ပိုးလမ်းမဖလား တရုတ်-အာဆီယံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ မြန်မာပြိုင်မည်

တရုတ်နိုင်ငံတွင် ပြုလုပ် မည့် ပိုးလမ်းမဖလား တရုတ်- အာဆီယံ စားပွဲတင်တင်းနစ်ပြိုင် ပွဲသို့ မြန်မာအားကစားအဖွဲ့ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ တရုတ် နိုင်ငံ ပိုင်ဆက်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး  အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ပါဝင်မည်ဖြစ်သည်။ မြန်မာ စားပွဲတင်တင်းနစ်အားကစားအ ဖွဲ့သည် ယင်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြီးခဲ့သည့်နိုဝင်ဘာ က လူရွေးပွဲပြုလုပ်ပြီး လက်ရွေး စင် အမျိုးသား၊ အမျိုးသမီးကစား သမား ၁၀ ဦး ရွေးချယ်ခဲ့သည်။

ရွေးချယ်ခံရသည့် လက်ရွေး စင် အမျိုးသားကစားသမားငါးဦး သည် သက်ကိုကိုလတ်၊ ကြည်မြင့်၊ မျိုးမင်းထွန်း၊ စိုးမင်းဦးနှင့် အေးခိုင်တို့ဖြစ်ပြီး  အမျိုးသမီးကစားသမားငါးဦးသည် အေး မြတ်သူ၊ မာမာစိုး၊ နိုင်နိုင်ဝင်း၊ ဇူးဇူးမေမောင်နှင့် ဝတ်ရည်အောင်တို့ဖြစ်သည်။ 

‘‘ပြိုင်ပွဲကို အားကာကနေ တစ်ဆင့် တရုတ်က ဖိတ်ကြား တာပါ။ သွားပြိုင်ဖို့ အသင့်ဖြစ်နေ ပါပြီ။ လူရွေးပွဲလည်း လုပ်ပြီး တော့ အကောင်းဆုံးကစားသမား ၁၀ ဦး ရွေးထားပြီးပါပြီ။ ပြိုင်ပွဲ လာပြိုင်မယ့် နိုင်ငံတွေတော့ သေ ချာမသိရပါဘူး။ တရုတ်က စားပွဲ တင်တင်းနစ်မှာကောင်းတော့ ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရမှာပါ’’ဟု မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အ ဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ စားပွဲတင်တင်း နစ်အဖွဲ့ချုပ်သည် ပြီးခဲ့သည့် အောက်တိုဘာက ရန်ကုန်မြို့၌ တရုတ်-မြန်မာ-ထိုင်း ချစ်ကြည် ရေး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲ၌ မြန်မာအသင်းက အသင်းအလိုက် အနေဖြင့် တတိယဆုရရှိပြီး တစ် ဦးချင်းပြိုင်ပွဲအနေဖြင့် မြန်မာ ကစားသမား သက်ကိုကိုလတ် က ပထမဆုရရှိခဲ့သည်။

Top News