တောင် အနောက်ကကုန်ဈေးနှုန်း ပါ လိုက်တက်မယ်ဆိုရင် ကျွန် တော်တို့ လောက်ငမယ်လို့မထင် ပါဘူး’’ ဟု ဆန္ဒထုတ်ဖော်သည့် အလုပ်သမား ဦးသန်းဌေးအောင် က ပြောသည်။