ပီအက်စ်ဂျီကို လက်စားချေရန် ကြိုးစားမည့် ဘိုင်ယန်မြူးနစ်

 ယနေ့ညဘိုင်ယန်မြူးနစ် နှင့် ပီအက်စ်ဂျီတို့ တွေ့ဆုံချိန်တွင် အောက်တိုဘာက သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းကို ဘိုင်ယန်အနေဖြင့် ပြန်လည်လက်စားချေနိုင်ပါက ကျန်ချန်ပီယံလိဂ်ပြိုင်ဘက် အ သင်းများသို့ သတင်းစကား တစ်ခုပါးပြီးသားဖြစ်မည်ဟု ဘိုင်ယန် တောင်ပံကစားသမား ကင်စလီ ကိုမန်က ပြောကြားသည်။

ဘွန်ဒက်စ်လီဂါချန်ပီယံ သည် ထိုစဉ်က ပါရီမြို့တွင် ၃-၀ ဂိုးဖြင့် ချေမှုန်းခံရပြီးနောက် အန် ဆယ်လော့တီကို ထုတ်ပယ်ကာ ဝါရင့်နည်းပြ ဂျက်ပ်ဟိုင်းနက်စ် ဖြင့် အစားထိုးခဲ့သည်။

ဘိုင်ယန်သည် ထိုပွဲနောက် ပိုင်း ဟိုင်းနက်လက်အောက်တွင် မိုချန်ဂလာဘတ်တစ်သင်းသာ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲများ ဆက်တိုက် ရခဲ့သည်။ ချန်ပီယံလိဂ်တွင်လည်း နောက်တစ်ဆင့်သို့ တက်ရန် သေ ချာနေသည်။

သို့သော် ယခုတစ်ပတ်တွင် ကစားခဲ့သော ပွဲ၌ စထရက်စ်ဘော့ကို ၂-၁ ဂိုးဖြင့်ရှုံး၍ ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့သော ပီအက်စ်ဂျီကိုအနိုင်ယူကာ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်စွမ်း ပြသရန် ကိုမန်က စိတ်အားထက်သန်နေသည်။ ပီ အက်စ်ဂျီသည် ကိုမန်၏ အသင်း ဟောင်းဖြစ်သည်။

‘‘ပီအက်စ်ဂျီနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပါဘူး။ လက်စားချေ ဖို့နဲ့ သက်ဆိုင်ပါတယ်။ နောက် ပြီး ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ဖလားလိုချင်တယ်ဆိုတာ ဥရောပတစ်ခုလုံးကို သတင်း စကားပေးချင်တယ်’’ဟု ကိုမန်က ပြောသည်။

ဘိုင်ယန်နောက်တန်းလူ နစ်လက်ဆူလီက ပါရီရှုံးပွဲကို ဖျောက်ဖျက်နိုင်မည့် ရလဒ်မျိုး အလိုရှိနေသည်။

‘‘ပါရီမှာ ကံဆိုးမိုးမှောင်ကျ ခဲ့ပါတယ်။ ကျွန်တော်တို့ စော စောစီးစီးနောက်က လိုက်ကစားခဲ့ ရတယ်’’ဟု နစ်လက်ဆူလီက ပြောကာ မိမိတို့အသင်းသည် ဟိုင်းနက်စ်လက်အောက်တွင် ပိုမိုတောင့်တင်းလာပြီး ပီအက်စ်ဂျီကို ကြောက်ရွံ့စရာမလိုဟုဆို သည်။

ဘိုင်ယန်မြူးနစ်သည် အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရန် ပီအက်စ်ဂျီကို အနည်းဆုံး လေးဂိုးပြတ်အနိုင်ရရန် လိုအပ် နေသည်။             

—Ref:Goal