အကျပ်အတည်းအတွင်း အသော့နှင်သည့် ဗျူဟာမြောက်ခရီး

တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရန် စင်ပေါ်သို့ တက်ရောက်သွားသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − AP)

ဘဂါင်္လီအရေးနှင့် ပတ်သက်၍ ကုလနှင့်အနောက်နိုင်ငံများ က ဖိအားပေးနေချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ခြောက်လအတွင်း ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏တရုတ်ခရီးစဉ်အပြီး လေးရက်အကြာ နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်သို့ သွားရောက်ခဲ့သည်။

ထိုသို့ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦး အိမ်နီးချင်းနဂါးကြီးထံ ရှေ့ ဆင့်နောက်ဆင့်သွားရောက်ခြင်း က နိုင်ငံအတွက် မည်သို့အကျိုး ရလဒ်များ ထွက်ပေါ်လာနိုင်ပါသနည်း။

ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်အစိုးရ၏ အထူးဧည့် သည်တော်အဖြစ် ဘေဂျင်းမြို့၌ ကျင်းပသည့် တရုတ်ကွန်မြူနစ် ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက် ၍ မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ မတက် ရောက်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်သမ္မတ စီကျင်းပင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအ ကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည် ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို တရုတ်နိုင်ငံက ဆက်လက် အကူအညီပေးမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုတရုတ်ခရီးစဉ်သည် ပြီးခဲ့ သည့် မေလက သွားရောက်ခဲ့သည့် ခရီးစဉ်ထက် အဓိပ္ပာယ်ပိုမိုလေး နက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးတို့အတွက် အဓိကအရေးပါသည့် ခရီးစဉ်ဖြစ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။

အထူးသဖြင့် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဥရောပ၊ အမေရိကန်အပါအဝင် အနောက် နိုင်ငံအချို့နှင့် ဆက်ဆံရေးပုံရိပ် ကျဆင်းနေချိန်တွင် တရုတ်အစိုးရ ၏ အထူးဧည့်သည်တော်အဖြစ် သွားရောက်ကာ တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်းက လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းမှ ရုန်းထွက်ရန် အခွင့်အလမ်းကောင်းများရရှိမည်ဟု လေ့ လာသုံးသပ်သူများကရှုမြင်သည်။

‘‘တရုတ်ခရီးစဉ်ဟာ ပေါက် ဖော်မဟာဗျူဟာ ဆက်ဆံရေးကို ပိုမိုအားကောင်းစေတဲ့ ခရီးစဉ်ဖြစ် ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတ ကာအသိုင်းအဝိုင်းမှာ စိန်ခေါ်မှု တွေ၊ အကျပ်အတည်းတွေမြင့်မား နေတဲ့အချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က မာမားမတ် မတ်ရပ်နေတယ်ဆိုတာ ပြသခဲ့တာပါ’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုး သိမ်းက မှတ်ချက်ပြုသည်။

သို့ရာတွင် အမေရိကန်အပါ အဝင် အနောက်နိုင်ငံများ၏ဖိအား ပေးခြင်း၊ ပိတ်ဆို့အရေးယူခြင်း များက မြန်မာနိုင်ငံကို အနောက် နှင့် ကင်းကွာစေပြီး တရုတ်ဘက် သို့ တွန်းပို့သလိုဖြစ်သွားနိုင်သည် ကို သတိချပ်သင့်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအ တွက် ကုလသမဂ္ဂတွင် ဗီတိုအာ ဏာပိုင်ဆိုင်ထားသည့် တရုတ် နိုင်ငံနှင့် ရင်းနှီးသည့် ဆက်ဆံရေး မျိုးတည်ဆောက်ရန်မှာ အရေးပါ နေကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျုဒ် (ISP Myanmar) မှ တရုတ်ရေး ရာသုတေသနတာဝန်ခံ မခင်ခင် ကျော်ကြီးက သုံးသပ်သည်။

