သတ္တုတွင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး

နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နဲ့ ငဖဲမြို့နယ်အစပ်မှာ ရှိ တဲ့ဟန်ထက်ကျောက်မီးသွေးမြေ အောက်သတ္တုတွင်းမှာ ပြိုကျမှု ဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသား တစ်ဦး၊ တရုတ်စကားပြန်တစ်ဦး နဲ့ မြန်မာလုပ်သားခြောက်ဦး စုစု ပေါင်းရှစ်ဦး မတော်တဆဖြစ်စဉ် နဲ့ သေဆုံးခဲ့ကြတာကို သတင်းစာ တွေမှာ ဖတ်ရပါတယ်။ ကုမ္ပဏီရဲ့ အပြောကတော့ လုပ်ကွက်တွေ ကို လေပေးတဲ့လေပိုက်ပြတ်ထွက် ပြီး အတွင်းနံရံနဲ့ အမိုးတွေကို ထောက်ထားတဲ့ သစ်သားတိုင် တွေပြိုကျပြီး သတ္တုတွင်းပိတ်သွား တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သတ္တုတွင်းပတ်ဝန်းကျင်က လူ တွေ ပြောကြားချက်အရ ပေါက် ကွဲသံအကျယ်ကြီးကြားရပြီး မိုင်း ပြိုသွားတယ်လို့ ဆိုကြပါတယ်။ သတ္တုတွင်းမှာရှိတဲ့ အဆိပ်ဓာတ် ငွေ့တွေ ဖယ်ရှားဖို့နဲ့ သတ္တုတူး ဖော်ရာမှာ သုံးတဲ့ စက်တူဂွင်း (Jack Hammer နဲ့ Breaker) တွေ သုံးဖို့ မှုတ်သွင်းရတဲ့လေဟာ ဖိနှိပ်အား (Pressure)များတယ် ဆိုပေမယ့် နံရံတွေ၊ အမိုးတွေ ထောက်ကန်ထားတဲ့ ဒေါက်တိုင် တွေပြိုကျလောက်အောင် ဖိနှိပ် အား (Pressure)မများပါဘူး။ ပေါက်ကွဲသွံကြားရတယ်ဆိုတော့ ဖြစ်နိုင်ခြေရှိတာကတော့ မီသိန်း (Methane, CH4)ဓာတ်ငွေ့ ဒါမှ မဟုတ် ကျောက်မီးသွေးအမှုန် အမွှား (Coal Dust Explosion) ပေါက်ကွဲခြင်းပဲ ဖြစ်နိုင်ပါတယ်။

ကျောက်မီးသွေး  သတ္တု ကြောတွေထဲမှာ မီသိန်းဓာတ်ငွေ့  တွေ ခိုအောင်းနေတတ်ပါတယ်။   အလားတူ ကျောက်မီးသွေးတူး ဖော်ထုတ်လုပ်ပြီး စွန့်ပစ်ထားတဲ့ လုပ်ကွက်ဟောင်းတွေထဲမှာ လည်း မီသိန်းဓာတ်ငွေ့တွေ ခို အောင်းတတ်ပါတယ်။ ဒါကြောင့် မို့ လုပ်ကွက်ဟောင်းထဲက မီသိန်း ဓာတ်ငွေ့တွေ တူးလက်စလုပ် ကွက်တွေထဲကို စီးမဝင်အောင် ကွန်ကရစ်နံရံတွေနဲ့ ပိတ်ဆို့ (Sealed Off)လုပ်ပေးရပါတယ်။

သတ္တုသိုက်တွေအထဲက ကျောက်မီးသွေးတစ်တန်ထုတ် လိုက်တိုင်း မီသိန်းဓာတ်ငွေ့ ၂ဒသမ ၈၃ ကုဗမီတာကနေ ၁၇ ကုဗမီတာအထိ ထွက်ပေါ်လာ တတ်ပါတယ်။ မီသိန်းဓာတ်ငွေ့ ဟာ အရောင်အဆင်းမရှိ၊ အနံ့အရသာမရှိ၊ လေထက် ပေါ့ပါး တယ်။ လေထုထဲမှာ ထုထည်အရ မီသိန်းဓာတ်ငွေ့ ၅ ရာခိုင်နှုန်းက နေ ၁၅ ရာခိုင်နှုန်းရှိနေရင် ကျောက် တုံးအချင်းချင်း ထိမိလို့ပဲဖြစ်ဖြစ်၊ သစ်သားချောင်းချင်း ပွတ်တိုက် မိလို့ပဲဖြစ်ဖြစ်၊ မိုင်းလုပ်သားတစ် ယောက်ယောက်က မီးခြစ်မိလို့ပဲ ဖြစ်ဖြစ် မီးစထွက်မိရင် သတ္တု တွင်းတစ်ခုလုံး နေရာအနှံ့ပေါက် ကွဲမှုဖြစ်တတ်ပါတယ်။

