ရီးရဲလ်နှင့် တွေ့ဆုံနိုင်သော်လည်း အုပ်စုဗိုလ်ဖြစ်လိုကြောင်း ချယ်လ်ဆီးနည်းပြပြော

ပွဲစဉ်ဇယားအရ ဥရော ပအင်အာကြီး ရီးရဲလ်မက်ဒရစ် နှင့် တွေ့ဆုံနိုင်ခြေရှိသော်လည်း ချယ်လ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက အုပ်စုဗိုလ်ဖြစ်လို ကြောင်း ပြောကြားသည်။


နောက်တစ်ဆင့် တက် ရောက်ထားသည့် ချယ်လ်ဆီး သည် ယနေ့ညတွင် အက်သလက် တီကိုမက်ဒရစ်ကို အိမ်ကွင်း၌ လက်ခံကစားမည်ဖြစ်သည်။

ချယ်လ်ဆီးသည် အုပ်စု (C)တွင် ၁၀ မှတ်ဖြင့် ထိပ်ဆုံးနေရာ၌ ရှိနေပြီး အက်သလက်တီကိုကိုအနိုင်ရပါက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်သို့ တက်ခွင့်ရ မည်ဖြစ်သည်။ အကယ်၍ ရိုးမား က ကာရာဘက်ကို အနိုင်ရပြီးချယ်လ်ဆီးက သရေကျပါက အုပ်စုဗိုလ်ဖြစ်မည်မဟုတ်ပေ။

ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ် နှင့် ရီးရဲလ်မက်ဒရစ်တို့သည် အုပ် စုအသီးသီးတွင် ဒုတိယနေရာ၌ ရှိနေသော်လည်း ကွန်တီသည် အုပ်စုဗိုလ်ဖြစ်ရေး ရည်မှန်းနေဆဲ ဖြစ်သည်။

‘‘ပထမနေရာရရင် ရီးရဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒါမှ မဟုတ် ဂျူဗင်တပ်တို့လို အသင်း တွေနဲ့ ဆုံနိုင်ပါတယ်၊ ပထမနေ ရာရရ၊ ဒုတိယနေရာရရ သိပ် တော့ မထူးပါဘူး’’ ဟု ကွန်တီက ပြောသည်။

နောက်ဆုံးလေးနှစ်အတွင်း ဗိုလ်လုပွဲနှစ်ကြိမ်ရောက်ခဲ့သည့် နည်းပြဆီမြွန်နီ၏ အက်သလက် တီကိုမက်ဒရစ်အနေဖြင့် အုပ်စုမှ ကျွတ်လိုပါက ချယ်လ်ဆီးကို အနိုင်ယူရမည်ဖြစ်ပြီး ရိုးမားကကာရာဘတ်ကို သရေ (သို့မဟုတ်)ရှုံးရန်  မျှော်လင့်ရမည်ဖြစ်သည်။

အုပ်စု (A)  ဗိုလ်ဖြစ်ရေး မန်ယူသည် တစ်မှတ်သာ လိုအပ် သဖြင့် စီအက်စ်ကေအေကို သရေကျရုံဖြင့် အုပ်စုဗိုလ်ဖြစ်ပြီဖြစ် သည်။

ဘိုင်ယန်မြူးနစ်က ပီအက်စ် ဂျီကို လက်ခံကစားရမည်ဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်လိုလျှင် လေးဂိုးပြတ်နိုင်ရန် လိုအပ်သည်။ ပထမ အကျော့တွင် ပီအက်စ်ဂျီက သုံးဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ဂိုးကွာခြား ချက် အားသာမှုရှိနေသည်။

နောက်ဆုံးသုံးနှစ်အတွင်း ဗိုလ်လုပွဲနှစ်ကြိမ် ရောက်ခဲ့သည့် ဂျူဗင်တပ်က အိုလံပီယာကော့စ် ကို အနိုင် (သို့မဟုတ်) စပို့တင်း လစ္စဘွန်းက ဘာစီလိုနာကို အနိုင် ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မ ရှိပါက ဂျူဗင်တပ်သည် အုပ်စုအ ဆင့်မှ နောက်တစ်ဆင့်သို့ တက် မည်ဖြစ်သည်။

—Ref:dailystar.co.uk/ap

Top News