အရိုက်ခံရသည့် သံဃာထံ လွှတ်တော်ကော်မတီသွားရောက်တွေ့ဆုံမည်

ရိုက်နှက်ခဲ့သူတစ်ဦးကို ထပ်မံဖမ်းမိပြီး လူဝတ်လဲထားသော သံဃာဖြစ်
ထောက်ကြန့် ဘီယာဆိုင်တွင် ရိုက်နှက်ခံခဲ့ရသည့် သံဃာနှင့်ပတ်သက်၍ လွှတ်တော်ကော်မတီက ဒေသတွင်းတာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၄ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − Yan Aung FB)

 ထောက်ကြန့်မြို့နယ်ရှိစားသောက်ဆိုင်တွင် အရိုက်ခံရသည့် ဆရာတော်ဦးဣန္ဒကထံ ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆေးရေးကော်မတီက ရက်ပိုင်းအတွင်း သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မတီဝင်  လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က ပြောသည်။

‘‘၈ ရက်နေ့လောက်တွေ့ဖို့ မှန်းထားတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ ဘာဆက်လုပ်မလဲပေါ့။ ကော်မတီအနေနဲ့ကတော့ ဒီကိစ္စ ကို နီးနီးကပ်ကပ် စောင့်ကြည့်နေ တယ်။ မှန်မှန်ထိထိရောက်ရောက် ဖြစ်ဖို့အတွက် ပူးပေါင်းပါဝင်မယ်’’ ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်ကော်မတီက ဒီဇင်ဘာ၎ ရက်တွင် အရေးပေါ် အစည်းအ ဝေးပြုလုပ်၍  ကွင်းဆင်းစုံစမ်း ခဲ့သည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း မသက်မသာ ခံစားရတယ်’’ဟု ဦးရန်အောင်က ပြောသည်။ ကော်မတီသည် သက်ဆိုင် ရာ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဥပဒေနှင့်အ ညီ ထိရောက်စွာဆောင်ရွက်နိုင် ရေး ဆွေးနွေးခဲ့ကြောင်း ၎င်းကဆို သည်။ ဆရာတော်ဦးဣန္ဒကသည် အရက်ဝယ်ရန်စားသောက်ဆိုင် အတွင်း ၀င်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ကော် မတီ၏တွေ့ရှိချက်ကို 7Day Daily ကမေးမြန်းရာ ‘‘လေ့လာရသလောက်တော့ ဘုန်းဘုန်းမိန့်တာတွေနဲ့ အတူတူပါပဲ။ ထွေအုပ်တွေ၊ တာဝန်ရှိသူတွေ၊ ရဲမှူးတွေနဲ့ ပြောရသလောက်လည်း ကွဲလွဲမှုမရှိပါဘူး’’ဟု ဦးရန်အောင်က ကော်မတီ၏ လေ့လာတွေ့ရှိချက်ကို ပြော သည်။ ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ(၂)စားသောက်ဆိုင်၌ ဘီယာဝယ်သည်ဟုဆိုကာ ဆိုင်ရှင်နှင့် အလုပ်သမားများက ဆရာ တော်ဦးက္ကန္ဒကကို  ၀ိုင်းဝန်းရိုက် နှက်ခဲ့ပြီး ကာယကံရှင်ဆရာတော် ကမူ  ဆေးသောက်ရန် ရေအလှူခံခြင်းသာဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး  ပြန်လည်ရှင်းလင်းထားသည်။  ဆရာတော်ဦးဣန္ဒက ကို ရိုက်နှက်ပြီးထွက်ပြေးတိမ်းရှောင်နေသည့် မြင့်ကျော်ဆိုသူကို ဒီဇင်ဘာ ၅ ရက်တွင် လက်ပံတန်းမြို့ ၌ ဖမ်းမိကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့က  ထုတ်ပြန် သည်။

ဦးမြင့်ကျော် ဆိုသူသည် တိမ်းရှောင်သွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ  ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အောင်လံကုန်းကျေးရွာ အောင်မြေတောရကျောင်းတိုက် ၌ ဖမ်းဆီးမိခဲ့သည်။ 

မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရသည် ခမုံရွာမ၊ ခမုံ ကျေးရွာအုပ်စု၊ အေးမြစံပျော် ကျောင်းတိုက် ကျောင်းထိုင်ဆရာ တော်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်မှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ(၂) စားသောက်ဆိုင်၌ သောက်စားနေစဉ် ယခုပြစ်မှုကို ကျူးလွန်ကြောင်း စစ်ဆေးပေါ် ပေါက်သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။ 

၎င်းသည် လူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ ကျေးရွာနှင့်အဆင်မပြေသော ဘုန်းကြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြသည်။