အာရှလမ်းမကြီး၌ ဇာတ်သဘင်အဖွဲ့ကားနှင့် ကုန်တင်ယာဉ်တိုက်မိ လူ ၂၀ ဦးဒဏ်ရာရ

အာရှလမ်းမကြီး မြဝတီ -ကော့ကရိတ် လမ်းပိုင်းတွင် ဇာတ်သဘင်အဖွဲ့သားများလိုက် ပါလာသည့် ယာဉ်နှင့် ကုန်တင် ယာဉ် တိုက်မိကာ လူ ၂၀ ဒဏ်ရာ ရမှု ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဇာတ်သဘင်အဖွဲ့ဝင်များ အပါအဝင် လူ ၂၀ ကျော်လိုက် ပါလာသည့် ယာဉ်သည်မြဝတီမြို့ သို့ သွားစဉ် အာရှလမ်းမကြီး နတ် စင်ကွေ့လမ်းပိုင်းအရောက် ၁၂ ဘီးယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိကြောင်း ကော့ကရိတ်မြို့ နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘၁၂ ဘီးယာဉ်က ဘရိတ် ပေါက်ပြီး တစ်ဖက်လမ်းရောက် တော့ ဇာတ်ကားကို ဝင်တိုက်မိ တယ် ပြောတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေ စာရင်း မရသေးဘူး။ ဒါ ပေမဲ့စိုးရိမ်ဒဏ်ရာ မဟုတ်ဘူးလို့ လောလောဆယ် သိထားတယ်’’ ဟု  အထက်ပါရဲအရှိက ပြောကြား သည်။

အသေးစိတ်အခြေအနေကို ရဲတပ်ဖွဲ့က မပြောသေးပေ။ ယာဉ်တိုက်မှုဖြစ်စဉ်ကို  တွေ့ခဲ့သော ကော့ကရိတ်မြို့  ဒေသခံတစ်ဦးက ဒဏ်ရာရသူ ၂၀ ဦးရှိပြီး ကော့က ရိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကုသ နေကြောင်း ပြောသည်။

ဒဏ်ရာရသူများသည် အမျိုး သား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦးနှင့် ကလေး နှစ်ဦးဖြစ်ကြောင်း ပြော သည်။ ထိုင်းနိုင်ငံနှင့် ဆက်သွယ် ထားပြီး အာရှလမ်းမကြီး၏ အ စိတ်အပိုင်းဖြစ်သော ယင်းလမ်း ပိုင်းသည် ၁၈ မိုင် ၂ ဖာလုံသာရှည် လျားပြီး လမ်းအရည်အသွေး ကောင်းမွန်သော်လည်း တောင် ဆင်း၊ တောင်တက်နှင့် အကွေ့ များသောကြောင့် အရှိန်ပြင်းပြင်း မောင်းနှင်သည့်ယာဉ်များ မကြာ ခဏတိမ်းမှာက်လေ့ရှိသည်။