ဟွန်ဒါဖစ်ယာဉ်တစ်စီးဝိုင်ယာရှော့ခ်ဖြစ်မီးလောင်

ဟွန်ဒါဖစ်ယာဉ်တစ်စီး ၀ိုင် ယာရှော့ခ်ဖြစ်၍ မီးလောင်မှုမုံရွာ -အရာတော်-ရွှေဘို ကားလမ်း ပေါ်တွင် ဒီဇင်ဘာ ၃ ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည်။

နံနက် ၅ နာရီမိနစ် ၂၀ ခန့် က မုံရွာမြို့သို့ဦးတည်မောင်းနှင် လာသော ယာဉ်သည်အရာတော် မြို့နယ် ၀ါးတန်းကျေးရွာအရှေ့ ဘက်အနီး၌ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီး ဌာနတာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘လူထိခိုက်ဒဏ်ရာရ သေ ဆုံးတာ မရှိပါဘူး။ ယာဉ်မောင်း  က တိမ်းရှောင်နေတော့ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်’’ဟု အ ဆိုပါတာဝန်ရှိသူကပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ အရာတော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် သွားရောက်ငြှိမ်းသတ်ရာ မိနစ် ၄၀ ခန့်အကြာတွင် လုံးဝငြှိမ်းသတ်နိုင် ခဲ့သည်။ မီးလောင်မှုကြောင့် ယာဉ်အတွင်းထိုင်ခုံ၊ ၀ိုင်ယာရိန်း၊ ဘက်ထရီ၊ အင်ဂျင်နှင့် တာယာများ မီးလောင်ပျက်စီးခဲ့သဖြင့် ကျပ်တစ်သိန်းခွဲကျော်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတ်မှတ်သည်။

Top News