မှန်ရှေ့မှာ အလှပြင်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ နစ်ကိုးကစ်ဒ်မန်း

 သြစတြေးလျမင်း သမီး နစ်ကိုးကစ်ဒ်မန်းက သားသ မီးများနှင့် အလုပ်ကိစ္စသည် အဓိ ကဖြစ်သောကြောင့် မိမိအနေဖြင့် မှန်ရှေ့တွင် မိတ်ကပ်လိမ်းခြယ် ရန် အချိန်မရကြောင်းပြောသည်။

အသက် (၅၀) အရွယ် နစ်ကိုး ကစ်ဒ်မန်းက ‘‘မှန်ရှေ့ခုံမှာထိုင်ပြီး တော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် မိတ်ကပ်လိမ်းနေဖို့ ကျွန်မအချိန် မပေးနိုင်ပါဘူး။ ကျွန်မက ထိုင်နေ ရတာ မကြိုက်ဘူး။ ဘာပဲလုပ် လုပ် လျင်လျင်မြန်မြန် သွက်သွက် လက်လက်ပဲ လုပ်တတ်တယ်။ မိတ်ကပ်လိမ်းဖို့အချိန်ထက် ကျွန် မသားသမီးတွေနဲ့ အလုပ်အတွက် ပဲ အဓိကအချိန်ပေးပါတယ်’’ ဟု ပြောခဲ့သည်။

မိတ်ကပ်မလိမ်းထားသော မျက်နှာများက ပို၍ သဘာဝကျလှ ပကြောင်း သားသမီးလေးဦး၏ မိခင် ၎င်းကပြောခဲ့သည်။

နစ်ကိုးကစ်ဒ်မန်းသည် လက် ရှိခင်ပွန်း ကိတ်သ်အာဘန်နှင့် (၉) နှစ်အရွယ် ဆန်းဒေးနှင့် (၆) နှစ် အရွယ် ဖိတ်သ်ဆိုသည့် သမီးနှစ် ဦးရရှိပြီး ခင်ပွန်းဟောင်းမင်းသား တွမ်ခရုဇ်နှင့်လည်း သားသမီးနှစ် ဦး မွေးဖွားခဲ့ရာ (၂၂) နှစ်အရွယ် သားကော်နာနှင့် (၂၄) နှစ်အရွယ် သမီးကြီး အစ္စဘယ်လာတို့ ဖြစ် သည်။     —Ref:Contactmusic