မြန်မာယူ-၂၃ နှင့် မြန်မာလိဂ် ညွှန်ပေါင်းအသင်း ခြေစမ်းပွဲ အနိုင်၊ အရှုံးမပေါ်

မြန်မာယူ-၂၃အသင်းနှင့် မြန်မာလိဂ်ညွန့်ပေါင်းအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ထိုင်းဖိတ်ခေါ်ဖလားဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အသင်းနှင့် မြန်မာလိဂ်ညွှန် ပေါင်းအသင်းတို့ ခြေစမ်းပွဲတွင် အကြိတ်အနယ်ရှိသော်လည်း ၁-၁ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒီဇင်ဘာ ၄ ရက်က ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့ သည့် အဆိုပါပွဲတွင် နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင် ဖြင့် ပွဲထွက်ခဲ့ပြီး အကြိတ်အနယ်ရှိ ကာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ပွဲချိန် ၂၄ မိနစ်တွင် မြန်မာယူ-၂၃ အသင်းက မောင်မောင်လွင်၏ သွင်းဂိုးဖြင့် ပထမပိုင်း၌၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာလိဂ် ညွှန်ပေါင်းအသင်းက တိုက်စစ် ပိုင်းအပြောင်းအလဲ ပြုလုပ်ပြီး မြန်မာယူ-၂၃ အသင်းကို ပိုမိုဖိ အားပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲ ချိန်အတွင်း မြန်မာယူ-၂၃ အ သင်းက ခံစစ်အားပြုကစားခြင်း ကြောင့် မြန်မာလိဂ်ညွှန်ပေါင်းအ သင်းက ဂိုးသွင်းခွင့်များ ရရှိခဲ့ သည်။

ပွဲချိန် ၇၄ မိနစ်တွင် မြန်မာ လိဂ်ညွှန်ပေါင်းအသင်း တိုက်စစ် မှူး အီမန်နျူရယ်က ချေပဂိုးသွင်း ယူခဲ့သည်။ လက်ကျန်ပွဲချိန်တွင် ဦးဆောင်ဂိုးရရှိရန် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်နိုင်ခဲ့ သော်လည်း ဂိုးထပ်မံသွင်းယူနိုင် ခြင်းမရှိသဖြင့် အနိုင်အရှုံးမပေါ် ဘဲ ၁-၁ ဂိုးစီ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

မြန်မာလိဂ်ညွှန်ပေါင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် ဗီယက် နမ်ယူ-၂၁ ဖိတ်ခေါ်ဖလားဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်းနှင့် ဒီဇင်ဘာ ၆ ရက် တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည် ဖြစ်သည်။ 

မြန်မာလိဂ်  ညွှန်ပေါင်းအသင်းကို မြန်မာလိဂ်၌ ခြေစွမ်းပြနေသည့် ပြည်တွင်းပြည်ပကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

မြန်မာယူ-၂၃ အသင်းနှင့် ယူ-၂၁ အသင်းတို့သည် ယခုလ အတွင်း ယှဉ်ပြိုင်မည့် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ  အကြိုပြင်ဆင်မှုအဖြစ်  မြန်မာလိဂ်ညွှန်ပေါင်းအသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။

Top News