အားကစားကြောင့် ပြန်လည်ရှင်သန်လာသူ

MMA ကစားသမားဖိုးသော် လေ့ကျင့်နေစဉ် ဓာတ်ပုံ − စိုင်းဇော်

ငယ်စဉ်က ကျန်းမာရေးချို့တဲ့မှုကြောင့် ဆေးရုံသို့မကြာခဏ ရက် ရှည်ကုသရသည့် လူငယ်လေး သည် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေရန်အထိ တွေးခဲ့ ဖူးသော်လည်း အားကစားကြောင့် ပြန်လည်ရှင်သန်လာခဲ့ကာ ယခုအခါ မြန်မာနိုင်ငံကိုယ်စားပြု MMA ဖိုက်တာတစ်ဦး ဖြစ်လာခဲ့ သည်။


အထက(၃)တာမွေမြို့နယ် တွင် ပညာသင်ကြားခဲ့သည့် ဖိုး သော်သည် ၁၀ တန်းနှစ်၌ အ သည်းရောင်အသားဝါရောဂါဖြင့် ဆေးရုံသို့တစ်လခန့် တက်ခဲ့ရပြီး စာမေးပွဲကိုဆေးရုံ၌ပင် ဖြေဆိုခဲ့ရ သည်။

၎င်း၏ဘ၀တွင် တီဘီ၊ အ သည်းရောင်အသားဝါ၊ နမိုးနီး ယား၊ နှလုံးအားနည်းရောဂါတို့ ကြောင့် ဆေးရုံမကြာခဏတက် ရသော်လည်း ကျန်းမာရန် အားက စားလိုက်စားရင်းဖြင့် အားကစား ကြောင့် ဘ၀အမြင်တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ကြောင်း ဖိုးသော်ကဘ၀ဖြတ်သန်းမှုကို ဖွင့်ဟသည်။

‘‘ငယ်ငယ်က ကျန်းမာရေး မကောင်းတဲ့အပြင် ကျွန်တော်က ပေတော့ ရောဂါတစ်ခုဖြစ်ရင် သူ များထက်ပိုဆိုးတယ်။ ကိုယ့်ကိုယ် ကိုယ် သတ်သေချင်လောက်တဲ့ အထိကို စိတ်ဓာတ်ကျဖူးတယ်။ ဒါပေမဲ့ ကျန်းမာဖို့အားကစား လိုက်စားရင်းနဲ့ အားကစားက ကျွန်တော့်ဘ၀ကို ပြန်လည်ရှင် သန်စေခဲ့တယ်’’ဟု အသက်(၃၃) နှစ်အရွယ် ဖိုးသော်က ပြောသည်။

မန္တလေးမြို့တွင် မွေးဖွားခဲ့ သည့် ဖိုးသော်သည် (၆)နှစ်အရွယ် ၁၉၉၀ ၌ မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ညီအစ်ကိုသုံးဦးရှိသည့် ဖိုးသော်၏မိသား စုတွင် အားကစားမျိုးရိုး မရှိသော် လည်း ဖိုးသော်နှင့် ၎င်း၏ညီ ကောင်းစည်သူတို့က အားကစားထူးချွန်သည်။ ကောင်းစည်သူသည် မြန်မာ့လက်ရွေးစင် ဘောလုံးသ မားဟောင်းဖြစ်ပြီး လက်ရှိတွင် မြန်မာလိဂ်ကလပ် ဆောက်သမ်း မြန်မာအသင်း၌ ကစားနေသည်။

ဖိုးသော်ဆိုသည်နှင့် ပရိ သတ်အများစုက သူ၏လက်ရှိ ဘ၀ MMA(ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရသည့်အားက စား)ကစားသမားအဖြစ်သာ လူသိများသည်။ သို့သော် ဖိုးသော်သည် သူ၏အားကစားသမားဘ၀ ကို MMA ဖိုက်တာအဖြစ် စတင်ခဲ့ခြင်း မဟုတ်ဘဲ ဘောလုံးသမား (ဂိုးသမား) ဘဝဖြင့် စခဲ့သည်။

