နေပြည်တော်တွင် ဗိုလ်ချုပ်မြင်းစီးရုပ်တုထားရှိရန် ၁၀ လခန့်ကြာမြင့်နိုင်

 နေပြည်တော်တွင် ပထမဆုံးအကြိမ် ဗိုလ်ချုပ်မြင်းစီး ရုပ်တု ထုလုပ်ထားရှိရန် ၁၀ လခန့် ကြာနိုင်ပြီး မြင်းရုပ်ပေါ်ရှိ ဗိုလ်ချုပ် မျက်နှာကို ဟိုတယ်ဇုန်ဘက်သို့လှည့်၍ ထုလုပ်ထားရှိရန် လျာ ထားဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။


‘‘ပီပီပြင်ပြင် ဖြစ်အောင် နောက်နှစ် (၂၀၁၈) အောက်တို ဘာနဲ့ နိုဝင်ဘာလောက်ပေါ့’’ဟု ဦးဝင်းထိန်က ဆိုသည်။

ဒီဇင်ဘာ ၃ ရက်က နေပြည် တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပခဲ့သော ဗိုလ်ချုပ်ရုပ်တုဖြစ် မြောက်ရေး အစည်းအဝေးတွင် ဦးဝင်းထိန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

ရုပ်တုကို လွှတ်တော်၊ ဝန် ကြီးဌာနများသို့သွားရာ ရာဇသင်္ဂ ဟလမ်းနှင့် ပျဉ်းမနားတောင်ညို လမ်းမပေါ်ရှိ သပြေကုန်းအဝိုင်း တွင် ထားရှိရန် ရည်ရွယ်ခြင်းဖြစ် သည်။

‘‘ကျွန်တော့်သဘောက တော့ ကြေးရုပ်ကို ဟိုတယ်ဇုန်က လမ်းမကြီး (တောင်ဘက်မျက်နှာ လှည့်)ကို မျက်နှာမူတာ ပို အဓိပ္ပာယ်ရှိလိမ့်မယ်ထင်တယ်။ ဒါမှ နေပြည်တော်လာတဲ့ ပုဂ္ဂိုလ် တွေက မြင်လိုက်တာနဲ့ ဘွားခနဲ ဆိုတာမျိုးပေါ့’’ဟု ဦးဝင်းထိန်က အထက်ပါ အစည်းအဝေးတွင် မှတ်ချက်ပြုသည်။

‘‘ပန်းပုပညာရှင်နဲ့ ဆွေးနွေး တဲ့အခါကျတော့ မြင်းစီးရုပ်တုက တပ်ကို အလေးပြုတဲ့အချိန်ဆိုရင် မျက်နှာက ဘယ်လိုလှည့်တယ်၊ ဧည့်ခံတယ်ဆိုရင် ညာကိုလှည့် တယ်ပေါ့။ အဲဒီအတွက်ကြောင့် မြင်းခေါင်းကတော့ စည်ပင် (အ ရှေ့) ဘက်ကို ခေါင်းတည်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်ရဲ့ မျက်နှာအ လှည့်က ညာကိုလှည့်မှာ ဖြစ်ပါ တယ်’’ဟု ဗိုလ်ချုပ်ရုပ်တု ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ (၁)ဦးဖြိုးဇေယျာသော်က ပြောကြား သည်။

ဗိုလ်ချုပ်ကြေးရုပ်ထုလုပ်ရာ တွင် တူအောင်ထုလုပ်ကြရန်နှင့် လက်ရှိထုလုပ်ထားသော ရုပ်တု အချို့တွင် မျက်နှာနှင့် လက်အနေ အထား တူညီမှုမရှိသည်များတွေ့ မြင်နေရကြောင်း ဦးဝင်းထိန်က မှတ်ချက်ပြုသည်။

‘‘ဗိုလ်ချုပ်ရုပ်တုဆိုရင် တူမှ ဖြစ်မယ်။ မတူရင် ပေါ်ပေါ်ထင် ထင် မဝေဖန်ရင်တောင်မှ ကျိတ် ပြီး ဝေဖန်တာတွေရှိတယ်’’ဟု ဦးဝင်းထိန်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ထုလုပ်ရန် လက်ရှိစာရင်းများအရ ကျပ်သိန်း ၂၅၀ ခန့်ရရှိနေပြီး စုစုပေါင်း ကုန် ကျစရိတ် ကျပ်သိန်း ၁,၅၀၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည် ဟု ဦးဝင်းထိန်က ဆိုသည်။

‘‘လက်ထဲရောက်တာက ၁၁ သိန်း၊ စာရင်းအရက သိန်း ၂၅၀ ရနေပြီ’’ဟု ဗိုလ်ချုပ်ရုပ်တုဖြစ် မြောက်ရေးကော်မတီ ဘဏ္ဍာရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမောင် မောင်ဆွေက ပြောသည်။

ယခင်က ကျေးရွာမီးလင်း ရေးကိစ္စရပ်များတွင် မီးလင်းသွား သည်အထိ ငွေစာရင်းမရှင်းနိုင် သည်များကို အမြဲကြားနေရသဖြင့် ငွေကြေးကိစ္စများနှင့်ပတ် သက်၍ ဘဏ္ဍာရေးဆပ်ကော်မတီ တစ်ရပ် ထားရှိဆောင်ရွက်ရန် ဦးဝင်းထိန်က အဓိကထား မှာ ကြားသည်။

‘‘အခုထိတော့ ဗိုလ်ချုပ်ကြေး ရုပ်နဲ့ပတ်သက်ပြီး ဘာမှပြဿနာ မကြားရဘူး’’ဟု ဦးဝင်းထိန်က ပြောသည်။ ဗိုလ်ချုပ်ရုပ်တုကိုပြည်မြို့မှ ပန်းပုပညာရှင် ဦးမြင့်ဆန်းထံ အပ်နှံထုလုပ်မည်ဟု ကော်မတီဝင်များက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ် တု ၁၅ ခုခန့် ထုလုပ်ထားကြောင်း အဆိုပါအခမ်းအနားမှသိရသည်။

Top News