ကျန်းမာရေးအရ ခရီးတွေထွက်ပြီးမှ ဇာတ်ကားပြန်ရိုက်မယ့် ရဲတိုက်

ဓာတ်ပုံ−စိုင်းဇော်

 ပြစ်ဒဏ်ကျခံရပြီး ပြန် လည်လွတ်မြောက်လာသည်မှာ သုံးပတ်နီးပါးရှိလာသည့် သရုပ်ဆောင်ရဲတိုက်သည် လက်ရှိ ကျန်းမာရေးအရ အနားယူနေပြီး ခရီးသုံးခုထွက်ရန် စီစဉ်နေ ကြောင်း ဆာတိုရီထုတ်လုပ်ရေးမှ ဦးရီဇော်က ပြောသည်။

‘‘အခု လောလောဆယ် ဆရာဝန်တွေနဲ့ Medical Check Up လုပ်တယ်။ နားနေဆဲပဲ။ အဲဒါ ကြောင့် မီဒီယာတွေနဲ့တော့မတွေ့ သေးဘူး။ အခုလောလောဆယ် သူ Skin Care လုပ်တာလေးတွေ ရှိတယ်။ ဆေးဆိုး၊ ဆံပင်ညှပ်လုပ် ဖြစ်တယ်။ ခင်တဲ့သူတွေဆီ သွား လည်တာမျိုးရှိတယ်။ နောက်ပြီး တော့ မနေ့က ချစ်သုဝေဆိုင်မှာ ပြန့်ကျဲနေတဲ့ We Love Ye Deightအုပ်စုတွေနဲ့ ပြန်ပေါင်းဖို့အတွက် We Love Ye Deight Group က Admin တွေနဲ့ တွေ့တယ်’’ဟု ၎င်းက ပြောသည်။

ဆရာဝန်က ရဲတိုက်ကို တစ် လနားရန် သတ်မှတ်ပေးထား သောကြောင့် ကော့သောင်း၊ ထိုင်းအပါအဝင် ခရီးစဉ်သုံးခုစီစဉ်ပေး ထားပြီး ခရီးက ပြန်လာသည်နှင့် ဇာတ်ကားရိုက်ကူးမှု ပြန်လည် စတင်မည်ဖြစ်သည်။

‘‘ရဲတိုက်က ကျွန်တော်ကိုယ် တိုင်က အားပေးတဲ့မင်းသားဖြစ် တယ်။ သူလွတ်မြောက်လာတဲ့ အချိန်မှာ ကိုယ်ကတော့ ရိုက်ချင် တာပေါ့လေ။ ဒါပေမဲ့ ရဲတိုက်နဲ့ပဲ ပြောရသေးတယ်။ ဆာတိုရီနဲ့ မပြောရသေးဘူး။ သူတို့ရဲ့စည်း မျဉ်းစည်းကမ်းလေးတွေကတော့ ရှိမှာပေါ့လေ။ ဘယ်လိုလေးတွေ ရှိမလဲဆိုတဲ့ အသေးစိတ်ကတော့ ဆာတိုရီနဲ့ညှိဖို့ ကျန်သေးတယ်။ ဒါပေမဲ့လည်း အမြန်ဆုံးရအောင် လေးတော့ ရိုက်ချင်တယ်။ သူတို့ ကိုလည်း ရဲတိုက်ကတစ်ဆင့် လှမ်းပြီး အကြောင်းကြားထားပါတယ်’’ ဟု မီဒီယာ 7 မှ ကိုဝေမင်းမောင် က ပြောသည်။

ရင်ခွင်နန်းတော်ဇာတ်ကားသည် ရဲတိုက်ပြန်လည်ရိုက်ကူးချင်နေသော ဇာတ်ကားဖြစ်ပြီး၊ Media 7 က ရိုက်​ကူးချင်​​သော ဇာတ်​လမ်းသည်​ မင်းသားသုံးဦးဇာတ်ဖြစ်သောကြာင့် ရဲတိုက်အပြင်  ရွှေထူး၊ မြင့်မြတ်တို့နှင့် ရိုက်ကူးရန်  အသိပေးထားပြီး အသေးစိတ် ထပ်ညှိ ရန် ကျန်သေးသည်ဟုဆိုသည်။

မီဒီယာ 7 အပါအဝင် ရဲတိုက်နှင့် ဇာတ်ကားရိုက်ကူးရန် ကမ်း လှမ်းမှုများရှိသော်လည်း ဆာတိုရီ နှင့်အရင်ရိုက်ပြီးမှ အခြားသော တိုက်များနှင့် ရိုက်ခွင့်ပြုမည်ဟု ဦးရီဇော်က ပြောသည်။

‘‘ဘာလို့လဲဆိုတော့ သူနဲ့ ကားရိုက်ဖို့ စီစဉ်နေရင်း ထောင် ကျသွားတာဆိုတော့ ရိုက်ဖို့ စောင့် နေခဲ့ရတာ ကြာပါပြီ။ တခြားပြင်ပ တိုက်တွေကတော့ မလွတ်ခင်က တည်းက ကြိုတင်ပြီး ကမ်းလှမ်း ထားတဲ့ တိုက်တွေလည်း ရှိပါ တယ်။ ဇာတ်တွေလည်း ပို့ပေး ထားတယ်။ အဲဒီဇာတ်တွေကို လည်း ဖတ်ပြီးပြီ။ ဒါပေမဲ့ ဆုံး ဖြတ်နိုင်တဲ့ အခြေအနေလည်း မရောက်သေးဘူး။ အစည်းအဝေး လည်း မလုပ်ရသေးဘူး။ သူ့ကို အနားပေးထားလို့ပါ။ နောက်ပိုင်း ကျတော့ တစ်ခုပြီးတစ်ခု သူနဲ့တိုင် ပင်ပြီး ဆုံးဖြတ်သွားမှာပေါ့’’ဟု ဆိုသည်။