‘‘နိုင်ငံတကာ ပါတီများရဲ့ အဆင့်မြင့်ဆွေးနွေးပွဲကို အထူး ဧည့်သည်တော်အဖြစ် တက် ရောက်ခဲ့ပေမယ့် ဒီခရီးစဉ်အတွက် အဓိကတွန်းအားက ရခိုင်မှာ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ကာ ကွယ်ရပ်တည်မှုကို သေချာအောင်ဆွဲဆောင်ရန်ဖြစ်တယ်လို့ ယူဆ တယ်’’ဟု မခင်ခင်ကျော်ကြီးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတစီတို့ တွေ့ဆုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော သဘောတူညီ ချက်ရလဒ်များကို နှစ်နိုင်ငံစလုံးက အသေးစိတ် ထုတ်ပြန်ကြေညာ ခြင်းမရှိပေ။

မြန်မာအစိုးရ၏ ထုတ်ပြန် ချက်အရ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတစီတို့ တွေ့ဆုံရာတွင် နှစ် နိုင်ငံအကြား အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းကြီး များ၊ နှစ်ဖက်အဆင့်မြင့်ခေါင်း ဆောင်များအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်သွား လာရေးတို့အပြင် နှစ်နိုင်ငံပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖော်ဆောင်ရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံ မှုတွင် တိကျသည့် အဖြေထွက်ခဲ့ သည်မှာ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံတည်ဆောက်ရန် တရုတ်၏ ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူခဲ့ခြင်းဖြစ် သည်။

ယင်းအချက်သည်လည်း နိုဝင်ဘာတတိယပတ်တွင် မြန်မာ နိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ ခရီး စဉ်တွင် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ် ပြီး ယခုရီးစဉ်တွင် အတည်ပြု သဘောတူသည့် အခြေအနေဖြစ် ကာ အဆိုပါစီးပွားရေးစင်္ကြံလမ်း ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်မည့်အနေအထား ဖြစ်သည်။

နှစ်နိုင်ငံအကြား သဘောတူ လိုက်သည့် စီးပွားရေးစင်္ကြံလမ်း မှာ အိန္ဒိယ-တရုတ်-ဘင်္ဂလား ဒေ့ရှ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း နှင့် ချိတ်ဆက်လာနိုင်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

‘‘တရုတ်နိုင်ငံအတွက် မြစ်ဆုံရေကာတာစီမံကိန်းထက် ကူမင်း - မန္တလေး-ရန်ကုန်-ကျောက်ဖြူ  စီးပွားရေး စင်္ကြံလမ်းက ပိုအရေး ကြီးပါတယ်။ အဲဒီစီးပွားရေးစင်္ကြံ လမ်းနဲ့အတူ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ချိတ်ဆက်မယ့် ကားလမ်း၊ ရထားလမ်းတွေ ရုပ်လုံးပေါ်လာနိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ယင်းမှာ တရုတ်နိုင်ငံအတွက် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်သကဲ့သို့ မဟာဗျူဟာမြောက်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ အရေးပါ သည့် လမ်းကြောင်းလည်းဖြစ် သည်ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

နှစ်နိုင်ငံအစိုးရအာဘော်မီဒီ ယာများ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတစီတို့တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကို ထည့် သွင်းဆွေးနွေးကြောင်း သတင်း ထုတ်ပြန်မှုမျိုး မရှိသော်လည်း လက်ရှိအခြေအနေအရ ရခိုင်အ ရေးကို မဖြစ်မနေထည့်သွင်းဆွေး နွေးမည်ဟု လေ့လာစောင့်ကြည့် သူများက ယူဆကြသည်။

‘‘တရုတ်ကတော့ မြန်မာနိုင်ငံ အတွက် နိုင်ငံရေးရော၊ စီးပွားရေး ရော အရေးကြီးတဲ့နိုင်ငံဖြစ်နေတာ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်ရှိ နေပြီပေါ့။ အခုလည်း ဒီအတိုင်းပါ ပဲ။ အခုက ပိုအရေးကြီးတယ်။ တစ်ဖက်က နိုင်ငံတကာက ဖိအား တအားပေးနေတာကိုး။ အခုအချိန်မှာ တရုတ်နဲ့ဆက်ဆံရေးကောင်း ဖို့လိုအပ်တယ်’’ ဟု မြန်မာ့နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ ဆောင်းပါးရှင် ဦးဇေယျသူကမှတ် ချက်ပြုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို လိုအပ်နေချိန်ဖြစ်ပြီး နှစ် ဖက်စလုံးက လိုအပ်နေသည့် အ ချိန်ဖြစ်နေ၍ ဒေါ်အောင်ဆန်း စုကြည် တရုတ်သို့သွားရောက် ခြင်းက ကောင်းမွန်ကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက်လည်း တစ်ပါတည်းဆွေးနွေးနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

