ကျောက်စရစ်ခဲထုတ်လုပ်မှုတွင် လိုအပ်နေသော မျှခြေ

မကွေးတိုင်း ဧရာဝတီမြစ်အတွင်း မြစ်ကျောက်လုပ်နေသည်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

တည်ဆောက်ရေး လုပ်ငန်းများစွာ ဆောက်လုပ်နေသော ရန်ကုန်တိုင်းအတွက် မြစ်ကျောက်စရစ် အရင်းအမြစ်သည် ယခင်နှစ်များစွာက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ဒေသများမှ ဖြစ်သည်။

သို့သော် လွန်ခဲ့သည့် ငါးနှစ် ဝန်းကျင်တွင် မြစ်ကမ်းပြိုကျမှု များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် အရေးတယူ ဆောင်ရွက်လာခဲ့ခြင်းက အဆိုပါ ဒေသများရှိ မြစ်ကျောက်စရစ် ထုတ်ယူမှုလုပ်ငန်းများ ဆက် လက်ရပ်တည်ရန် ခက်ခဲလာစေ သည်။

ထို့အပြင် ယင်းဒေသများ တွင် မြစ်ကျောက်စရစ်ကို နှစ် ပေါင်းများစွာ ထုတ်ယူလာခဲ့ သဖြင့် ဈေးကွက်ဝင် မြစ်ကျောက် စရစ် တစ်နေ့တခြား ရှားပါးလာခဲ့ ခြင်းကလည်း ကျောက်စရစ်ထုတ် လုပ်ငန်းများ နယ်မြေသစ်ရှာဖွေ ရန် အကြောင်းတစ်ခုဖြစ်လာစေ ခဲ့ကြောင်း ပဲခူးတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင် ဆယ်စုနှစ်ခန့် မြစ် ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင် သူ ကိုဝင်းအောင်ဇော်က ပြောပြ သည်။

‘‘တိုက်ကြီး၊ အဖျောက်၊ ကြံ ခင်း၊ မြန်အောင်ဘက်နဲ့ ပြည်ဘက် က ရန်ကုန်နဲ့နီးတော့ သယ်ရတာ လွယ်လို့ တွက်ခြေကိုက်ပေမယ့် ရောင်းတန်းဝင် ကျောက်စရစ်က ရှားလာပါပြီ။ ဖြုန်းလို့ခေါ်တဲ့ သဲ ကြမ်းရောတဲ့ မြစ်ကျောက်တွေပဲ အထွက်များတယ်လေ။ ဈေးကွက်မှာ အနည်းဆုံး ဆီးသီးလုံးလောက် လောက်စာလုံး ကျောက်များများ ပါတဲ့ ကျောက်မှ ဆောက်လုပ် ရေးသမားတွေ ကြိုက်တယ်။ အဲဒါ ကြောင့် ကျောက်ပေါတဲ့ မြစ်အထက်ဘက်ကို ကုန်သည်တွေ တက်ပြီး ဝယ်တာများလာတာ’’ ဟု ၎င်းက လက်ရှိမြစ်ကျောက် စရစ် ထုတ်လုပ်မှုဈေးကွက်အခြေ အနေကိုဆိုသည်။

ထို့ကြောင့် ဧရာဝတီမြစ်ကြီး က တိုင်းအတွင်း မိုင် ၂၀၀ ကျော် ဖြတ်သန်းစီးဆင်းနေသည့် မကွေး တိုင်းသည် မြစ်ကျောက်စရစ် မုဆိုးတို့၏ ပစ်မှတ်တစ်ခုဖြစ်လာ သည်။

အထူးသဖြင့် ဧရာဝတီမြစ် ဖြတ်သန်းရာ သရက်၊ မကွေး၊ မင်းဘူး၊ ပခုက္ကူခရိုင်တို့တွင် မြစ် ကျောက်စုပ် မော်တော်များ တစ် နေ့တခြားများပြားလာခဲ့သည်။

