ရုပ်ရှင် အကြိုခံစားခြင်း

THE CHASE

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ တောင်ကိုရီးယားလျှို့ ၀ှက်သည်းဖို စုံထောက်ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။ ဒါရိုက်တာ Kim Hong Sun က ရိုက်ကူးထားပြီး Next Entertainment World ကနေ နိုဝင်ဘာ လကုန်က ဖြန့်ချိထားတာပါ။


လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့နောက်မှာတော့ ရဲစုံထောက်ပက်ဖြောင်း ဒယ်တစ်ယောက် အမှုကွင်းဆက်တွေချိတ်ပြီး ဖော်ထုတ်ဖို့ကြိုးပမ်းခဲ့ပေမယ့် လုံးဝမအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့အနှစ် ၃၀ လောက် ကြာသွားခဲ့ပြီး ဟိုးတုန်းက လူသတ်မှုဖြစ်ခဲ့တဲ့နေရာတွေမှာပဲ အသစ်အသစ်သော လူသတ်မှုတွေ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

အရင်အမှုတွေကို လိုက်ခဲ့တဲ့ စုံထောက်ပက်ဖြောင်း ဒယ်ဟာ လက်ရှိအချိန်မှာ ပင်စင်ယူလိုက် ပြီဖြစ်ပေမယ့် လူသတ်တရားခံကို မဖော်နိုင်ခဲ့တဲ့ အတွက် လက်ရှိအမှုတွေနဲ့ ဆက် စပ်ပြီး လူသတ်မှုဖော်ထုတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ 

အမှုဖြစ်တဲ့နေရာတစ်လွှား မှာ ဆင်ဒက်ဆိုဆိုသူက နှစ်ပေါင်းများစွာ နေထိုင်သူဖြစ်သလို နယ်မြေနဲ့ပတ်သက်တဲ့ အကြောင်း ခြင်းရာမှန်သမျှ အကုန်သိတာမို့ စုံ ထောက်ဖြောင်းဒယ်ဟာ အဲဒီလူရဲ့ အကူအညီယူပြီး လူသတ်တ ရားခံဖော်ဖို့ လုပ်ခဲ့ပါတော့တယ်။

နှစ် ၃၀  ကလူသတ်မှုနဲ့ လက်ရှိလူသတ်မှုတွေက  ဆက်စပ်နေ သလား၊ စုံထောက်ဖြောင်းဒယ် တစ်ယောက် နယ်ခံလူအကူအညီနဲ့ လူသတ်မှုရှာဖွေတဲ့အစီ အစဉ်က အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ရှုစား လိုက်ဦးနော်။

ဆင်ဒက်ဆိုအဖြစ် Baek Yoon Sik၊ ပက်ဖြောင်းဒယ်အဖြစ် Sung Dong Il  တို့က အဓိက သရုပ်ဆောင်ထားပြီး Ch eon HoJin၊ Bae Jong Ok၊ Jo DalHwan၊ Kim Hye In စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားပါ တယ်။