ပရီးမီးယားလိဂ်ချန်ပီယံဆု အချိုးအကွေ့ ဖြစ်လာနိုင်တဲ့ မန်ချက်စတာဒါဘီ

လာမယ့် သီတင်းပတ်ကုန်မှာ တော့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုနဲ့ပတ်သက်လို့ အဓိကအချိုးအ ကွေ့ဖြစ်လာနိုင်တဲ့ မန်ချက်စတာ ဒါဘီပွဲကို ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် တော့ မန်ချက်စတာစီးတီးက အ မှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရှစ် မှတ်ဖြတ်ပြီး အရှိန်ကောင်းကောင်း နဲ့ ဦးဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၀ ရက် အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ စီးတီးက သာ အနိုင်ရခဲ့ရင် ဒီရာသီ
ချန်ပီယံဆုဟာ အဖြေပေါ်ပြီးသားအခြေအ နေလောက် ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ အိမ်ရှင်ယူနိုက်တက် ကသာနိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီ ယံလုပွဲက ပိုပြီး အကြိတ်အနယ်ရှိ လာမယ့် သဘောပါပဲ။


မန်နေဂျာ ဂျိုးဆက်ပ် ဂွာဒီယို လာကိုင်တွယ်နေတဲ့ စီးတီးဟာ အံ့ဩစရာ ပုံစံကောင်းမျိုးနဲ့ ဒီနှစ် ဘောလုံးရာသီကို ဖြတ်သန်းပြနေ ပါတယ်။ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးချိန်မှာ၁၄ ပွဲ အနိုင်ရထား ပြီး ရှုံးပွဲမရှိသေးဘူး။ နောက်ဆုံး ၁၃ ပွဲဆက်တိုက်အနိုင်ယူခဲ့ရာမှာ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင် နယ်လို အသင်းတွေတောင် စီးတီး ကို မတားဆီးနိုင်ခဲ့ပါဘူး။ လက်ရှိ စီးတီးရဲ့အခြေအနေက လူအင် အားအရရော၊ စိတ်ဓာတ်ပိုင်းအ နေနဲ့ပါ အမြင့်ဆုံး အနေအထားကို ရောက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲ ဆက် ဂိုးမပြတ်တော့ဘဲ ၁-၂ ဆို တဲ့ ရလဒ်နဲ့သာ နိုင်ထားတာကို တော့ တွေ့ရပါတယ်။

ယူနိုက်တက်ကတော့ ရာသီ အစပိုင်းမှာ စီးတီးနဲ့အပြိုင် ပုံစံ ကောင်းရခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့် ယိမ်းယိုင် ခဲ့ပါတယ်။ အဓိကကွင်းလယ် ဖန်တီးရှင်ပေါလ်ပေါ့ဂ်ဘာ ဒဏ် ရာရခြင်းက အသင်းရဲ့ ခြေစွမ်း တည်ငြိမ်မှုကို ပျက်ပြားစေခဲ့ ကြောင်း မန်နေဂျာဟိုဆေးမော် ရင်ဟိုကဝန်ခံထားတယ်။ မန်ချက် စတာဒါဘီမှာလည်း ပေါ့ဂ်ဘာ ပါဝင်နိုင်ဖွယ်မရှိဘူး။ အကြောင်း ကတော့ အာဆင်နယ်နဲ့ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်ထိခဲ့တာ ကြောင့်ပါ။ ယူနိုက်တက်က ပေါ့ဂ် ဘာရဲ့ အနီကတ်ကိုအယူခံဝင်ဖို့ စဉ်းစားနေပေမယ့် အာဆင်နယ်ခံ စစ်မှူးဟက်တာဘယ်လာရင်ကို နင်းမိခဲ့သလို ထင်ထင်ရှားရှားဖြစ် နေတာကြောင့် အယူခံအောင်မြင် နိုင်ခြေမရှိသလောက်ပါပဲ။

ဒါကြောင့် ခြေစွမ်းနဲ့ စုဖွဲ့မှု မှာ ဧည့်သည်အသင်းက တော် တော်ကြီး သာနေပါတယ်။ အ သင်းကြီးတွေနဲ့ရင်ဆိုင်ရင် ခံစစ် ကို လွန်လွန်ကဲကဲ အာရုံစိုက်တတ် တဲ့ မော်ရင်ဟိုရဲ့ ညာဉ်နဲ့ စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကြောင့် ဒီပွဲမှာ အိမ်ရှင် အသင်းက ဘောလုံးများများကိုင် ကစားနိုင်ဖွယ် မရှိပါဘူး။ ထူးခြား မှုတစ်ခုက ပေါ့ဂ်ဘာ ဒဏ်ရာက သက်သာလာပြီးတဲ့နောက်ယူနိုက် တက်ဟာ ပရီးမီးယားလိဂ်လေးပွဲ ဆက်အနိုင်ရခဲ့ပြီး သုံးပွဲက ဂိုးပြတ် ခဲ့ပါတယ်။ ဒါဟာ ပေါ့ဂ်ဘာ ပါဝင် ခြင်း၊ မပါဝင်ခြင်းက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်မှု ဘယ်လောက်ကြီးသလဲဆိုတာကို ပြနေတာဖြစ်ပါတယ်။