ကမ္ဘာမှာ ကျောက်မီးသွေး သတ္တုတွင်းမီသိန်းပေါက်ကွဲမှုကို ၁၈၃၉ ခု မတ်လ ၁၈ ရက်နေ့ အမေရိကန်နိုင်ငံ Black Heath သတ္တုတွင်းမှာ ကြုံတွေ့ခဲ့ရပြီး သတ္တုတွင်းလုပ်သားပေါင်း ၉၃ ယောက် သေကျေခဲ့ရပါတယ်။ အမေရိကန်ပင်ဆယ်ဗေးနီးယား ပြည်နယ်တစ်ခုတည်းမှာတင် ၁၈၇၀ မှ ၁၈၉၀ အတွင်း မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုအကြိမ် ၂၀၀ ကြုံတွေ့ခဲ့ရပြီး သတ္တုတွင်းလုပ် သားပေါင်း ၃၆၈ ဦး သေဆုံးခဲ့ကြပါတယ်။ ၂၀ ရာစု ကမ္ဘာ့အနှံ့ ကျောက်မီးသွေး သတ္တုတွင်းများ မှာ လူအသေအပျောက်များတဲ့ မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုတွေကို အောက်ပါအတိုင်း တွေ့ရပါ တယ်။

မြေအောက်သတ္တုတွင်းများ (အထူးသဖြင့် ကျောက်မီးသွေး သတ္တုတွင်း)မှာ မီသိန်းဓာတ်ငွေ့ အပြင် ပေါက်ကွဲစေတတ်တဲ့ အ ခြားဓာတ်ငွေ့တွေရဲ့ အန္တရာယ် ဖြစ်နိုင်မယ့် ထုထည်ပမာဏကို အောက်ပါအတိုင်း စမ်းသပ်တွေ့ ရှိချက်အရ သတ်မှတ်ထားပါ တယ်။

ကျောက်မီးသွေး မြေ အောက်သတ္တုလုပ်ကွက်တွေမှာ မီသိန်းဓာတ်ငွေ့ထုထည်ပမာဏ ၁ ရာခိုင်နှုန်းထက် များနေရင် အန္တရာယ်အဆင့်သတ်မှတ်ပြီး လျော့ပါးသွားအောင် လေမှုတ် ပေးရပါတယ်။ မြေအောက်သတ္တု လုပ်ကွက်တွေကိုလည်း သဘာဝ လေပေးစနစ်(Natural Ventila-tion)ရအောင် မြေပြင်ကနေ လေထွက်ပေါက်ဖောက်ပေးရပါ တယ်။ ဓာတ်ငွေ့ပမာဏသိဖို့ ရှေးတုန်းကတော့ ကနေရီ (Canary) ငှက်ကလေးတွေကို မွေးထားပြီး မြေအောက်လုပ်ကွက်တွေထဲ လုပ်သားတွေမဝင်ခင် ငှက်က လေးတွေကို လွှတ်ပြီး စမ်းသပ် ကြပါတယ်။ ငှက်ကလေးတွေပျံ သန်းရင်း ပြုတ်ကျသွားရင် မီသိန်းဓာတ်ငွေ့ပမာဏ အန္တရာယ် အဆင့် ရောက်နေပြီလို့ သိရပြီး ဓာတ်ငွေ့လျော့သွားအောင် လေ မှုတ်ပေးရပါတယ်။ ၁၈၁၅ မှာ Sir Humphry Davy ဆိုတဲ့ ဓာတု ဗေဒပညာရှင်တစ်ယောက်က အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ စမ်းသပ်တိုင်းတာတဲ့ ကိရိယာ Humphry Davy Safety Lamp ကို တီထွင်နိုင်ခဲ့လို့ ယနေ့ထိ သုံးစွဲ နေကြပါတယ်။

