ဝက်စ်ဘရွန်းအသင်း ကမ်းလှမ်းမှုကို နည်းပြအဖွဲ့ဝင်ဂရေးဖရန်စစ် ပယ်ချ

နည်းပြသစ် အလန်ပါ ဂျူးလက်အောက်တွင် တာဝန် ထမ်းဆောင်ပြီး အသင်း၌ ဆက်လက်နေပေးရန် ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် နည်းပြအဖွဲ့ဝင် ဂရေးဖရန်စစ်သည် ဂုဏ်သိက္ခာ ပိုင်းအရ ဝက်စ်ဘရွန်းအသင်းမှ ထွက်ခွာမည်ဖြစ်သည်။

စတုတ်စီးတီးနှင့် ခရစ္စတယ် ပဲလေ့စ်တို့တွင် နည်းပြတိုနီပူး လစ်၏ လက်ထောက်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူ ဂရေးဖရန် စစ်သည် ဝက်စ်ဘရွန်းနည်းပြ ဟောင်း တိုနီပူးလစ်၏ နည်းပြ အဖွဲ့သို့ ၂၀၀၈ က ရောက်ရှိခဲ့ သည်။တိုနီပူးလစ်သည် ဝက်စ်ဘ ရွန်းကို ၂၀၁၅ ဇန်နဝါရီက စ တင်ကိုင်တွယ်ခဲ့သော်လည်း ယခု နှစ်ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားပြီးနောက် ပြီးခဲ့သည့်လ က ထုတ်ပယ်ခံရသည်။ ထို့နောက်တိုနီပူးလစ်၏နေရာကို အလန်ပါ ဂျူးက ပြီးခဲ့သည့်သီတင်းပတ်က အစားထိုးဝင်ရောက်ခဲ့သည်။

‘‘ကျွန်တော့်ဘက်က ဂုဏ် သိက္ခာပိုင်းဆိုင်ရာကြောင့် အ သင်းမှာ ဆက်နေဖို့ အလန်ပါဂျူးနဲ့ ဝက်စ်ဘရွန်းရဲ့ ကမ်းလှမ်းမှုကို လက်မခံနိုင်ဘူးလို့ခံစားရတာနဲ့ ဒါက ပတ်သက်ပါတယ်’’ဟု ဂရေးဖရန်စစ်က ပြောသည်။

နည်းပြသစ်အလန်ပါဂျူးနှင့် အတူ အရည်အချင်းရှိသော ကစားသမားများသည် မကြာမီအတွင်း ဝက်စ်ဘရွန်းအသင်း၏ ကံကြမ္မာ ကို မှန်ကန်သော လမ်းကြောင်းသို့ ပြောင်းလဲပေးပြီး အမှတ်ပေး ဇယားတွင် အဆင့်တက်အောင် စွမ်းဆောင်ပေးမည်ဆိုခြင်းမှာ သေချာကြောင်း ဂရေးဖရန်စစ်က ထပ်လောင်းပြောကြားသည်။

ထိုအတောအတွင်း ဝက်စ် ဘရွန်းနည်းပြသစ် အလန်ပါဂျူး က ကွင်းလယ်လူ ခရစ်ဘန့်နှင့် တောင်ပံကစားသမားဖီးလစ်တို့ သည် ဒီဇင်ဘာ ၉ ရက်တွင် ကစားမည့် ဆွမ်ဆီးနှင့် ပွဲမတိုင်မီ ဒဏ် ရာပြဿနာများမှ ကင်းစင်ရန် နီး စပ်နေပြီဟု ပြောသည်။

‘‘ဖီးလစ်နဲ့ ဘန့်ကို ကျွန်တော်တို့ ပြန်တွေ့ရဖို့ မျှော်လင့်နေပါ တယ်။ သူတို့နှစ်ယောက် ပြန် ကစားနိုင်တာက အသင်းအတွက် သတင်ကောင်းပါ’’ဟု အလန်ပါ ဂျူးက ပြောပြီး နောက်ခံလူ ဒေါ် ဆန်သည် ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာကာ ကွင်းလယ်လူ ဂါရက်သ်ဘယ်ရီသည် ဒူးကောက်ကြောဒဏ်ရာကြောင့် ဆေးဝါးကုသမှု ခံယူနေသည်ဟု ဆိုသည်။

အလန်ပါဂျူး ပထမဆုံး ကိုင်တွယ်သော ပွဲတွင် ဝက်စ်ဘ ရွန်းသည် ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိသရေကျပြီး လက်ရှိတွင် တန်းဆင်းဇုန်အထက် သုံးမှတ်အ ကွာ၊ ၁၃ မှတ်ဖြင့် အဆင့် (၁၈) ၌ရပ်တည်နေသည်။

—Ref:Reuters/espn/can