အသက်(၁၇)နှစ်အရွယ်တွင် ဖိုးသော်သည် တက္ကသိုလ်လက် ရွေးစင် ဂိုးသမားအဖြစ် အားကစား သမားဘ၀ စတင်ခဲ့သည်။ ထို့ နောက်ဝန်ကြီးဌာန ဘောလုံးအ သင်းတစ်ခုဖြစ်သည့် ဘဏ္ဍာအ ခွန်လူငယ်အသင်း၌ ရွေးချယ်ခံရ သည်။ ဂိုးသမားအဖြစ် ဘဏ္ဍာအ ခွန်လူငယ်အ သင်းတွင် ၂ နှစ်ကြာ လေ့ကျင့် ခဲ့သော်လည်း ဝန်ကြီးဌာ နပေါင်းစုံ ဘောလုံးပြိုင်ပွဲမတိုင်မီ တစ်လအလို၌ ခြေထောက်ကျိုး ခဲ့သည့် ဒဏ်ရာကြောင့် ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။

‘‘ပြိုင်ပွဲမတိုင်ခင်ကျမှ လေ့ ကျင့်ရေးမှာ ခြေထောက်ကျိုးပြီး လွဲချော်ခဲ့ရတာပါ။ အဲဒီတုန်းက ငယ်သေးတော့ အရမ်းဝမ်းနည်း မိတယ်။ ကစားခွင့်ရခဲ့မယ်ဆိုရင် တော့ ပရော်ဖက်ရှင်နယ် ဂိုးသမား ဘ၀ ဖြစ်လာ မလားတောင် မပြောတတ်ဘူး’’ဟု ပြောသည်။

ခြေထောက်ကျိုး၍အားက စားတွင် ခေတ္တအနားယူကာ ပညာရေးဘက်၌ အာရုံစိုက်ခဲ့သည်။ ဒဂုံတက္ကသိုလ်တွင် ပညာသင် ကြားခဲ့ပြီး B.Sc Engineering (အင်ဂျင်နီယာသိပ္ပံဘွဲ့) ရယူထား သည်။ အသက် (၃၀) အရွယ်၌ အိမ်ထောင်ကျကာ သားသမီးရ တနာ ထွန်းကားခြင်းတော့ မရှိ သေးပေ။ သို့သော် အသက် (၂၀) ကျော်အရွယ်က ဖိုးသော်အတွက် မှောင်မိုက်သောနေ့များ ဖြစ်ခဲ့ သည်။ ကျန်းမာရေးအားနည်းချက် များကြောင့် စိတ်ဓာတ်ကျကာ ပေတေလေလွင့်ခဲ့ဖူးသည်။ မောပန်း သည့် အလုပ်များကို လုပ်ဆောင် ရန် ခက်ခဲသဖြင့် သံရုံးတစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် သုံးနှစ် ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ ယင်းကာလအတွင်း စိတ်ဓာတ်ကျကာ ကွမ်း၊ ဆေးလိပ်နှင့် အရက်များ မှီဝဲပြီး လမ်းပျောက်ခဲ့ဖူးကြောင်း ဖိုးသော်က ဝန်ခံခဲ့သည်။

‘‘သံရုံးမှာတုန်းက လုံခြုံရေး လုပ်ရတော့ တစ်ချိန်လုံး CCTV ပဲ ထိုင်ကြည့်နေရတာ။ ၂၄ နာရီ  လုပ်တယ် ၄၈ နာရီနားရတယ်။ ကျွန်တော်တွေးတယ်၊ ငါဘာလုပ် သင့်လဲလို့။ ဒီလိုနဲ့ပဲဘဝကပြီး သွားမှာလား။ ခဏခဏစိတ်ဓာတ် ကျဖူး တယ်။ အဲဒီလိုဘဝကနေ ကိုယ့် ကိုယ်ကိုယ်ပဲစိတ်ဓာတ်ပြန် မြှင့် တင်ရင်း ပရဟိတလုပ်ငန်းတွေ နဲ့အားကစားကို ကြိုးစားလုပ်ဖြစ် ခဲ့ရာကနေ ပြောင်းလဲလာတာပဲ’’ ဟု ဖိုးသော်ကပြောသည်။ နာဂစ် အလွန်တွင် သူ့ဘဝပြောင်းလဲရန် လမ်းစပေါ်လာသည်။

