လားရှိုး-မူဆယ်လမ်းတွင် ကားတစ်စီးချောက်ထဲကျ၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

 လားရှိုး-မူဆယ်ပြည် ထောင်စုလမ်း မူဆယ်မြို့လမ်း ပိုင်းတွင် လူခုနစ်ဦးလိုက်ပါလာ သော ကုန်တင်ကားတစ်စီး ချောက်အတွင်းထိုးကျကာ တစ်ဦးသေ ဆုံပြီး  ခြောက်ဦးဒဏ်ရာရခဲ့ သည်။

မူဆယ်မြို့နယ် နမ့်ပေါ်ကျေး ရွာရှိ နမ့်ပေါ်တံတားကုန်းဆင်း၌ ကုန်တင်ကားတစ်စီး တိမ်းမှောက် မှု ဒီဇင်ဘာ ၂ ရက်ကဖြစ်ပွားခဲ့ ကြောင်း မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ မှူးရဲမှူးကျော်ဇင်က ပြောသည်။ ကားသည်အရှိန်လွန်တိမ်းမှောက် ပြီး ပေ ၃၀ ခန့်နက်သော ချောက် အတွင်းထိုးကျကာ (၃၅)နှစ်အ ရွယ် အမျိုးသမီးတစ်ဦး သေဆုံး ကြောင်း ရဲအရာရှိကဆိုသည်။

ရဲမှူးကျော်ဇင်က ‘‘ကျန်တဲ့ခြောက်ဦးက ဆေးရုံမှာဆေးကုသ နေဆဲလို့ သိထားပါတယ်။ အားလုံး က ကုမ္ပဏီဝန်ထမ်းတွေပါ’’ဟု ပြောသည်။

အမျိုးသမီးတစ်ဦးသေဆုံး ပြီး အမျိုးသားသုံးဦး၊ အမျိုးသမီး သုံးဦးဒဏ်ရာရခဲ့သည့် ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းသူကို  ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄ -က(မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန်နာကျင်စေမှု၊ လူသေမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။ 

သေဆုံးသူနှင့် ဒဏ်ရာရသူအားလုံးသည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ Oriental Highway Company Limited မှ ၀န်ထမ်းများဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။