တရုတ်သည် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ တွင် မြန်မာဘက်မှ အခိုင်အမာ ရပ်တည်ထားပြီး ဒုက္ခသည်များနေ ရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ကြားဝင် စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီသည် ပြီးခဲ့သည့်နိုဝင်ဘာ တွင် မြန်မာနိုင်ငံသို့ မလာရောက် မီ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ ပြီး ဒုက္ခသည်များနေရပ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကာ ယင်းခရီးစဉ်အပြီး နေပြည်တော်သို့ လာရောက်စေ့ စပ်ညှိနှိုင်းပေးခဲ့သည်။

သို့ရာတွင် နိုင်ငံခြားရေးဝန် ကြီး ၀မ်ယီက နေပြည်တော်၌ ဒေါ် အောင်ဆန်းစုကြည်နှင့် သတင်း စာရှင်းလင်းပွဲပြုလုပ်ရာတွင် တ ရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်တစ် သဘောတည်းဖြစ်သည်ဟု သ တင်းထောက်များအား ပြောကြား ခဲ့ပြီး မြန်မာဘက်မှ ရပ်တည်မှုကို ပြသခဲ့သည်။

ယခင်က တရုတ်၏ နိုင်ငံခြား ရေးမူဝါဒသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက် ဖက်ခြင်းမပြုဟု စွဲကိုင်ခဲ့သော် လည်း ၂၀၁၅ နောက်ပိုင်းတွင် မူဝါဒပြောင်းလဲကာ ၎င်းတို့၏အ ကျိုးစီးပွားနှင့်ဆက်စပ်သည့် နိုင်ငံ များ၏ ပြည်တွင်းရေးကိုကြားဝင် ညှိနှိုင်းပေးခြင်း၊ တက်တက်ကြွကြွ ဆောင်ရွက်ခြင်းကို ပိုမိုတွေ့လာရ ကြောင်း ပြည်တွင်း၊ ပြည်ပနိုင်ငံ ရေးအကဲခတ်သူများကဆိုသည်။

ယင်းအချက်ကို မကြာသေးမီက အိန္ဒိယအခြေစိုက် The Econ-omic Times တွင် မြန်မာနှင့် ဇင် ဘာဘွေနိုင်ငံတို့၏ ပြည်တွင်းရေး တို့၌ တရုတ်၏ကြားဝင်မှုကို ဥပမာပေးရေးသားထားသည့် From Myanmar to Zimbabwe, China’s global footprint grows ဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လည်း တရုတ်၏ပါဝင်မှုကိုလျစ် လျူရှုထား၍ မရပေ။ အနီးစပ်ဆုံး ဥပမာတစ်ခုကို ပြရလျှင် ပြီးခဲ့သည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ဆွေး

နွေးပွဲသို့ မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့ တက်ရောက်လာခြင်းသည် တရုတ်အစိုးရ၏ ပါဝင်မှု ကြောင့် ဖြစ်သည်။

ထို့အတွက်လည်း အချိန်တို အတွင်း မြန်မာ့ငြိမ်းချမ်းရေးရှေ့ ရောက်ရေးသည် တရုတ်၏ ကူညီမှုမှာ အရေးကြီးသည့် အခန်းကဏ္ဍ မှ ပါဝင်နေသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်၏ တရုတ်ခရီးစဉ်သည် ရခိုင်ပြည်နယ်အရေး၊ နိုင်ငံ့စီးပွား ရေး၊ ငြိမ်ချမ်းရေးတို့အတွက် အ ဖြေရှာခြင်းဖြစ်ပြီး ယင်းခရီးစဉ်က တစ်ချက်တည်းဖြင့် သုံးချက်ပြတ် နိုင်သည့် အခြေအနေဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့် ကြည့်သူ ဦးရဲထွန်းက မှတ်ချက်ပြု သည်။