‘‘လွန်ခဲ့တဲ့ နှစ်တွေက ကိုယ့် ဒေသမှာရောင်းဖို့ တစ်နိုင်တစ်ပိုင် ထုတ်ရောင်းကြတဲ့သူတွေပဲ ရှိ တာလေ။ နောက်ပိုင်းတော့ စီဘီ တွဲ (ကျောက်သဲသစ်တင်ဆောင် သည့် ရေယာဉ်အကြီးစား) ပိုင်ရှင် တွေက ကျောက်စရစ်ဝယ်ချင် တယ်ပေါ့၊ တွဲပေါ်အရောက် ဘယ်ဈေးလဲပေါ့၊ ဒီလိုနဲ့ နယ် ကျော်ကျောက်ရောင်းဝယ်တဲ့ ဈေးကွက်စဖြစ်လာတာ။ ဒီဘက်ဒေသ ကို ကျောက်စရစ်ဆင်းလာဝယ် ကြတာက ငါးနှစ်ကျော်ကျော် လောက်ပဲရှိဦးမယ်’’ဟု မြစ် ကျောက်ထုတ်လုပ်ငန်း ဆယ်နှစ် ကျော်လုပ်ခဲ့သည့် မကွေးတိုင်း အောင်လံမြို့မှ ဦးစန်းတင့်က မကွေးတိုင်း မြစ်ရိုးတစ်လျှောက် မြစ်ကျောက်စရစ်မုဆိုးများ၏ ဈေးကွက်ချဲ့ထွင်လာခဲ့ပုံကို ပြောပြ သည်။

ဒေသတွင်း လုပ်ငန်းရှင်များ ထံမှ တွဲရေယာဉ်ပိုင်ရှင်များက ရေယာဉ်ပေါ် အရောက်တင်ပေး သည့်စနစ်ဖြင့် ထုတ်လုပ်သည့်နေ ရာသို့ လာရောက်ဝယ်ယူမှုများရှိ သလို ဒေသကျောက်လုပ်ငန်းရှင် များကလည်း စီဘီ (တွဲရေယာဉ်)များဖြင့် ကျောက်စရစ်များထုတ် ယူ သယ်ဆောင်ကာ ရန်ကုန်ဒိုင် ကြီးများသို့ တိုက်ရိုက်ရောင်းချမှု များလည်းရှိသည်။

မကွေးတိုင်း သရက်ခရိုင် တစ်ခုတည်းပင် ယခုဘဏ္ဍာနှစ်အ တွက် ဧရာဝတီမြစ်အတွင်း မြစ် သဲကျောက်ထုတ်လုပ်ခွင့်ရရှိထား သူ ၄၀ ခန့်ရှိသည်။ အောင်လံမြို့ နယ်တစ်ခုတည်း၌ မြစ်သဲကျောက် ထုတ်လုပ်သူ ၁၇ ဦးရှိနေကြောင်းမကွေးတိုင်း အစိုးရအဖွဲ့က ထုတ် ပြန်ထားသည်။

၂၀၁၀ အစောပိုင်းကာလ တွင် ယင်းဒေသများ၌ မြစ် ကျောက်စရစ်ထုတ်လုပ်သူနှစ်ဦး မှ ငါးဦးခန့်သာရှိခဲ့သည်။

မကွေးတိုင်း ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ကျောက်ထုတ် လုပ်ငန်းများ ကျယ်ပြန့်လာသည် နှင့်အမျှ ကမ်းပါးပြိုဘေးရင်ဆိုင် နေရသည့် ဒေသခံပြည်သူများ ၏ တိုင်ကြားမှု၊ မြစ်အတွင်းက ကျောက်စရစ်နှင့် သဲသာမက ရွှေ ကဲ့သို့သော အခြားသယံဇာတများ ပါ ထုတ်ယူနေသည်ဟူသော တိုင်ကြားမှုများရှိလာသည်။ ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ခိုးထုတ်ယူမှုနှင့် လိုင်စင်ရှိ ကျောက်လုပ်ငန်းရှင်အချို့မှာ အ မှန်တကယ်လျှောက်ထားသည့် အရေအတွက်ထက်ပိုကာ မြစ် ကျောက်စရစ်များ ပိုမိုထုတ်ယူနေ မှုသည်တို့ကိုလည်း ဝေဖန် ထောက်ပြမှုများ ရှိလာသည်။

