ဇာတိမြို့မှာ လမ်းအမည်ပေး ဂုဏ်ပြုခံရတဲ့ ရီဟားနား

အဆိုတော် ရီဟား နားသည် ဇာတိမြို့ ဘရစ်ခ်ျ တောင်းတွင် ‘Rihanna Drive’ ဟု လမ်းအမည်ပေး ဂုဏ်ပြုခံရ သည်။

အသက် (၂၉) နှစ်အရွယ် ရီဟားနားသည် ကာရစ်ဘီယံဒေ သရှိ ဘာဘာဒေါ့စ်နိုင်ငံ ဘရစ်ခ်ျ တောင်းမြို့တွင် မွေးဖွားကြီးပြင်း ခဲ့သည်။

၂၀၀၃ ကတည်းက ဂီတ လောကသို့ စတင်ရောက်ရှိသော ရီဟားနားသည် အောင်မြင်ကျော် ကြားသော သီချင်းများနှင့်အတူ ဂီတ ထူးချွန်ဆုများစွာ ချီးမြှင့်ခံ ရသဖြင့် ဇာတိဘရစ်ခ်ျတောင်း မြို့တွင် ယင်းသို့ လမ်းအမည်ပေး ဂုဏ်ပြုခံရခြင်းဖြစ်သည်။

ဘရစ်ခ်ျတောင်းမြို့ရှိ Westbury New Road ဟု လူသိ များသောလမ်းကို ‘Rihanna Drive’ ဟု အမည်ပြောင်းမည်ဖြစ် ကြောင်း အောက်တိုဘာကတည်း က ကြေညာခဲ့ပြီး ရီဟားနားက လည်း မိမိအား ထိုသို့ဂုဏ်ပြုသည့် ဇာတိမြို့ခံများကို ကျေးဇူးတင် ကြောင်း ပြောကြားသည်။

—Ref:Contactmusic