စီးတီးဟာ လက်ရှိ ခြေစွမ်းအ ရ အားနည်းချက်ရှာရခက်လွန်းတဲ့ အသင်းတစ်သင်းအဖြစ် အသိအ မှတ်ပြုရပါလိမ့်မယ်။ ဒါပေမဲ့ တိုက်စစ်ကို ဖိကစားလွန်းတဲ့ ပုံစံ ကြောင့် အသင်းငယ်တွေကို တောင် ဂိုးတွေပြန်ပေးနေရတာကို လည်း သတိထားရပါမယ်။ အိမ် ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အန် ထော်နီမာစီရယ်လ်၊ ရိုမီလူလူ ကာကူနဲ့ ယက်စီလင်းဂတ်တို့လို မြန်နှုန်းမြင့်ကစားသမားတွေက စီးတီးကို တန်ပြန်တိုက်စစ်နဲ့ ခြိမ်း ခြောက်နိုင်အောင် မော်ရင်ဟိုက အသေအချာပြင်ဆင်လာမှာ သံ သယရှိစရာ မလိုပါဘူး။ ပြီးတော့ မာရူအင်ဖယ်လိုင်နီလို ကစားသ မားမျိုးကို ထည့်သုံးပြီးအမြင့်ဘော တွေနဲ့ တန်ပြန် ဖိအားပေးတာမျိုး လည်းမြင်ရနိုင်ပါတယ်။ ကြား ရက်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံ လိဂ် အုပ်စုအပိတ်ပွဲစဉ်အပေါ် အခြေခံပြီး နှစ်သင်းစလုံးရဲ့ ပွဲ ထွက် လူစာရင်းမှာအပြောင်းအလဲ တွေ ရှိကောင်းရှိနိုင်ပါတယ်။ 

သေချာတာကတော့ ဒါဘီပွဲ စဉ်ပီပီ နှစ်သင်းစလုံး လျှော့ကစား မှာ မဟုတ်ပါဘူး။ ပေါ့ဂ်ဘာ မပါ တဲ့ ယူနိုက်တက်ကွင်းလယ်ဟာ ဒေးဗစ်ဆေးလ်ဗား ဦးဆောင်တဲ့ စီးတီးကွင်းလယ်ကို လွှမ်းမိုးခွင့် ပေးလိုက်ရမယ်ဆိုရင်တော့ ပွဲဟာ ဧည့်သည်တွေ စိတ်ကြိုက်ဖြစ်သွား ပါလိမ့်မယ်။ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ စီးတီးဘက်က အသာရနေပေမယ့် ဒီရာသီရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ယူနိုက်တက်ရဲ့ အိမ်ကွင်း စွမ်း ဆောင်ရည်ကလည်း တကယ့်ကို ပြောင်မြောက်ထူးချွန်နေတာထည့် တွက်ရပါမယ်။

ချန်ပီယံဆုအတွက် အလှည့် အပြောင်း အချိုးအကွေ့တစ်ခုဖြစ် သွားနိုင်တဲ့ ဒီလိုပွဲစဉ်မျိုးမှာ အနိုင် အရှုံးရလဒ် ကွဲကွဲပြားပြားထွက် ပေါ်စေချင်တာက ပရိသတ်အများ စုရဲ့ဆန္ဒ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ နှစ်သင်းစလုံးက ဖိအားကိုယ်စီ ရှိနိုင်ပြီး ပွဲကိုထိန်းကစားမယ့်ကိစ္စ ကိုလည်း တွေးထားဖို့လိုပါတယ်။ ပွဲအပေါ် အချိန်ပြည့်အာရုံစူးစိုက် ထားဖို့လိုအပ်ပြီး တစ်ချက်ကလေး အာရုံလွတ်သွားရုံနဲ့ ပေးဆပ်မှု ကြီးသွားနိုင်ပါတယ်။ သွင်းဂိုးများ များမြင်ရဖို့တော့ သိပ်မမျှော်လင့် နိုင်ပါဘူး။ စီးတီးဘက်က ခြေစွမ်း ပိုသာပေမယ့် သရေတစ်မှတ်စီ ခွဲယူသွားမယ်ဆိုရင်လည်း မထူး ဆန်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။