‘‘မြစ်ကျောက်စရစ်က စီဘီ တင်ရင် စီဘီတွဲတစ်တွဲကို ကျင်း ၃၀၀ ခန့်လောက်ပါတယ်။ သူ့ တစ်နှစ်စာ အခွန်ဆောင်ထားတာ က ကျင်း ၁,၀၀၀၊ ကျင်း ၅၀၀ လောက်ပဲ။ တစ်လကို အနည်း ဆုံး ၁၀ စီးအထက် တင်ပို့ရောင်း ချကြတယ်။ ကျင်းပေါင်း သောင်း နဲ့၊ သိန်းနဲ့ချီပြီး ထုတ်ယူခဲ့တာဖြစ် တော့ နိုင်ငံဘဏ္ဍာနစ်နာတယ်’’ ဟု အောင်လံမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော် ဦးအေးကျော်က ပြောသည်။

မြစ်ကျောက်စရစ်လုပ်ငန်း လိုင်စင်များကို ဓာတ်သတ္တုထုတ် လုပ်ခွင့်လိုင်စင်အမည်ရှိ ပြည်ထဲ ရေးဝန်ကြီးဌာန၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရသည်။ ယင်းဌာန ၏ ထောက်ခံချက်ဖြင့် ခရိုင်အ ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးရခြင်းဖြစ်သည်။

ဓာတ်သတ္တု အခွန်အဖြစ် ယခင် စစ်အစိုးရလက်ထက်က တစ်ကျင်းထုတ်ယူလျှင် ကျပ်ရာ ဂဏန်းသာ အခွန်အဖြစ် ပေး ဆောင်ရသော်လည်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ကာ ကျောက်တစ်ကျင်း လျှင် ကျပ် ၂,၅၀၀ သို့ တိုးမြှင့် သတ်မှတ်ခဲ့သည်။

လုပ်ငန်းရှင်များက ကျောက် ထုတ်လုပ်ခွင့်လိုင်စင်လျှောက် ထားစဉ်ကပင် တစ်နှစ်တာထုတ် လုပ်မည့် အရေအတွက်ကို တင်ပြ လျှောက်ထားရပြီး ထုတ်လုပ်ခွင့် ရရှိပါက ယင်းအရေအတွက်အ တိုင်း တွက်ချက်ကာ ဘဏ်သို့ အခွန်ငွေပေးသွင်းရသည်။

မကွေးမြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ချို လတ်ကလည်း မြစ်ကျောက်ထုတ် လုပ်ငန်းများအနေဖြင့် ထုတ်လုပ် သည့် အရေအတွက်အတိုင်း အ ခွန်ပေးဆောင်ခြင်းမရှိကြသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံး ရှုံးမှုများရှိနေကြောင်း ထောက်ပြ သည်။

ကျောက်စရစ်ခဲထုတ်လုပ် သူများသဖြင့် မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မကွေးတိုင်းဒေသ ကြီးအတွင်း မြစ်ကျောက်စရစ် မြစ်သဲ၊ ကျောက်ကြီး၊ အုပ် စသောဓာတ်သတ္တုထုတ်လုပ်သည့် လုပ် ငန်းများမှ အခွန်ငွေအဖြစ် ကျပ် သန်း ၃၀၀ ကျော်သာရရှိခဲ့ရာမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အရောက် ကျပ်သန်း ၅၃၀ ကျော်အထိ တိုး မြင့်ရရှိခဲ့သည်။