မြေအောက် ကျောက်မီး သွေးသတ္တုတွင်းတွေမှာ မီသိန်း ဓာတ်ငွေ့လိုပဲ ကျောက်မီးသွေး အမှုန်အမွှား (Coal Dust) တွေ ဟာ အပူရှိန်မြင့်တက်လာရင် ဒါမှ မဟုတ် မီသိန်းဓာတ်ငွေ့နဲ့တွေ့ ထိရင် ပေါက်ကွဲတတ်ပါတယ်။ လေထဲပြန့်လွင့်နေတဲ့ ကျောက်မီး သွေးအမှုန်အမွှားတွေကို ထုံး ကျောက်မှုန့် (Lime Dust) ဒါမှမဟုတ် ကျောက်မှုန့်များဖျန်းပေးတဲ့ နည်းစနစ်နဲ့ ပေါက်ကွဲမှုဖြစ်ပေါ် နိုင်ခြေကို လျော့နည်းစေပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာ တာနဲ့အမျှ သိပ္ပံနည်းစဉ်တွေ တိုး တက်လာပေမယ့် သတ္တုတွင်းလုပ် ငန်းများဟာ ဘေးအန္တရာယ် အင် မတန်များတဲ့ လုပ်ငန်းဖြစ်နေဆဲ ပါပဲ။ ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် တည်ဆဲသတ္တုတွင်း ဥပဒေတွေ၊ နည်းဥပဒေတွေကို သတ္တုတူးဖော်တဲ့လုပ်ငန်းရှင်များ က လိုက်နာရသလို စစ်ဆေးကြပ် မတ်ရတဲ့ အစိုးရဌာနတွေက လည်း အဂတိကင်းစွာ တင်းတင်း ကျပ်ကျပ်စစ်ဆေးကြီးကြပ်အ ရေးယူမှုတွေ လုပ်ဖို့လိုပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအ တွက် တိုင်းတာသတိပေးတဲ့စက် ကိရိယာတွေ တိုးတက်လာပေ မယ့်လည်း စစ်ဆေးကြီးကြပ်မှု၊ ဥပဒေလိုက်နာမှုတွေ အားနည်း ခဲ့တာကြောင့် ၂၁ ရာစု အတွင်း သတ္တုတွင်းလုပ်သားတွေ အသေ အပျောက်များခဲ့ပါတယ်။  ၂၀၀၁ ဧပြီ ၅ ရက်မှာ အမေရိကန် နိုင်ငံ အနောက်ဗာဂျီးနီးယား ပြည်နယ် Upper Big Branch ကျောက်မီး သွေးသတ္တုတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး သတ္တုတွင်းလုပ်သား ၂၉ ဦး သေဆုံးမှု၊ ၂၀၁၀ နိုဝင်ဘာ ၂၉ ရက်  နယူးဇီလန်နိုင်ငံ Pike River ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ သတ္တုတွင်း လုပ်သား ၂၉ ဦးသေဆုံးမှုနဲ့ ၂၀၁၇မေလ ၁၃ ရက် တူရကီနိုင်ငံ Soma, Morisa ကျောက်မီးသွေး တွင်းပေါက်ကွဲမှုမှာ သတ္တုတွင်း လုပ်သား ၃၀၁ ယောက်သေဆုံးမှု ဟာ တည်ရှိဆဲသတ္တုတွင်းဥပဒေ၊ နည်းဥပဒေလိုက်နာမှုအားနည်း တာကို ထင်ရှားစေပါတယ်။

မြန်မာနိုင်ငံမှာ တံခါးဖွင့်စီး ပွားရေးစနစ်ကျင့်သုံးလာပြီး စီး ပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် ကနေ ပုဂ္ဂလိကပိုင် လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုလာတဲ့နောက်ပိုင်း သတ္တုတူးဖော်ခြင်းလုပ်ငန်းတွေ ကို ရင်းနှီးမြှုပ်နှံသူအများအပြား ပါဝင်လုပ်ကိုင်လာကြပါတယ်။ သတ္တုတူးဖော်တဲ့ လုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံမှုများပြီး ဘေးအန္တ ရာယ်များတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ သတ္တုတူးဖော်ရေးလုပ်ငန်း ကို ရင်းနှီးလုပ်ကိုင်သူအများစုဟာ သတ္တုတူးဖော်တဲ့လုပ်ငန်းအတွေ့ အကြုံနည်းပါးသူတွေဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးကို အ လေးမထားဘဲ အချိန်တိုကာလ အတွင်းမှာ အမြတ်များများရ အောင် သတ္တုတူးဖော်ခြင်းလုပ် ငန်းအစီအမံ (System of Mining)ရေးဆွဲထားခြင်းမရှိ၊ လေ့ကျင့် တတ်မြောက်တဲ့ သတ္တုတွင်းအင် ဂျင်နီယာ (Qualified Mining Engineer)များကို တာဝန်ပေး ထားခြင်းမရှိဘဲ တူးဖော်နေကြ တာကို တွေ့ရှိရသလို စစ်ဆေးကြီးကြပ်ရမယ့် အစိုးရဌာနဆိုင်ရာမှာ လည်း တတ်သိနားလည်တဲ့ ပညာ ရှင် (Mine Inspector)တွေမရှိသ လောက် နည်းပါးနေတာကို လေ့ လာသိရှိရပါတယ်။

၂၇ ရက်နေ့ မကွေးတိုင်း ဒေသကြီးမှာ ဖြစ်ခဲ့တဲ့ သတ္တုတွင်း ပေါက်ကွဲမှုဖြစ်စဉ်ကို သင်ခန်းစာ ယူပြီး မြန်မာနိုင်ငံတစ်ဝန်း အဖိုး တန်သယံဇာတတွေကို နောင်လာ နောက်သားများအတွက် ဘေး အန္တရာယ်ကင်းရှင်းစွာ ရေရှည် ထုတ်လုပ်နိုင်ရေးကို ရည်မှန်းပြီး ကျွမ်းကျင်ပညာရှင်တွေကို လေ့ ကျင့်မွေးထုတ်တာဝန်ပေးဖို့ အချိန်နောက်မကျသေးပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါ တယ်။

ကိုးကား- Why do coal Mines Explode?

-Coal Mine Explosion Prevention.