နိုင်ငံတကာသတင်းတိုများ

ယီမင်နိုင်ငံစစ်ပွဲတွင် ပါဝင်နေသာ အဖွဲ့အားလုံး မြေပြင်နှင့် ဝေဟင်ထိုးစစ်များ ရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းသည်။ ထို့အပြင် ယင်းနိုင်ငံတွင် ကလေးငယ်၊ အမျိုးသမီး၊ အမျိုးသားသန်းပေါင်းများစွာ သည် ငတ်မွတ်မှု၊ ရောဂါဘယနှင့် သေဆုံးမှုအန္တရာယ်ရှိနေသဖြင့် ကုန်ပစ္စည်းတင်ပို့မှုများ ပြန်လည်ခွင့်ပြုရန်လည်း ၎င်းက ပန်ကြားသည်။


အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဘလော့ဂါမစ္စစ်ဂါလီဇီယာ အသတ်ခံရမှုနှင့်ပတ်သက်၍ မော်လ်တာရဲတပ်ဖွဲ့က မသင်္ကာသူ ရှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု မော်လ်တာဝန်ကြီးချုပ် ဂျိုးဆက် မက်စကက်က ပြောသည်။

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က အသိအမှတ်ပြုပါက ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ရှိလာလိမ့်မည်ဟု ဂျော်ဒန်နိုင်ငံ ခြားရေးဝန်ကြီး အေမန်းဆာဖာဒီက ကန်နိုင်ငံခြားရေးဝန်ကြီးတီလာဆန်အား ပြောကြားသည်။

Top News