မြစ်ကျောက်စရစ်ထုတ်ယူမှု များကြောင့် သဘာဝပတ်ဝန်းကျင် နှင့် မြစ်ချောင်းများ ထိခိုက်ပျက် စီးမှုမရှိစေရေး မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ကျွမ်း ကျင်ပညာရှင်များက ထုတ်လုပ် ခွင့်ပြုမည့်နေရာအထိ ကွင်းဆင်း စစ်ဆေးရပြီး ယင်းဌာန၏ ထောက် ခံချက်ပါမှသာ ထုတ်လုပ်ခွင့်လိုင် စင် ထုတ်ပေးခြင်းဖြစ်ကြောင်း တိုင်းအစိုးရ တာဝန်ရှိသူများက ဆိုသည်။

သို့သော် လုပ်ငန်းရှင်အချို့ မှာ ထုတ်လုပ်ခွင့်ရရှိသောနေရာ တွင်မထုတ်ဘဲ အဆင်ပြေသည့် နေရာ၌ ထုတ်ယူနေခြင်းများ တွေ့ ရှိရကြောင်း ဒေါ်ခင်ချိုလတ်က ပြောသည်။

‘‘မြစ်ကျောက်ထုတ်ယူတဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် မြစ်ချောင်း ဖြိုး (မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန)က စစ်ဆေး တယ်ဆိုပေမယ့် တကယ်တမ်း အ ခြေအနေမှာ ထုတ်လုပ်သူတွေက ထုတ်ခွင့်ရတဲ့နေရာမှာမဟုတ်ဘဲ အဆင်ပြေတဲ့နေရာက ထုတ်ယူ တာတွေရှိတယ်။ မြစ်ချောင်းဖြိုး ဌာနက ဝန်ထမ်းအင်အား အား နည်းတာလား ဒါမှမဟုတ် ဘယ်လိုအကြောင်းကြောင့်လဲမသိဘူး။ ကွင်းဆင်းစစ်ဆေးမှုအားနည်း တာတော့ အမှန်ပဲ’’ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မကွေးတိုင်းရှိ နေရာအချို့တွင် ဧရာဝတီမြစ် ကြောင်းအတွင်း သဲသောင်ကြီး မားစွာ ဖြစ်ထွန်းလာမှုများနှင့် ရေ ကြောင်းပြောင်းလဲမှုများ ဖြစ်ပေါ် နေခြင်းဖြစ်ပြီး အချို့ဒေသများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား နိုင်ကြောင်း မကွေးမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ချိုလတ်က ပြော သည်။

‘‘အဓိကက သဘာဝပတ် ဝန်းကျင်ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် သေသေချာချာ ကြပ် မတ်ဆောင်ရွက်ရမယ်။ နောက်ပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ ထုတ်ယူတာတွေလုပ်ဖို့နဲ့ ထုတ် လုပ်တဲ့အရေအတွက်အတိုင်း အ ခွန်ရရှိဖို့ ကြပ်ကြပ်မတ်မတ်လုပ် ဖို့လိုပါတယ်။ အခုအစိုးရလက် ထက်မှာ အခွန်တိုးရတာမှန် တယ်။ သို့သော်လည်း ဒီလောက် နဲ့ ကျေနပ်နေတာမျိုးမဟုတ်ဘဲ သေသေချာချာ ကြပ်မတ်ဆောင် ရွက်သင့်တယ်ထင်ပါတယ်’’ဟု မြစ်ကျောက်ထုတ်လုပ်ငန်းများ ရေရှည်လုပ်ကိုင်နိုင်ရေးနှင့်ပတ် သက်၍ ၎င်းက အကြံပြုသည်။

