ထိုင်းတွင် တရားမ၀င်လုပ်သားများဖမ်းဆီးခြင်းမပြုရန် ဆိုင်းငံ့ကာလပြည့်၍ မြန်မာလုပ်သားများ စိုးရိမ်

ဆိုင်းငံ့ကာလထပ်မံတိုးပေးရန် မြန်မာသံရုံးတောင်းဆိုထား

 ထိုင်းနိုင်ငံတွင် တရား မ၀င်မြန်မာလုပ်သားများကို ဖမ်း ဆီးခြင်းမပြုလုပ်ရန် ဆိုင်းငံ့ထား သည့်ရက်မှာ ဒီဇင်ဘာ ၃ ရက် (ယမန်နေ့)က ပြည့်ပြီဖြစ်ပြီး မြန် မာလုပ်သားများကို မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)များ ပြုလုပ်နေသော စခန်းများကို ထိုင်းနိုင်ငံအလုပ် သမားဝန်ကြီးက လိုက်လံစစ်ဆေး ခဲ့သည်။

ထိုင်းရောက် တရားမ၀င် လုပ်သားများနှင့်ပတ်သက်၍ အ သစ်ထုတ်ပြန်ထားသည့်နည်းဥပ ဒေများကို ရက်ပေါင်း ၁၂၀ ဆိုင်း ငံ့ထားရာ ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)တွင် ရက်ပြည့်ပြီဖြစ်၍သက် တမ်းထပ်မံတိုးပေးရန် တောင်း ဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ အလုပ်သမားသံ အရာရှိဦးမိုးအောင်ခိုင်က ပြော ကြားသည်။


‘‘ထိုင်းအလုပ်သမားဝန်ကြီး အသစ်က စခန်းတွေဘာလိုအပ် နေလဲ။ CI လက်မှတ်တွေကိုလည်း အမြန်ဆုံးလုပ်ပေးဖို့ ပြောတာ ပေါ့။ နောက်ပြီး ရက်ပေါင်း ၁၂၀ ပြည့်လို့ ထပ်တိုးပေးဖို့ကိုလည်း တောင်းဆိုထားတယ်။ သူတို့က ပြန်စဉ်းစားနေတာပေါ့။ တိုးပေး လာဖို့လည်း ရှိနိုင်ပါတယ်’’ ဟု ဦးမိုးအောင်ခိုင်က ပြောသည်။

ထိုင်းအစိုးရသည် ပြီးခဲ့သည့် ဇွန် ၂၀ ရက်က တရားမ၀င်ပြည်ပ အလုပ်သမားများနှင့် ပတ်သက်၍ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး နောက် တရားမ၀င်နေထိုင်သော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ရာ ဝေဖန်မှုများကြောင့် ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ခဲ့သည်။

ထိုဆိုင်းငံ့ထားသော ရက် များအတွင်း ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောဆိုထားသည့်အတိုင်း တရားမ၀င်နေထိုင်သော မြန်မာအပါအ၀င်နိုင်ငံခြားသားလုပ်သားများကို ထိုင်းအစိုးရက ဆက်လက်ဖမ်းဆီးခြင်းမရှိတော့ပေ။ သို့သော် ယနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လာနိုင်သောကြောင့် ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေ ထိုင်သော မြန်မာလုပ်သားများ စိုးရိမ်နေကြောင်း ထိုင်းနိုင်ငံမြန် မာလုပ်သားများအရေး ကူညီပေး နေသော မြန်မာအဖွဲ့အစည်းများ က ပြောသည်။

‘‘အရင်ရက်တွေမှာဆိုရင် အလုပ်သမားတွေက ဘာဖြစ်ဖြစ် အပြင်ထွက်ရဲတယ်။ သူတို့က မဖမ်းပါဘူးလို့ ကြေညာထားတာ လေ။ အဲဒါကြောင့် အပြင်ထွက်ရဲ တယ်။ အခုတော့ အရင်လိုပဲ ဆက်ဖမ်းမလား စောင့်ကြည့်ရ မယ်။ ထိုင်းပုလိပ်တွေက သတ် မှတ်ရက်ပြည့်ရင်တော့ အရင်လို ဖမ်းလာမယ်လို့ထင်တယ်။ မြန် မာလုပ်သားတွေလည်း သတိ ထားပြီး သွားလာသင့်တယ်’’ ဟု ထိုင်းရောက်မြန်မာလုပ်သားများ အရေးကူညီပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

လက်ရှိတွင် CI ပြုလုပ်ထား သော အရေအတွက်သည် ပန်း ရောင်ကတ်ကိုင်ဆောင်သူ  လုပ် သားလေးသိန်းခန့်နှင့် ယာယီပတ်စ်ပို့ကိုင်ဆောင်သူ လုပ်သားလေးသိန်းခန့် စုစုပေါင်းခုနစ်သိန်းခန့် CI လက်မှတ်များပြုလုပ်ပေးထားကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။

More in News Section