သာကေတတွင် အကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်

လမ်းတွင်တွေ့စဉ် ချေး ထားသည့်ငွေ ပြန်တောင်းရာမှ စကားများရန်ဖြစ်ကာ အကြွေးရှင် က ဓားဖြင့်ထိုးသောကြောင့်အမျိုး သားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးကပြောသည်။

သာကေတ(၉)ရပ်ကွက် ရတနာပုံ(၈)လမ်းတွင် ဒီဇင်ဘာ ၃ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ ကြောင်း သာကေတနယ်မြေရဲစ ခန်းမှ အမှုစစ်ရဲအရာရှိက ပြော သည်။

အကြွေးရှင် လိုတရဆိုသူက အကြွေးတောင်းရာ ဦးအောင် သိန်းဝင်းနှင့်စကားများကာ ဓား ဖြင့်ထိုးသောကြောင့် ဦးအောင် သိန်းဝင်း၏ ဘယ်ဘက်နံကြား တွင် ဓားဒဏ်ရာရရှိသည့်အပြင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဖူး ရောင်ဒဏ်ရာများ ရရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ဓားဒဏ်ရာရရှိသည့် (၅၄) နှစ်အရွယ်ဦးအောင်သိန်းဝင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အ တွင်းလူနာအဖြစ်တင်ပို့ကုသ ထားပြီး အသက်အန္တရာယ်စိုးရိမ် ရသည့်အခြေအနေတွင် ရှိ ကြောင်း ရဲအရာရှိကပြောသည်။

‘‘အခြေအနေကတော့ စိုးရိမ် ရအဆင့်ပဲရှိသေးတယ်။ စောင့် ကြည့်နေရတယ်ပေါ့။ ဒီနေ့သတိ တော့ရပြီပြောတယ်။ ဒါပေမဲ့ စကားမပြောသေးဘူး’’ ဟု ၎င်းက ဆိုသည်။ အကြွေးပမာဏမည်မျှရှိပြီး မည်သို့ စကားများ၍ဓားထိုးမှုဖြစ်ကြောင်းကို ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောပေ။

လိုတရကို သာကေတနယ် မြေရဲစခန်းက ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာ ကျင်စေမှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်။