ရှုထောင့်မျိုးစုံမှ ဝေဖန်တိုင် ကြားမှုများ မြင့်တက်နေသည့်မြစ်ကျောက်စရစ်လုပ်ငန်းများကိုမကွေးတိုင်းအစိုးရက ၂၀၁၇-၁၈ဘဏ္ဍာနှစ်အစ ဧပြီတွင် တိုင်း ပြင်ပသို့ သယ်ဆောင်ရောင်းချခွင့် ယာယီပိတ်ပင်ခဲ့ပြီး ဒေသတွင်း ရောင်းချရန်သာ ထုတ်လုပ်ခွင့်ပေးခဲ့သည်။

ထိုသို့ တိုင်းကျော်သယ်ယူ ရောင်းချခွင့်ပိတ်ပင်ခဲ့ပြီး ဒေသ တွင်း ရောင်းချရန်သာ ခွင့်ပြုခဲ့ ခြင်းအပေါ် ဒေသခံပြည်သူများက ကြိုဆိုသော်လည်း လုပ်ငန်းရှင် များက တိုင်းအတွင်း ထုတ်လုပ်နေ သည့် လုပ်ငန်းရှင်များ နစ်နာမှုရှိ နေကြောင်း ဝေဖန်သည်။
‘‘အခြားပြည်နယ်တိုင်းတွေ က နယ်ကျော်ရောင်းချခွင့်ပြု တယ်။ မကွေးတိုင်းတစ်ခုပဲပိတ် တော့ တိုင်းအတွင်းက လုပ်ငန်း ရှင်တွေ နစ်နာပါတယ်။ အခွန်အ တိအကျရရှိဖို့ဆိုရင် အဲဒီလောက် လုပ်ဖို့မလိုပါဘူး’’ဟု သရက်မြို့ နယ်ရှိ မြစ်ကျောက်လုပ်ငန်းရှင် တစ်ဦးက တိုင်းအစိုးရ၏ ဆောင် ရွက်ချက်အပေါ် ဝေဖန်သည်။

ယင်းဆောင်ရွက်မှုနှင့်ပတ် သက်ပြီး နိုင်ငံတော်၏ အခွန် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှု မဖြစ်စေရန် ခေတ္တဆိုင်ငံ့ထားခြင်း သာဖြစ်ပြီး အခွန်ငွေမဆုံးရှုံးစေ ရေး စီမံချက်ရေးဆွဲမည်ဟု တိုင်း အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန် ကြီး ဦးတင်နွယ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာက မကွေးတိုင်းဒေသကြီး အစိုးရက မြစ်ကျောက်နယ်ကျော် ရောင်းချ ခွင့်ကို လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့်အတူ ပြန်လည် ခွင့်ပြုပေးခဲ့သည်။

မြစ်ကျောက်စရစ် နယ် ကျော်ရောင်းချလိုသည့် လုပ်ငန်း ရှင်များအနေဖြင့် ထုတ်လုပ်ခွင့်လိုင်စင်နှင့်အတူ အခွန်ဆောင်ပြီး ကြောင်း ဘဏ်ငွေသွင်းချလန်ကို တိုင်းအစိုးရထံ တင်ပြရမည်ဖြစ် ပြီး တိုင်းအစိုးရက စစ်ဆေးပြီးပါ က ထောက်ခံချက်တစ်စောင် ထုတ်ပေးမည်ဖြစ်သည်။ ယင်း ထောက်ခံချက်ဖြင့် ထုတ်လုပ်မည့် နယ်မြေရှိ ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ကာ နယ်ကျော်ရောင်းချခွင့်ထုတ် ယူရမည်ဖြစ်သည်။

အစိုးရအဖွဲ့၏ လက်ရှိသတ် မှတ်ချက်သည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပြားနေသဖြင့် အ ဆင်မပြေနိုင်ကြောင်း လုပ်ငန်း ရှင်များက စောဒကတက်သည်။

