ရန်ကုန်-ပုသိမ်လမ်းတွင် တရုတ်နိုင်ငံသား မောင်းနှင်လာသော ယာဉ်က ယာဉ်သုံးစီးကို ဆင့်တိုက်

တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင် ယာဉ်က အခြားယာဉ်သုံးစီးကို ဆင့်တိုက်မိသည့်ဖြစ်စဉ် ရန်ကုန်-ပုသိမ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦး က ဆိုသည်။

ဒီဇင်ဘာ ၄ ရက် ညနေ  ၃ နာရီခွဲခန့်တွင် အဆိုပါ ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြော သည်။

ဒဂုံဧရာအဝေးပြေးဘက်မှ ဘုရင့်နောင် တံတားဘက်သို့ တရုတ်နိုင်ငံသား လျိုဖုန်စန့်မောင်း နှင်လာသည့် ONTE  အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် န၀ဒေးမှတ် တိုင် အရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး ဖီဒါအမျိုးအစားအငှားယာဉ်ကို တိုက်မိကာ ပရိုဘောက်စ်အငှားယာဉ်နှင့် ပါရာဒိုခဲရောင်ယာဉ်တစ်စီးကို ဆက်လက်တိုက်မိခဲ့ ကြောင်း ယာဉ်ထိန်းရဲအရာရှိက  ပြောသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် လေးစီးပျက်စီးကာ ပရိုဘောက်စ် အဖြူရောင်ယာဉ်မောင်း ဦးဝင်း ထွန်းတွင် ဒဏ်ရာများရရှိသဖြင့် လှိုင်သာယာဆေးရုံသို့ အတွင်းလူ နာအဖြစ် တင်ပို့ကုသခဲ့ရကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

 တရုတ်နိုင်ငံသား လျိုဖုန်းစန့် ကို လှိုင်သာယာမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ် မ ၂၇၉ အပြင်၊ အခြားသူအသက် ကို ဘေးဖြစ်စေသော အပြင်းအ ထန်နာကျင်စေမှုပုဒ်မ ၃၃၈ တို့ ဖြင့် အမှုဖွင့်အရေးယူထားသည်။ 

Top News