မြန်မာနိုင်ငံရှေ့နေများကောင်စီဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်မည်

ရှေ့နေများကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

နိုင်ငံရေးအမှု ကြောင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံ ထားရသူများ လိုင်စင်ပြန်လည်ရ ရှိရန်နှင့် လိုင်စင်ပိတ်သိမ်းရာတွင် ခုခံချေပပိုင်ခွင့်မရှိသည့် မြန်မာ နိုင်ငံ ရှေ့နေများကောင်စီဥပဒေ (ဘားကောင်စီအက်ဥပဒေ)ကိုပြင်ဆင်ရန် ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံ လွတ်လပ် သော ရှေ့နေများအသင်း ပြန် ကြားရေးတာဝန်ခံ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ 


၂၀၁၇ စက်တင်ဘာအတွင်း က ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင်  ယင်းဥပဒေကို ပြင်ဆင်ရန် အခြေ ခံအားဖြင့် သဘောတူညီချက်ရရှိ ခဲ့ကြောင်း ၎င်းက ပြောသည်။ 

‘‘တရားသူကြီးချုပ်က နိုင်ငံ ရေးကိစ္စဆိုရင် အကုန်ပြန်ပေး မယ်၊ ပြစ်ဒဏ်ကျခံရတယ်ဆိုရင် တော့ ပြန်မပေးနိုင်ဘူးပေါ့။ ကျွန် တော်တို့ဘက်က ပြစ်ဒဏ်ကျခံရ တာလည်း မတော်မတရားနဲ့ ချခံရ တာတွေ အများကြီးရှိတယ်။အဲဒါ တွေနဲ့ပတ်သက်ပြီး သူ့ကိုခုခံကာ ကွယ်ပိုင်ခွင့်ပေးရမယ်။ အဲဒါမျိုးဖြေရှင်းခွင့်မပေးဘဲနဲ့ လိုင်စင်ရုပ်သိမ်းတဲ့ ကိစ္စမျိုးတွေရှိတာပေါ့ လေ’’ ဟု ဦးခင်မောင်ဇော်ကပြော ကြားသည်။ 

၁၉၂၉ ဘားကောင်စီအက် ဥပဒေကို ၁၉၈၉ တွင် စစ်အစိုးရက ပြင်ဆင်ခဲ့သည်။ ၈၈ အရေးတော်ပုံတွင် ဘားကောင်စီမှပုဂ္ဂိုလ်များ နှင့် ရှေ့နေများသည် လမ်းပေါ် ထွက် ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် အထက်ပါအချက်များပါဝင်သော ဥပဒေအဖြစ် ပြင်ဆင်ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။ 

ထို့နောက် ရှေ့နေများကရွေး ချယ်တင်မြှောက်သည့် ပုဂ္ဂိုလ်များသည် ယင်းကောင်စီတွင် ပါ ဝင်နိုင်ခြင်းမရှိတော့ဘဲ တရားသူ ကြီးချုပ်၊ ရှေ့နေချုပ်ရုံးတို့မှ ရွေးချယ်သူများသာ ပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

‘‘ဘားကောင်စီ ဥပဒေကို ပြင်လိုက်ပြီးတော့ ပြင်တယ်ဆို တာလူတွေကို အကုန်ထုတ်ပစ် လိုက်တာ၊ ထုတ်ပစ်ပြီးတော့ သူ တို့ခန့်တဲ့ လူတွေ၊ တရားသူကြီး ပင်စင်စား၊ အငြိမ်းစားတွေကို တရားလွှတ်တော်ချုပ်၊ တရားရုံး ချုပ်ရှေ့နေတွေပါ။ ဒီလူတွေက ရှေ့နေတွေမဟုတ်ဘူး။ ရှေ့နေ အတွေ့အကြုံ ဘာမှမရှိဘူး။ ရှေ့နေတွေကို ကိုယ်စားမပြုဘူး။ အခုအချိန်ထိ ဘားကောင်စီမှာလည်း အဲဒီလိုလူတွေချည်းပဲ။ ရှေ့နေထုက ရွေးချယ်တင်မြှောက်တဲ့ ရှေ့နေကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဘားကောင်စီလိုချင်လို့ အခုဒါကိုရေးတာ’’ဟု နိုင်ငံရေး အကျဉ်းသားဟောင်း၊ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်း သန်းဦးကပြောသည်။ 

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီဥပဒေအရ ယင်းကောင် စီသည် ရှေ့နေများ၏လိုင်စင်ရုပ် သိမ်းခြင်း၊ အသိအမှတ်ပြုခြင်းတို့ ကို ဆောင်ရွက်ရသော အဖွဲ့အ စည်းဖြစ်သည်။ 