‘‘ဌာနဆိုင်ရာတွေအဆင့် ဆင့် သွားရပြီဆိုကတည်းက ပြော စရာလိုပါဦးတော့မလားဗျာ။ အ ချိန်ကုန်မယ်၊ ငွေကုန်မယ်၊ အတိ အကျပါပဲ။ ကိုယ်ကမြန်ချင်ရင် ပိုတောင်ကုန်ဦးမယ်ဗျာ။ ကိုယ် တွေလုပ်ငန်းက အချိန်လုပြီးလုပ် ရတဲ့ လုပ်ငန်းလည်းဖြစ်တော့ ဌာနဆိုင်ရာတွေကို ခေါက်တုံ့ ခေါက်ပြန် သွားနေရတာနဲ့ အချိန် ကုန်မှာ’’ဟု လက်ရှိ မြစ်ကျောက် ထုတ်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အစိုးရအဖွဲ့၏ ကန့်သတ်မှု များကြောင့် လုပ်ငန်းရှင်များက မဝေဖန်သော်လည်း ဧရာဝတီမြစ် အတွင်းမှ မြစ်ကျောက်စရစ်ထုတ် ယူမှုများသည် များပြားနေဆဲဖြစ် ပြီး တရားမဝင်ခိုးထုတ်ယူမှုများ လည်း ရှိနေဆဲဖြစ်ကြောင်း မကွေးတိုင်းအတွင်း မြစ်ကြောင်းတစ် လျှောက်ရှိ ဒေသခံများက ပြော သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က သရက်မြို့နယ်အပိုင် ကမ်းနီး ကျေးရွာအနီးတွင် နယ်ကျော် ရောင်းချခွင့်မရှိဘဲ တွဲရေယာဉ် ပေါ်သို့ မြစ်ကျောက်စရစ်များ တရားမဝင်ထုတ်ယူတင်ဆောင် နေသည်ကို သရက်မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက တွေ့ရှိခဲ့ပြီး သရက်မြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားမှုတစ်ခု ဖြစ်ပွား ခဲ့သည်။

ထို့အပြင် အောင်လံမြို့နယ် တွင်လည်း တရားဝင်လိုင်စင်ရရှိ ထားသူ လုပ်ငန်းရှင်များက တရား မဝင် ကျောက်စရစ်ခိုးထုတ်ယူမှု များရှိနေကြောင်း တိုင်ကြားသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရကြောင်း အောင်လံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

‘‘ကျွန်တော်တို့က နှစ်စလိုင် စင်လျှောက်ကတည်းက အလုပ် ကမလုပ်ရသေးဘူး။ တစ်နှစ်တာ ထုတ်မယ့် အရေအတွက်အခွန်ကို နှစ်ရစ်၊ သုံးရစ်ခွဲပြီး ပေးသွင်းရ တယ်။ ခိုးထုတ်တဲ့သူက ဘာမှ ကြိုရင်းရတာမရှိဘူး။ တိုင်လို့ ဖမ်းခံရရင် အခွန်ဆောင်လိုက်မယ်။ အဖမ်းမခံရရင် အသားချည်းစား မယ်ဆိုတော့ အဲဒီလိုလုပ်တာက ပိုအဆင်ပြေသလိုဖြစ်နေပြီ’’ဟု မြစ်ကျောက်စရစ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထို့အပြင် မြစ်ကျောက်စရစ် ကို တိုင်းပြင်ပသို့ သယ်ယူရာတွင် ကုန်းလမ်းထက် မြစ်ကြောင်းက သာ အများဆုံး သယ်ယူပို့ဆောင် ခြင်းဖြစ်သောကြောင့် တိုင်းပြင်ပ သယ်ယူရောင်းချခွင့်ကို ဌာနအ ဆင့်ဆင့်သို့ တင်ပြလျှောက်ထား ရသည်ထက် မြစ်ကြောင်းအတွင်း စစ်ဆေးရေးဂိတ်ကဲ့သို့ ဂိတ်တစ် ခုထားရှိကာ အခွန်စည်းကြပ်စေ သောစနစ်ဖြင့် ဆောင်ရွက်ပေးပါ က ပိုမိုလွယ်ကူမြန်ဆန်မည်ဖြစ် ကြောင်း လုပ်ငန်းရှင်များက အ ကြံပြုသည်။