၂၀၀၈ မေလ နာဂစ်မုန်တိုင်း အလွန်တွင် အရေးပေါ်ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို သူငယ်ချင်းများနှင့် စုပေါင်း၍ နိုင်သလောက်ပရဟိတ လုပ်ရင်း ပြန်လည်ရုန်းထနိုင်ခဲ့ သည်။

၂၀၁၀ ကစတင်ကာ သူငယ် ချင်းသုံးဦးနှင့် မေတ္တာလူငယ်သွေး လှူအသင်းကို တည်ထောင်ပြီး ၂၄ နာရီပတ်လုံး သွေးလိုအပ်သည့် လူနာတိုင်းကို အခမဲ့လှူဒါန်းခဲ့ သည်။အားကစားမလေ့ကျင့်လျှင် ကျန်းမာရေးချူချာသည့်အတွက် ဆရာဝန်က အားကစားလုပ်ရန် ပြောသဖြင့် အသက် (၃၀) အရွယ် တွင် ရိုးရာလက်ဝှေ့ကို စတင်လေ့ ကျင့်ခဲ့သည်။

၂၀၁၅ တွင် သတ္တိရိုးရာလက်ဝှေ့ကလပ်၌ သူငယ်ချင်းနှင့်အတူ သွားရောက် လေ့ကျင့်ရင်း သူ၏လက်ဝှေ့သမားဘ၀ စတင်ရန်အ ကြောင်း ဖန်လာသည်။ အတူသွား ရောက် လေ့ကျင့်သည့် သူငယ် ချင်းက လက်ဝှေ့ကို ဆက်လက် သင်ကြားတော့ခြင်း မရှိခဲ့သော် လည်း ဖိုးသော်ကမူ တစိုက်မတ် မတ်ကစားဖြစ်ခဲ့သည်။

ထို့နောက် အဖြူရောင်သွေး သစ်ကလပ်တွင် သွားရောက်လေ့ ကျင့်ရင်း ၂၀၁၅ စက်တင်ဘာ၌ သူ၏ ပထမဦးဆုံးပရော်ဖက်ရှင် နယ်လက်ဝှေ့ပွဲအဖြစ် စောနီကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမဆုံးလက် ဝှေ့ပွဲတွင် ပြိုင်ဘက်ကို အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့ရကာ ၎င်းလည်း အထိနာခဲ့ ကြောင်း ဖိုးသော်ကဆိုသည်။

‘‘ကျွန်တော့်အတွက် တကယ့်ကို ပထမဦးဆုံးလက်ဝှေ့အတွေ့ အကြုံပဲ။ အရမ်းဆိုးတယ်။ နောက်တစ်ခါ ကြိုးဝိုင်းထဲ ပြန်မ၀င်ချင် လောက်တော့ဘူး။ နောင်ဘယ် တော့မှ လက်ဝှေ့မထိုးတော့ဘူးဆို တဲ့ အထိကို တွေးမိတယ်’’ဟု ဖိုး သော်က သူ၏ရိုးရာလက်ဝှေ့သ မားဘ၀ ပထမဦးဆုံးခက်ခဲခဲ့သည့် အတွေ့အကြုံကိုပြောပြသည်။

ယင်းလက်ဝှေ့အပြီး၌ မိဘ နှစ်ပါးက လက်ဝှေ့ဆက်လက်မ ထိုးသတ်ရန်နှင့် ၎င်းအနေဖြင့် လက်ဝှေ့သမားတစ်ဦး မဖြစ်လာနိုင်ကြောင်း ပြောဆိုခံရသော် လည်း မခံချင်စိတ်ဖြင့် ပိုကြိုးစား ရန်ဖြစ်လာကြောင်း ဖိုးသော်က စိတ်အားထက်သန်စွာပြောသည်။