ရခိုင်ပြည်နယ်အရေးကြောင့် ပိတ်ဆို့အရေးယူမှုများ ဖြစ်လာနိုင် ၍ ဥရောပနှင့် အနောက်နိုင်ငံများ က မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ် နှံရန် လက်တွန့်နေချိန်တွင် နိုင်ငံ့စီး ပွားရေးကို ဆွဲတင်ရန် တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုက များစွာအရေး ပါနေသည်။

‘‘လာမယ့်သုံးနှစ်မှာ စီးပွား တက်အောင် မလုပ်နိုင်ရင် လာ မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ (ဒီ ချုပ်က) အလားအလာ သိပ်မ ကောင်းနိုင်ဘူး။ ဒါကြောင့် စီးပွား တက်ဖို့လိုနေပြီ။ ဒါကြောင့်မို့ ဒီ ဘက်ကိုပဲ ပူးပေါင်းဆောင်ရွက်ဖို့ မျက်စိမှိတ်ပြီး ရွေးရေတော့မယ့် အနေအထားဖြစ်လာတာပေါ့’’ ဟုယခင်လွှတ်တော်သက်တမ်းမှ သီပေါအမတ်ဟောင်း ဦးရဲထွန်း က သုံးသပ်သည်။

ဥရောပနှင့်အနောက်နိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံ၏ အခြေ အနေမှန်ကို သဘောပေါက်သင့် ပြီး တရုတ်နှင့် အလွန်နီးစပ်မည်ကို စိုးရိမ်ပါကမြန်မာပြည်နှင့်ဆက်ဆံ ရေးတွင် သတိထားသင့်ကြောင်း ဦးဇေယျသူကအကြံပြု သည်။

‘‘မြန်မာပြည်ကတော့ အခုအ ချိန်ကတော့ တကယ်ကိုထူးခြား တဲ့ အခြေအနေဖြစ်နေတယ်ပေါ့။ အစဉ်အလာအရ အခုနောက်ပိုင်း ခြောက်နှစ်၊ ခုနစ်နှစ်လောက်မှာ နိုင်ငံတကာ အထူးသဖြင့် အ နောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းလာပြီးမှ အခုလိုမျိုး ပြောင်းသွားတဲ့ဟာကတော့ မြန်မာ တွေအနေနဲ့ ကြံ့ကြံ့ခံထားရမယ်။ အရှေ့ဘက်က နိုင်ငံတွေနဲ့ဆက် ဆံရေးကို အရင်ကထက် တိုးချဲ့ဖို့ လိုတယ်ပေါ့’’ ဟု ၎င်းကပြောကြား သည်။

သို့ရာတွင် ရခိုင်ပြည်နယ်အ ရေးကြောင့် အနောက်နိုင်ငံများ နှင့် ပိုမိုဝေးကွာသွားပြီး တရုတ် နိုင်ငံနှင့် နီးကပ်လာသည့် အခြေ အနေ၌ မြန်မာအစိုးရအနေဖြင့်  အနောက်နိုင်ငံများနှင့် သံတမန် ရေးအရ ချိန်ခွင်လျှာမျှအောင်ပြန်လည်ကြိုးစားသင့်ကြောင်း မခင် ခင်ကျော်ကြီးက အကြံပြုသည်။

ထို့အတူ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွင်လည်း တရုတ်က အ ခြားနိုင်ငံများထက် အားသာချက်များရှိသော်လည်း စီးပွားရေးအ ကျိုးအမြတ်သာမက လူမှုရေး၊ သဘာဝပတ်ဝန်းကျင်သက်ရောက် မှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ တာဝန်ယူ၊ တာဝန်ခံမှုမျိုးတို့လည်း ထည့်သွင်းစဉ်း စားသင့်ကြောင်း ၎င်းကဆက် လက်အကြံပြုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအ တွက် တရုတ်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာ မျက်နှာစာများတွင် အရေးကြီးသ ကဲ့သို့ တရုတ်အတွက်လည်း မြန်မာက ပထဝီဝင်နိုင်ငံရေး (geo - politics) အရ မဟာဗျူဟာကျ နေသဖြင့် နှစ်နိုင်ငံအကျိုးစီးပွားကို မျှခြေရှိစွာ ကြိုးစားဖော်ဆောင်သင့်ကြောင်း လေ့လာစောင့်ကြည့် သူအများစုက သုံးသပ်သည်။