ကယားပြည်နယ် ခရီးသွားအစီအစဉ် ရိုက်ဖူးဖို့ စိတ်လှုပ်ရှားနေတဲ့ နွယ်ဒါလီထွန်း

ကယားပြည်နယ်သို့ သွားရောက်လေ့လာမည့် ခရီး သွားအစီအစဉ်တွင် ပါဝင်ရိုက် ကူးမည်ဖြစ်သောကြောင့် စိတ် လှုပ်ရှားနေကြောင်း မော်ဒယ် သရုပ်ဆောင် နွယ်ဒါလီထွန်းက ပြောသည်။

‘‘ဒီနေ့ည(ဒီဇင်ဘာ ၃) စ ထွက်မှာပေါ့။ ကယားပြည်နယ်က အလှအပထက် တကယ့် Adven-ture ပုံစံမျိုးလေးဖြစ်နေတယ်။ အိပ်ရမယ်ဆိုရင်လည်း Tank(တဲ)လေးတွေနဲ့ အိပ်ရမှာမျိုး၊ ဟိုတယ် တွေလည်း မရှိဘူး။ ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ရိုက်ရမှာပါ။ ပြီးတော့ ဒီဇင်ဘာဆိုတော့ အဲဒီဘက်က အရမ်းအေးတယ်။ စိတ်လှုပ်ရှားမိ တယ်။ ဘယ်လိုမျိုးအခက်အခဲ တွေကြုံမလဲ၊ ဘယ်လိုမျိုး ပျော် ရွှင်စရာတွေရမလဲ။ သဘာဝရှုခင်းတွေလည်း ကြည့်ရတော့ကြိုက် တယ်’’ဟု ၎င်းက ပြောသည်။

ခရီးသွားခြင်းကို နှစ်ခြိုက် သောကြောင့် ပါဝင်ခြင်းဖြစ်ပြီး မသွားမီကတည်းက ကယားပြည် နယ်နှင့် ပတ်သက်သည်များကို လေ့လာထားကာ ယခုခရီးသွားပရိုဂရမ်သည် ၎င်းအတွက် ပထမဆုံး ဖြစ်သည်။

‘‘မသွားခင် ဓာတ်ပုံကြည့်ရ ကတည်းက ပျော်လည်းပျော် တယ်။ လူတွေ သိပ်မရောက်ဖူးတဲ့ နေရာဖြစ်တဲ့အတွက် ပရိသတ် တွေသိအောင် ဖော်ပြပေးရမှာကို အရမ်းဝမ်းသာတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါခရီးစဉ်သည် ဒီဇင် ဘာ ၃ ရက်ညကစတင်ကာ ဒီဇင်ဘာ ၇ ရက်တွင် အဆုံးသတ် မည်ဖြစ်ပြီး ကယားပြည်နယ်အနှံ့ ထူးခြားသည့်နေရာများကို ရွေး ချယ်ကာ ဒါရိုက်တာကိုပေါက်က ရိုက်ကူးမည်ဖြစ်သည်။