‘‘ဌာနနှစ်ခု၊ သုံးခုသွားဖို့ဆို တာ လုံးဝမလွယ်ပါဘူး။ ဒီတော့ လမ်းကြောင်းမှာ ဂိတ်ချပြီး ကြီး ကြပ်တာဖြစ်ဖြစ်၊ စိတ်ချရတဲ့ဌာန တစ်ခုကို ကွင်းဆင်းစစ်၊ လုပ်ငန်း ခွင်အရောက် လိုင်စင်လာထုတ် ပေး၊ မျောလာထုတ်ပေးဆိုရင် လုပ်ငန်းရှင်က အဆင်ပြေတော့ အခွန်ကို တိတိကျကျပဲ ဆောင် လာကြမှာပါ’’ဟု မြစ်ကျောက် စရစ်လုပ်ငန်းရှင်က ပြောသည်။

‘‘အစိုးရက တင်ဒါပေးတယ် ဗျာ။ လိုင်စင်ပြရမယ်လို့တော့ပါ တယ်။ ဒါပေမဲ့ တိတိကျကျဆောင် ရွက်ခြင်းမရှိဘူး။ လိုင်စင်သက် တမ်းကုန်နေတာလည်း ပြလို့ရ တယ်။ သူများလိုင်စင်လည်း ပြ လို့ရတယ်။ ဒီတော့ ငါးပွက်ရာ ငါးစာချတဲ့လုပ်ငန်းရှင်တွေပဲ တင်ဒါရကြတယ်။ အမှန်တကယ်လုပ် တဲ့သူတွေက တစ်ဆင့်ခံဖြစ်ကုန် တယ်။ သူတို့လိုင်စင်ရှိသူဆီက နည်းနည်းပဲ ဝယ်တယ်။ ခိုးထုတ် တဲ့သူဆီက များစွာဝယ်တယ်။ ဒါ မှမဟုတ် သူတို့ကိုယ်တိုင်ထုတ် တယ်။ ထုတ်သလောက် အခွန် ဆောင်တယ်ပဲထား၊ တကယ်နှစ် စဉ်လုပ်နေတဲ့ လုပ်ငန်းရှင်က မလုပ်ခင် နှစ်စကတည်းက အခွန် ကို ချေးငှားဆောင်ထားရတာ လေ။ အရမ်းနစ်နာရပါတယ်’’ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တိုင်းအစိုးရက ထုတ်လုပ် ရေးတွင် ထိုသို့ပြဿနာရှိသော် လည်း ရန်ကုန်ဈေးကွက် မြစ် ကျောက်စရစ်တွင် တိုင်းကျော် ရောင်းချခွင့် ခေတ္တပိတ်ပင်ခဲ့ပြီး နောက် ကျောက်စရစ်တစ်ကျင်း လျှင် ကျပ်ရှစ်သောင်းခွဲအထိ ဈေး မြင့်တက်ခဲ့သော်လည်း ပြန်လည်ခွင့်ပြုပေးခဲ့ပြီးနောက် ကျောက် စရစ်တစ်ကျင်းလျှင် ကျပ်ငါး သောင်းခွဲသို့ ပြန်လည်လျော့ကျ လာခဲ့သည်။

‘‘အစိုးရက ကျောက်စရစ်ကို နယ်မှာ စုပ်ယူတင်သွင်းခွင့် တစ် လလောက်ပိတ်လိုက်တော့ ပစ္စည်းဈေးကွက်မှာ ပြတ်လပ်ပြီး ဈေး တက်သွားတယ်’’ဟု ရန်ကုန်မြို့ရှိ ဝဏ္ဏအောင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဒိုင်ပိုင်ရှင် ဦးရဲ လင်းထိုက်က ပြောသည်။

