အောင်သူနေရာအစားထိုးရန် ယူ-၁၉ မှ ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်ကို ရတနာပုံအသင်းခေါ်ယူရန် စီစဉ်

ရတနာပုံအသင်းသည် ထိုင်းလိဂ်သို့ ပြောင်းရွှေ့သွား သည့် တိုက်စစ်မှူး အောင်သူနေ ရာကို အစားထိုးရန် လက်ရွေးစင် ယူ-၁၉ အသင်းမှ ဝင်းနိုင်ထွန်း နှင့် ပြည့်စုံနိုင်တို့ကို ခေါ်ယူရန် စီစဉ်နေကြောင်း အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြော သည်။

တိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်တို့သည် မန္တလေးဘော လုံးအကယ်ဒမီမှ ပေါ်ထွက်လာ သည့် ကစားသမားများဖြစ်ပြီး ယူ-၁၆၊ ယူ-၁၈၊ ယူ-၁၉ အ သင်းတို့တွင် ရွေးချယ်ခံရကာ လက်ရှိ၌ ထိုင်းဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်း၌ ပါဝင်နေသည်။

‘‘အောင်သူ့နေရာအတွက် ပြည်တွင်းကစားသမားကောင်း တွေနဲ့ပဲ ဖြည့်တင်းသွားမှာပါ။ ယူ-၁၉ က ဝင်းနိုင်ထွန်းနဲ့ ပြည့်စုံ နိုင်တို့ကိုလည်း ခေါ်ဖို့စီစဉ်ထား တာရှိပါတယ်။ အပြီးသတ်တော့ မဖြစ်သေးပါဘူး။ အကယ်ဒမီက ကစားသမားတွေဆိုတော့ အဖွဲ့ ချုပ်နဲ့ ညှိရဦးမှာပါ။ လာမယ့်ရာသီအတွက် ပြည်တွင်းကစားသမား အသစ် ခုနစ်ယောက်လောက်ခေါ် ဖို့ ရှိပါတယ်’’ဟု ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောသည်။

၂၀၁၈ ဘောလုံးရာသီသစ်တွင် ရတနာပုံအသင်းအနေဖြင့် ဘတ်ဂျက်ကျပ်သိန်းတစ်သောင်းခန့်အသုံးပြုရန်  လျာထားကြောင်း ၎င်းက ဆိုသည်။ ရတနာပုံအသင်းသည် ၂၀၁၈ ဘောလုံးရာသီအကြိုပြင်ဆင်မှုအဖြစ် ဒီဇင်ဘာ ၃ ရက်က ရခိုင်အသင်းမှ ဂိုးသမား ချမ်းငြိမ်း ကျော်နှင့် ချင်းအသင်းမှ ကွင်း လယ်လူ  ဘီဘီတို့ကိုလည်း အား ဖြည့်ခေါ်ယူခဲ့သည်။  ထို့အပြင် ရတနာပုံအသင်းသည် စာချုပ် ကုန်ဆုံးခဲ့သည့်အသင်း၏ ညာ နောက်ခံလူ သက်နိုင်နှင့် ဘယ် နောက်ခံလူ သိန်းသန်းဝင်းတို့ကို ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုထားသည်။

၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲတွင် ပြည်တွင်းကစားသမားများဖြင့် သာ ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဒေါက်တာစိုင်းဆမ်ထွန်းက ပြော ကြားသည်။

Top News