လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ဖက်ရှင်ဆိုင်သစ်ဖွင့်လှစ်

ဓာတ်ပုံ−စိုင်းဇော်

 အဆိုတော် လွှမ်းပိုင်နှင့် ထက်ထက် (Bobby Soxer) တို့ ပူးပေါင်းဖွင့်လှစ်သည့် High Skool Clothing ဆိုင်ဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက် နေ့လယ်က အဆိုပါ ဆိုင်တည်ရှိရာ အမှတ် (၁၃၀)ကျိုက္ကဆံလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

‘‘အနုပညာရှင်နှစ်ယောက် ဖွင့်တဲ့ အင်္ကျီဆိုင်ဆိုပြီး မမြင်စေ ချင်ပါဘူး။ လူငယ်တွေအတွက် Target ထားတယ်။ လူငယ်တွေ အနေနဲ့ ရန်ကုန်မြို့မှာ အင်္ကျီဆိုင် အသစ်ဖွင့်တယ်။ လာကြည့်ပေး ပါ၊  ဝေဖန်ပေးပါ။ ဘာတွေလို အပ်လဲ သုံးသပ်ပေးပါဆိုတဲ့ ပုံစံ မျိုးလေးနဲ့ပဲ ညီမတို့ ပုံမှန်ဖက်ရှင် ဆိုင်တစ်ခုဖွင့်တဲ့သဘောမျိုးပါ’’ ဟု အဆိုတော် ထက်ထက် (Bobby Soxer) က ပြောသည်။

ဒီဇိုင်းပိုင်းနှင့်ပတ်သက်ပြီး ထွေထွေထူးထူး မစဉ်းစားခဲ့သလို ၎င်းတို့ ကြိုက်နှစ်သက်သည့် နောက်ဆုံးပေါ် ဖက်ရှင်များကို သာ ဦးစားပေးတင်ထားကြောင်း ဆိုသည်။

‘‘ဆိုင်နာမည်ပေးမယ်ဆို တော့ တစ်ယောက်တစ်ယောက် နဲ့ သူစဉ်းစားတဲ့ နာမည်တွေလည်း ပြော၊ ကိုယ်စဉ်းစားတဲ့ နာမည် တွေလည်းပြောနဲ့ နောက်ဆုံး High Skool ကတော့ ကိုလွှမ်းပိုင် စဉ်းစားတာပါ။ သူက အဲဒီနာမည် ဘယ်လိုနေလဲဆိုတော့ ကြိုက် လည်းကြိုက်တယ်၊ မိုက်လည်း မိုက်တယ်ဆိုပြီး အဲဒီနာမည်လေး ပဲ ပေးဖြစ်တာပါ’’ဟု ၎င်းက ပြော သည်။

လက်ရှိတွင် ဆယ်ကျော် သက် လူငယ်များအတွက် ရည် ရွယ်၍ ခေါင်းစ၊ ခြေဆုံးရရှိနိုင် သည့် Street Fashion များတင် ထားပြီး ၂၀၁၈ ဖေဖော်ဝါရီ၌ High Skool အမည်ဖြင့် ကိုယ်ပိုင် တံဆိပ် အဝတ်အစားများ ထုတ် လုပ်မည်ဖြစ်ကြောင်း အဆိုတော် လွှမ်းပိုင်က ပြောသည်။

‘‘အချိန်ယူရတာတော့ သုံး နှစ်လောက်ရှိတယ်။ ကျွန်တော် တို့ အင်္ကျီတင်တာတွေရော၊ ဝယ် တာတွေရော ဘာမှမသိသေး တော့ အချိန်ယူရတယ်။ အများစု ကတော့ Made in China များ တယ်’’ဟု ၎င်းက ပြောသည်။