လှိုင်သုံးလောင်းပြိုင်လူသတ်မှု ယခုလ ၁၄ ရက်တွင် တရားစွဲတင်ပို့မည်

လှိုင်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု ကျူး လွန်ကြောင်း ထွက်ဆိုထားသူ အမျိုးသားအပါအဝင် ၎င်း၏ မိခင်နှင့် ဇနီးကို ဒီဇင်ဘာ ၁၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့မည်ဖြစ်ကြောင်း လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ကြောင်း ထွက်ဆိုခဲ့သူ ဇွဲလင်းထက်အပြင် ၎င်း၏ မိခင် ဒေါ်ရီတင်နှင့်ဇနီး မခင်ခင်ဖြိုးတို့ သုံးဦးကို ဒီဇင်ဘာ ၄ ရက်က လှိုင်မြို့နယ်တရားရုံးတွင်  ရုံးထုတ်ရမန်ယူခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီခန့်က လှိုင်မြို့ နယ် လှိုင်သီရိအိမ်ရာနေ မကေသီ လှိုင်အပါအဝင် ၎င်း၏ သမီးနှင့်ဝန်ထမ်းအမျိုးသမီးတို့ နေအိမ် အတွင်း အသတ်ခံထားရသည်ကို အပုပ်နံ့နံရာမှတစ်ဆင့် ပတ်ဝန်း ကျင်က သိရှိခဲ့သည်။

သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူသည်  သေဆုံးခဲ့သူ မကေသီလှိုင် ဖွင့်လှစ်ထားသည့် စား သောက်ဆိုင်တွင် အလုပ်လုပ် ပြီး နိုဝင်ဘာ ၉ ရက် နံနက်အစော ပိုင်းက ဆိုင်မန်နေဂျာ မကေသီ လှိုင်၏ နေအိမ်တိုက်ခန်းသို့ လာ ရောက်ကာ လစာတိုးပေးရန် ကိစ္စပြောဆိုရာမှ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး မှ ရဲအရာရှိတစ်ဦးက ပြောသည်။

လူသတ်မှု ကျူးလွန်ပြီး နောက် ဇွဲလင်းထက်သည် နေ အိမ်အတွင်းမှ ကျပ်လေးသိန်း၊ ရွှေထည်ပစ္စည်းများနှင့် လက်ပ် တော့နှစ်လုံး၊ လက်ကိုင်ဖုန်းနှင့် ကားသော့ကိုပါ ယူဆောင်၍ Wishအမျိုးအစား ကားကိုယူဆောင် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇွဲလင်းထက်သည် သေဆုံး သူ မကေသီလှိုင်၏ နေအိမ်အ တွင်းမှ ယူဆောင်သွားသည့် ရွှေ ထည်ပစ္စည်းများကိုလည်း ၎င်း၏ ဇနီးနှင့် မိခင်ထံ အပ်နှံထားပြီး အချို့ရောင်းစားထားခဲ့သည့် ရွှေ ထည်ပစ္စည်းအချို့နှင့် လက်ပ် တော့နှစ်လုံးကို   ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းခဲ့ သည်။

Top News