လီဗာပူးနောက်ခံလူ ဂျိုရယ်မာတစ်ပ် စပါးတပ်မော်စကိုနှင့်ပွဲ လွဲချော်မည်

 ချန်ပီယံလိဂ်အုပ်စုပိတ် ပွဲအဖြစ် ယနေ့ညကစားမည့် စပါးတပ်မော်စကိုနှင့် ပွဲတွင် နောက် ခံလူဂျိုရယ်မာတစ်ပ်လွဲချော်မည် ဆိုသော သတင်းများကို လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က ငြင်း ဆိုခြင်းမရှိသော်လည်း ဒဏ်ရာ ကြောင့် တစ်လခန့် နားနိုင်သည် ဆိုသော မှန်းဆမှုများကိုမူ ပယ်ချ ခဲ့သည်။

ကင်မရွန်းလက်ရွေးစင် မာ တစ်ပ်သည် ဘရိုက်တန်ကို ၅- ၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် လွဲ ချော်ခဲ့သလို ဒီဇင်ဘာ ၁၀ ရက်တွင်ကစားမည့် အဲဗာတန်နှင့် ပွဲကို လည်း လွဲချော်ဖွယ်ရှိသည်။

‘‘သူ့ပေါင်က ကြွက်သားတွေ က နာကျင်နေပါတယ်။ သူဘယ် လောက်ကြာကြာ နားရမလဲဆို တာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ စပါးတပ်မော်စကိုနဲ့ ပွဲကို  သေချာပေါက်လွဲချော်မှာပါ’’ဟု ဂျာ ဂန်ကလော့ပ်ကပြောသည်။

လီဗာပူးသည် အုပ်စု (E)  တွင် ကိုးမှတ်ဖြင့် ထိပ်ဆုံးနေရာ ရောက်နေပြီး ဆီဗီလာက ရှစ်မှတ်၊စပါးတပ်မော်စကိုက ခြောက် မှတ်ဖြင့် အသီးသီးရပ်တည်နေ သည်။ လီဗာပူးက စပါးတပ် မော်စကိုကို အနိုင်ယူခြင်း မရှိလျှင်မာရီဘောနှင့် ပွဲချောင်ကစားရ မည့် ဆီဗီလာက အုပ်စုဗိုလ်ဖြစ် သွားနိုင်သည်။

အုပ်စု (F)တွင်မန်စီးတီးက အုပ်စုဗိုလ်ဖြစ်ရေး သေချာပြီး နောက် ရှက်တာဒိုးနက်စ်နှင့် နာပို လီတို့သာ ဒုတိယနေရာလုရမည်ဖြစ်သည်။ ရှက်တာဒိုးနက်စ်က မန်စီးတီးကို အိမ်ကွင်းတွင် လက်ခံကစားမည်ဖြစ်ပြီး နာပိုလီက ဖီယင်နုကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နာပိုလီအ နေဖြင့် နောက်တစ်ဆင့်တက်လို လျှင် ဖီယင်နုကို အနိုင်ကစားပြီး မန်စီးတီးက ရှက်တာဒိုးနက်စ်ကို အနိုင်ရရန် မျှော်လင့်ရမည်ဖြစ် သည်။

အုပ်စု (G)တွင် ဘက်ဆစ် တက်ခ်က အုပ်စုဗိုလ်ဖြစ်ရေး သေချာခဲ့ပြီး ဒုတိယနေရာအတွက် ခုနစ်မှတ်ချင်းတူနေသော ပေါ်တို နှင့် လိုက်ပ်ဇစ်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မျက်နှာသစ်လိုက်ပ်ဇစ် အနေဖြင့် ဘက်ဆစ်တက်ခ်ထံမှ တစ်မှတ်ရအောင် ယူနိုင်ပြီး မိုနာ ကိုက ပေါ်တိုကို အနိုင်ရမှသာ အုပ်စုမှ ကျွတ်မည်ဖြစ်သည်။

အုပ်စု(H) တွင်မူ စပါးနှင့် ရီးရဲလ်မက်ဒရစ်တို့ နောက်တစ် ဆင့်သို့ တက်ရောက်ပြီးဖြစ်၍ ယင်းအုပ်စုပိတ်ပွဲစဉ်များမှာ အ ခြားအုပ်စုပွဲစဉ်များကဲ့သို့ အကြိတ်အနယ်ဖြစ်မည်မဟုတ်ဟု အများ က ခန့်မှန်းသည်။

ထိုအတောအတွင်း အက်ဖ် အေဖလား တတိယအဆင့်ပွဲစဉ် များ ထွက်ပေါ်လာရာ လီဗာပူး သည် အဲဗာတန်နှင့် တွေ့ဆုံပြီး မန်ယူက ဒါဘီနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ Ref:Skysports.com/ap

Top News