သရက်ချောင်းတွင် ဖော်ဆောင်မည့် ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန်ကို ဥပဒေအတိုင်းဆောင်ရွက်ရန် ဒုသမ္မတပြောဟုဆို

တနင်္သာရီတိုင်း သရက် ချောင်းမြို့နယ်တွင် တိုင်းအစိုးရ က မြေဧက ၁၈၀ ခန့်၌ အကောင် အထည်ဖော်မည့် ငါးလေလံဈေး နှင့် ဖွံ့ဖြိုးရေးဇုန်ကို ဥပဒေအတိုင်း ဆောင်ရွက်ရန် ဒုသမ္မတဦးဟင်န ရီဗန်ထီးယူက ပြောကြားကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက် တာလဲ့လဲ့မော်က ပြောသည်။


အဆိုပါ စီမံကိန်းသည် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ တိုင်းအစိုးရ၏ အစီ အစဉ်ဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် လွှတ်တော်ကိုယ် စားလှယ်များက သံသယရှိသည် ဟု သတ်မှတ်ထားသော စီမံကိန်း ဖြစ်ကြောင်း သရက်ချောင်းမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေလွင်ကပြော သည်။

‘‘သူ (ဒုသမ္မတ) က ဘာမှမညွှန်ကြားခဲ့ပါဘူး။ သူက ဥပဒေအတိုင်းပဲ လုပ်ဖို့ပြောခဲ့တာပါ။ ကျွန်မတို့ အစိုးရလက်ထက်မှာ အ ကောင်အထည်ဖော်တာကတော့ ပထမဦးဆုံးဖြစ်ပါလိမ့်မယ်။ ကျွန် မတို့အစိုးရ ဖန်တီးတာကတော့ ဒါပထမဦးဆုံးပဲ’’ ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က 7Day Daily သတင်းစာအားပြောသည်။

အဆိုပါစီမံကိန်းအပေါ် ဒေ သခံလူထုက အကောင်အထည် ဖော်ချင်သည့် သဘောထားရှိ သော်လည်း လက်ရှိတွင်အစိုးရက ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် သံသယများဖြစ်နေသော စီမံကိန်းဖြစ်ကြောင်း ဦးဝေလွင်ကပြော သည်။

‘‘အကုန်လုံးက ဖြစ်နိုင်မလား သံသယရှိနေပါတယ်။ နောက်ပြီးဒါက တင်ဒါအောင်ပြီးလုပ်တာ လား၊ အစိုးရနဲ့ ချိတ်ဆက်ပြီးလုပ် တာလား သေချာမသိကြဘူး။ ဒီ စီမံကိန်းက မရှင်းဘူး ဖြစ်နေ တယ်’’ ဟု၎င်းကပြောသည်။

အဆိုပါ စီမံကိန်းနှင့်ပတ် သက်၍ ဒုတိယသမ္မတက ဒီဇင် ဘာ ၃ ရက်တွင် သွားရောက်ကြည့် ရှုပြီး ယင်းစီမံကိန်းမှ အလုပ်အ ကိုင်အခွင့်အလမ်း ဖော်ဆောင် ပေးနိုင်မည့် အခြေအနေ၊အလုပ် ခန့်ထားပေးနိုင်မည့်ပမာဏ၊ စီမံ ကိန်းအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ရေရရှိနိုင်မည့်အ ခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး နှင့် လုပ်ငန်းအကျိုးအမြတ် ဖြစ် ထွန်းနိုင်မည့် အခြေအနေ၊ငါးနှင့် ပတ်သက်သည့် ထုတ်လုပ်မှုလုပ် ငန်းများအပြင် အခြားဆက်စပ် သော ဒေသဖွံ့ဖြိုးရေး အထောက် အကူပြုသည့် စီးပွားရေးလုပ်ငန်း များ ထည့်သွင်း ဆောင်ရွက်နိုင် မည့် အခြေအနေတို့ မေးမြန်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။

‘‘အခုသရက်ချောင်းငါးလေ လံဈေး၊ လွတ်နေတယ်။ အခုထိ လွှတ်တော်မှာ လာတင်ပြခြင်းမရှိ သေးဘူး။ နောက်တစ်ခု စီမံကိန်း တွေနဲ့ ပတ်သက်ပြီး စီမံကိန်းအ ကောင်အထည် မဖော်ခင် လူမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ် နာမှု ရှိ၊ မရှိပြည်သူကို အရင်ချပြ ရမယ်ဆိုတော့ အရေးကြီးတဲ့မူဝါ ဒ ချထားတာရှိတယ်။ အခုထိ မလုပ်သေးဘူး’’ ဟု တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အဆိုပါစီမံကိန်းကို Global Grand Service ကုမ္ပဏီက မြေ ဧက ၁၈၀ ခန့်တွင် လုပ်ကိုင်ခွင့်ရ ထားပြီး ရင်းနှီးမြှုပ်နှံတန်ဖိုး ကန် ဒေါ်လာ ၁၀ သန်းရှိမည်ဟု ထုတ် ပြန်ထားသည်။ ဒေသခံများ အ လုပ်အကိုင်ရရှိရေး၊ ငါးနှင့်ပတ် သက်သည့် ကုန်ထုတ်လုပ်မှုနည်း ပညာရရှိရေး၊ နိုင်ငံတကာအဆင့် မီသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း ပြည်ပသို့ ဖြန့်ဖြူးနိုင်ရေး၊ ပြည် တွင်းမှငါးများ ရောင်းချရာတွင် ဈေးကောင်းရရှိရေးနှင့် နိုင်ငံ တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု အထောက်အကူပြုနိုင်ရန် ရည် ရွယ်ပြီး ငါးလေလံဈေးနှင့်ဖွံ့ဖြိုး ရေးဇုန် တည်ဆောက်ခြင်းဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

Top News