သံတွဲမြို့ မောင်ရွှေလေးကျေးရွာရှိ အိမ်ခြံမြေများ ဝယ်ယူသူများနေဟုဆို

 သံတွဲမြို့နယ်မောင် ရွှေလေးကျေးရွာ၏ ပင်လယ်ကမ်းခြေရှိသော အိမ်ခြံမြေများကို ပွဲ စားများနှင့် လုပ်ငန်းရှင်များက ဈေးနှုန်းကြီးပေး၍ လိုက်လံဝယ် ယူနေသဖြင့် တစ်ဧကကျော်ရှိ အိမ်ခြံတစ်ကွက်ကို ကျပ်သိန်း တစ်သောင်းကျော်အထိ ဈေးပေါက်နေကြောင်း မောင်ရွှေလေးကျေးရွာနေ ဦးမောင်မောင်အေးက ပြောသည်။

အဆိုပါအိမ်ခြံမြေကွက်များ ကို ပြီးခဲ့သည့် သုံးနှစ်ကျော်မှ ယနေ့အထိ လာရောက်ဝယ်ယူနေသူ များသည် နိုင်ငံခြားသားအချို့နှင့် အိမ်ခြံမြေ ပွဲစားများဖြစ်ကြောင်း ဦးမောင်မောင်အေးကပြောသည်။


‘‘ဦးလေးတို့ အစ်မအိမ်ခြံကို ပြီးခဲ့တဲ့နှစ်က သိန်းရှစ်ထောင် ကျော်ဈေးပေးခဲ့တယ်။ သူတို့က  မရောင်းခဲ့ဘူး။ သိန်းတစ်သောင်း ကျော် တောင်းထားတယ်။ အိမ်ခြံ ကွက်က တစ်ဧကကျော်လောက် ရှိတယ်’’ ဟု ဦးမောင်မောင်အေးကဆိုသည်။

သံတွဲမြို့နယ် မောင်ရွှေလေး ကျေးရွာသည် သံတွဲမြို့နှင့် ၂၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး သာယာ လှပသော ကမ်းခြေရှိနေသည်။ အဆိုပါ ကမ်းခြေရှိခြင်းကြောင့် လုပ်ငန်းရှင်များသည် ဟိုတယ် ဆောက်လုပ်ရန် မြေကွက်များကို ဝယ်ယူနေကြောင်း ဒေသခံ ဒေါ်နေဇာသင်းကဆိုသည်။

မောင်ရွှေလေးကျေးရွာ ဒေ သခံအများစုသည်  ငါးဖမ်းလုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။