သို့သော် လူသစ်တန်းလက် ဝှေ့သမားဘ၀၌ ဖိုးသော်၏ အ သက်အရွယ်ကြောင့် ယှဉ်ပြိုင်ထိုး သတ်မည့် ပြိုင်ဘက်ရှားပါးကာ ပွဲစီစဉ်သူများအတွက် အခက် အခဲဖြစ်ခဲ့ပြီး ထိုးသတ်သည့် ပွဲ စဉ် နည်းပါးခဲ့သည်။ ထိုကြောင့် ဖိုးသော်၏ ၂၀၁၅ မှ ၂၀၁၇ လက်ရှိအချိန်အထိ ရိုးရာလက်ဝှေ့သ မားဘ၀ သုံးနှစ်သက်တမ်းအတွင်း ပွဲငါးပွဲသာ ရှားရှားပါးပါး ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ သို့သော် အဆိုပါ ငါးပွဲတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ ဖြင့် ရှုံးပွဲမရှိ စံချိန်ရခဲ့သည်။

သို့သော် ရိုးရာလက်ဝှေ့ပွဲစဉ် မရှိသည့် ကာလများ၌ ဖိုးသော် သည် ကရာတေးအားကစား လေ့ကျင့်ခဲ့ရာမှ ၂၀၁၆ ဖိလစ်ပိုင်နိုင်ငံ ၌ ကျင်းပသည့် နိုင်ငံတကာ ကျို ကူရှင်းကရာတေး ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

အဆိုပါ ကရာတေးပြိုင်ပွဲ တွင် ဖိုးသော်သည် ၀င်ရောက်ယှဉ် ပြိုင်ရင်း ဘယ်ဘက်ခြေထောက် အရိုးအက်သည့် ဒဏ်ရာရခဲ့သည်။ သို့သော် ယင်းဒဏ်ရာဖြင့် ပြိုင်ပွဲပြီးဆုံးသည်အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့သဖြင့် ဖိုးသော်ကိုပွဲကျင်းပသူတို့ က ဇွဲကောင်းပြီး စိတ်ဓာတ်ကြံ့ခိုင်သည့် အကောင်းဆုံး ကစားသမားဆု (Bushido) ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။

‘‘အဲဒီအချိန်တုန်းက ကျွန် တော်က ကရာတေးသွားကစား တာ ငါးလပဲ ရှိသေးတယ်။ မထင် မှတ်ဘဲ ဆရာကပြိုင်ပွဲအတွက် ကျွန်တော့်ကိုရွေးခဲ့တာပါ။ သွား ပြိုင်တဲ့ ကစားသမားတွေထဲမှာ ကျွန်တော်က ကရာတေး ခါးပတ် အနိမ့်ဆုံး။ ကိုယ့်ထက်မြင့်တဲ့သူ တွေနဲ့ချည်းပဲ ယှဉ်ပြိုင်ရတာပါ။ ဒါ့ကြောင့်လည်း တစ်ဖက်ကစား သမားနဲ့ ခိုက်မိပြီးဘယ်ခြေ ထောက် အရိုးအက်သွားတယ်။ ဒါပေမဲ့ ခြေထောက်နာနေရင်းနဲ့ ပဲ ပြိုင်ပွဲပြီးဆုံးတဲ့အထိ ပြိုင်ခဲ့လို့ ရခဲ့တဲ့ Bushido ဆုက ကျွန်တော့် ဘ၀အတွက် တကယ့်ကို အမှတ် တရပါပဲ’’ဟု ဖိုးသော်က ဂုဏ်ယူ စွာ ပြောသည်။

နယ်ပယ်မတူညီသည့် အား ကစားနည်းပေါင်းစုံကို လေ့လာ သင်ကြားရင်း ၂၀၁၅ ဇူလိုင်တွင်  မြန်မာနိုင်ငံသို့ ပထမဦးဆုံး One Championship က လာရောက် ပြီး MMA (ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရသည့်) ပြိုင်ပွဲ ကျင်းပခဲ့ခြင်းက ဖိုးသော်ကို MMA ကစားသမားဖြစ်ရန် လမ်းစပေါ် လာသည်။ သို့သော် MMA ကစားသမားဘ၀အစက အလွယ်တကူ မဖြစ်လာပါ။ ပြည်တွင်းက စားသမားချင်း ထိုးသတ်မည့် တွဲဆိုင်းတစ်ခုမှ ဆေးစစ်မှု ကျရှုံး သည့်အစား ထိုးယှဉ်ပြိုင်သူအဖြစ် MMA ကစားသမားဘ၀ကို စတင်ခဲ့ရသည်။