ကျောက်စရစ်ဈေးကွက် သည် ရန်ကုန်မြို့၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ဈေးကွက်နှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် အိမ်ခြံမြေဈေးကွက်ကောင်းခဲ့သော ၂၀၁၄၊ ၂၀၁၅ တွင် ရန်ကုန်တွင် ကျောက်စရစ်တစ်ကျင်း တစ် သိန်းနှစ်သောင်းကျပ်အထိ ဈေး ကောင်းခဲ့သည်။ သို့သော် ယခု ၂ နှစ်အတွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက် အေး နေသဖြင့် လက်ရှိတွင် တစ်ကျင်း လျှင် ကျပ်ငါးသောင်းခွဲခန့်အထိ ကျဆင်းလာပြီး ဈေးထပ်ကျမည် ကို ထုတ်လုပ်ရောင်းချသူများ စိုးရိမ်နေကြသည်။

သို့သော် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးသမားများ၊ လွှတ်တော်အမတ်များ စိုးရိမ်မှုသည် အခြားအရာတစ်ခုဖြစ်၏။ မြစ်ကျောက်အလွန်အကျွံထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မည့်အရေး ဖြစ်သည်။ မြစ်ကျောက်ထုတ်လုပ်ငန်းများနှင့်ပတ်သက်ပြီး စည်းစနစ်တကျ ထုတ်ယူမှုမရှိခြင်းကြောင့် မြစ်ကမ်းများနှင့် မြစ်ကြောင်းအနည်းနှင့်အများ ထိခိုက်မှုရှိနေကြောင်း မကွေးတိုင်း အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအဖွဲ့ ဒါရိုက်တာ ကိုအိုလာက ပြောသည်။

‘‘သဘာဝသယံဇာတကို နည်းစနစ်တကျနဲ့ ထုတ်ယူမှုဖြစ် ရအောင် ဌာနတစ်ခုနစ်ခုတည်း က လုပ်ကိုင်ခွင့်ချထားပေးတာမျိုးမဟုတ်ဘဲ လွှတ်တော်က သဘာဝပတ်ဝန်းကျင်ကော်မတီလိုမျိုး ကော်မတီတွေ၊ တတ်သိကျွမ်း ကျင်တဲ့ ပညာရှင်တွေ၊ အဖွဲ့အ စည်းတွေပေါင်းစပ်ပြီးမှ ဒီနေရာ ကတော့ ထုတ်သင့်တယ်။ ဒီနေ ရာကတော့ ထုတ်လုပ်ခွင့်မပြုသင့် ဘူး။ စသဖြင့် ကွင်းဆင်းစစ်ဆေး ထုတ်ပြန်တာတွေ၊ တစ်လတစ် ကြိမ်လောက်ဖြစ်ဖြစ် လက်တွေ့ ကွင်းဆင်းစစ်တာတွေ လုပ် ဆောင်သင့်တယ်လို့ မြင်တယ်’’ ဟု ၎င်းက သဘာဝသယံဇာတများ ရေရှည်ထုတ်ယူနိုင်ရေးနှင့်ပတ် သက်၍ အကြံပြုသည်။

ထို့ကြောင့် နိုင်ငံအတွက် အခွန်အခလည်း သင့်တင့်စွာရ၊ သဘာဝပတ်ဝန်းကျင်လည်း မထိ ခိုက်စေဘဲ လုပ်ငန်းရှင်များနှင့် ဒေသခံများလည်း အလုပ်ဖြစ် သော မျှခြေအဖြေတစ်ခုလိုအပ် နေကြောင်း ၎င်းတို့က သုံးသပ် သည်။။