၁၉၈၈ ကစ၍ လက်ရှိအချိန် ထိ တစ်နိုင်ငံလုံးတွင် ရှေ့နေလိုင် စင်ရုပ်သိမ်းခံရသူ တစ်သောင်း ကျော်ရှိပြီး နိုင်ငံရေးအမှုကြောင့် လိုင်စင်ရုပ်သိမ်းခံရသူများ လိုင်စင်ပြန်ရရန် တရားလွှတ်တော် ချုပ်ရုံးသို့ တင်ပြခြင်း၊ နိုင်ငံတကာ သို့ အသိပေးခြင်းတို့ ဆောင်ရွက် နေကြောင်း ဦးခင်မောင်ဇော်က ပြောသည်။ 

၈၈ အရေးတော်ပုံတွင် ပါ ဝင်ခဲ့ပြီး နိုင်ငံရေးအမှုဖြင့် ရှေ့နေ လိုင်စင်ရုပ်သိမ်းခံရသူ ရှေ့နေ ဦးသိန်းသန်းဦးက ၎င်းတို့သည် ၁၉၂၉ ဘားကောင်စီအက်ဥပဒေ နှင့်အညီ လိုင်စင်ရုပ်သိမ်းခံရခြင်း မဟုတ်ဘဲ စစ်အစိုးရက သနားခံ စာတင်ခိုင်းရာ မတင်ခဲ့သဖြင့် ရုပ်သိမ်းခံခဲ့ရကြောင်းပြောသည်။ 

၁၉၂၉ ဘားကောင်စီဥပဒေတွင် တရားလွှတ်တော်ရှေ့နေ တစ်ဦးကို အရေးယူဆောင်ရွက် မည်ဆိုပါက စုံစမ်းစစ်ဆေးကာ ရှေ့နေချုပ်ရုံး၊ ဘားကောင်စီ၊ စွပ်စွဲခံရသည့် တရားလွှတ်တော်ရှေ့ နေတို့သည် သုံးပွင့်ဆိုင် တရားလွှတ်တော်ချုပ်ရှေ့တွင် ကြားနာ ခုခံပိုင်ခွင့်ပေးပြီးမှသာ သင့်တော် သည့် အမိန့်တစ်ရပ်ချမှတ်ရ ကြောင်း ၎င်းက ရှင်းပြသည်။ 

‘‘အခုအချိန်ထိလည်း ဒီအ တိုင်းပဲဖြစ်နေသေးတယ်။ ခုခံပိုင် ခွင့်မရဘူး။ ခရိုင်တရားရုံးမှာ စုံ စမ်းစစ်ဆေးတယ်။ အပြန်အလှန် မေးခွင့်ရတယ်။ ဒီလောက်နဲ့ မလုံ လောက်ဘူး’’ဟု ဦးသိန်းသန်းဦး က ပြောသည်။ 

ရှေ့နေလိုင်စင် ရုပ်သိမ်းခံ ထားရသူ ဦးသိန်းသန်းဦးသည် ၂၀၁၂ တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ တရားစွဲရန် ပြင်ဆင် သောကြောင့် လိုင်စင်ပြန်လည်ရ ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

နိုင်ငံရေးအမှုကြောင့် ရှေ့ နေလိုင်စင် ရုပ်သိမ်းခံရသူများ တွင် လိုင်စင်ပြန်လည်ရရှိသူများ ရှိသော်လည်း ကျန်ရှိနေသေးသူ အများအပြားရှိနေကြောင်း ၎င်း က ပြောသည်။ ရှေ့နေများကိုယ်တိုင် ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းသည် ပြီးစီးနေပြီဖြစ်ပြီး လွှတ်တော်သို့တင်သွင်းရန် ရှေ့ နေချုပ်နှင့် ညှိနှိုင်းနေကြောင်း ၎င်း က ပြောသည်။ 

‘‘ဒီဥပဒေကို ပြဋ္ဌာန်းနိုင်ပြီ ဆိုရင် ရှေ့နေတွေဟာ လွယ်လွယ် ကူကူနဲ့ မိမိရဲ့အသက်မွေးဝမ်း ကျောင်း လက်မှတ်တစ်ခုအဖြုတ် ခံရတာ၊ အရေးယူခံရတာမရှိဘူး။ အသေအချာစစ်ဆေးပြီးမှ တ ကယ်ကို မှားယွင်းနေတာ ရှေ့နေ ကျင့်ဝတ်သိက္ခာပျက်မှသာ အ ရေးယူမှာ။ အဲဒီလိုတော့ အကာ အကွယ်ပေးမယ်’’ဟု တရားလွှတ် တော်ရှေ့နေ ဦးလှိုင်ထွဏ်းက ပြောသည်။ 

Top News