NCA လက်မှတ်ထိုးရှစ်ဖွဲ့နှင့်UNFC ယခုလလယ်တွင် တွေ့ဆုံရန်စီစဉ်

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ် ဖွဲ့နှင့် NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များဖြင့် ဖွဲ့ စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC) တို့ ယခု ဒီဇင်ဘာလလယ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွေ့ဆုံရန် စီစဉ်ထား သည်။


UNFC ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အ တွင်း တွေ့ဆုံရန် စီစဉ်ထားသည် ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ပ အိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာ ယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေနဲ့ နည်း နည်း နှီးနှောဖလှယ်ပွဲရှိမှာပေါ့။ သူတို့လည်း အခက်အခဲရှိတာကို တိုင်ပင်ဖို့ပေါ့’’ ဟု ၎င်းကဆို သည်။

NCA တွင် မပါသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ ပါဝင်လာရေး ကြိုးပမ်းမည် ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

UNFC အဖွဲ့ဝင် မွန်ပြည် သစ်ပါတီ (NMSP) ကလည်း ၎င်း တို့၏ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးကို နိုဝင်ဘာလ ကုန်ပိုင်းက ကျင်းပခဲ့ရာနည်းလမ်း ရှာပြီး NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည်။

NCA  လက်မှတ်ရေးထိုးနိုင် ရေး NMSP က စဉ်းစားထားသည့် နည်းလမ်းများကိုလည်း UNFC အဖွဲ့ဝင်၊ အဖွဲ့အစည်းများကို အမြန်ဆုံးတင်ပြရန်စီစဉ်ထားသည် ဟု NMSP ဗဟိုကော်မတီဝင် နိုင် အောင်မငေးကဆိုသည်။

UNFC အဖွဲ့ဝင် အဖွဲ့အ စည်းများသည် NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုက ရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။ ရှမ်းပြည်တိုးတက်ရေး  ပါတီ (SSPP) သည် UNFC မှ နုတ်ထွက်ခွင့် တောင်းဆိုထားသည်။

NCA လက်မှတ်ရေးထိုးနိုင် ရေး ကြိုတင်ကန့်သတ်ချက် မထား ဘဲ ဆွေးနွေးအဖြေရှာပြီးမှ လက် မှတ်မထိုးနိုင်သေးသည့် တိုင်းရင်း သားအဖွဲ့များ ပါဝင်လာရေး တက်ကြွစွာ စည်းရုံးရန် ဒုတိယတပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ဒုတိ ယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။

လက်ရှိတွင် အစိုးရ၏ငြိမ်း ချမ်းရေး ကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် NCA လက်မှတ်ထိုးနိုင် ရေး ညှိနှိုင်းလာသည်မှာ တစ်နှစ် ခွဲခန့် ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အပြီးသတ်သ ဘောတူညီမှု မရသေးပေ။ နှစ်ဖက် ဆွေးနွေးပွဲများလည်း ရှေ့မတိုး သာ နောက်မဆုတ်သာ အခြေအ နေမျိုး ဖြစ်ပေါ်နေသည်။

More in Politics Section