အလောင်းတော်ကဿပ ဘုရားဖူးယာဉ်များအတွက် မုံရွာ - ယာကြီးလမ်းမှ သစ်ရာပင်ကျေးရွာသို့ ကားလမ်းသစ်ဖောက်လုပ်

အလောင်းတော်ကဿပ ဘုရားဖူးယာဉ်များ သွားလာရေး လွယ်ကူစေရန် မုံရွာ-ယာကြီး ကားလမ်းမှ သစ်ရာပင်ကျေးရွာ သို့ ကားလမ်းသစ်ဖောက်လုပ် နေကြောင်း ကနီမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းဝင်းက ပြော သည်။

ဒီဇင်ဘာလဆန်းတွင် ကား လမ်းသစ်အဖြစ် မုံရွာ-ယာကြီး ကားလမ်းမိုင်တိုင်အမှတ် ၂၉မှ သစ်ရာပင်ကျေးရွာသို့ မြေသား လမ်း လေးမိုင်ခန့်ကို စက်ယန္တ ယားများဖြင့် တိုးချဲ့ဖောက်လုပ် နေသည်။

‘‘အခု အသစ်ဖောက်လုပ်နေ တဲ့လမ်းက ကတ္တရာလမ်းကောင်း (မုံရွာ-ယာကြီးကားလမ်း)ကို ၂၉ မိုင်လောက်မောင်းရမယ်။ မြေ သားလမ်း ၁၀ မိုင်လောက်မောင်း ရင် အလောင်းတော်ကဿပ တောင်ခြေ ကပိုင်ရွာကို ရောက် တယ်။ မြေသားလမ်းကလည်း ဂျင်းကျောက်လမ်းဖြစ်တဲ့အတွက် ၁၂ ရာသီကားတွေသွားလာနိုင် တယ်။ လမ်းမှာ ရွာတွေမဖြတ်ရ တဲ့အတွက် ယာဉ်ကြောရှင်း တယ်။ လမ်းကျယ်တယ်’’ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။


ယခင်က မုံရွာ-ယာကြီး ကားလမ်း တရော်ကျင်းကျေးရွာ လမ်းခွဲမှ အလောင်းတော်ကဿ ပ တောင်ခြေ ကပိုင်ကျေးရွာသို့ မိုင် ၂၀ မြေသားလမ်း မောင်းနှင်ခဲ့ရသည်။

အထက်ပါ လမ်းသစ်ဖောက် လုပ်ပြီးပါက မုံရွာ-ယာကြီး ကား လမ်း မိုင်တိုင်အမှတ် ၂၉ မှ သစ်ရာပင်ကျေးရွာ မြေသားလမ်း လေးမိုင်၊ ထိုမှ အလောင်းတော် ကဿတောင်ခြေ ကပိုင်ကျေးရွာ သို့ မြေသားလမ်း ခြောက်မိုင် စုစု ပေါင်း ၁၀ မိုင်သာ မောင်းနှင် ရမည်ဖြစ်သည်။

‘‘သစ်ရာပင်ကျေးရွာ ဒေသ ခံတွေ စုပေါင်းလုပ်အားပေးတာ ရော၊ အလှူရှင်တွေက စက်ယန္တ ရား ကူညီပေးတာရောကြောင့် လမ်းဖောက်လုပ်မှုက မကြာခင် ပြီးတော့မှာပါ။ ဒီလမ်းကောင်း သွားရင် ဘုရားဖူးယာဉ်တွေလည်း အလွယ်တကူ သွားလာနိုင်တော့မှာပါ’’ဟု ဒေသခံတစ်ဦးက ပြောသည်။