ဟယ်ရီပေါ်တာဝတ္ထုများ ရေးသားသော စာရေးဆရာမ ဂျေကေရိုးလင်းနှင့် တွေ့ဆုံခြင်း

‘‘ဂေဟာတွေကို ရောက်နေတဲ့ ကလေးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မိဘမဲ့တွေ မဟုတ်ပါဘူး’’

ဟယ်ရီပေါ်တာဝတ္ထုစာအုပ် တွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ နာမည်ကြီးလာတဲ့ ဗြိတိန်စာရေး ဆရာမ ဂျေကေရိုးလင်းဟာ ကမ္ဘာ တစ်ဝန်းမှာ ကလေးဂေဟာတို့၊ အဖွဲ့အစည်းတို့မှာ နေနေရတာ အဆုံးသတ်စေဖို့ ပရဟိတအဖွဲ့ Lumos ကို တည်ထောင်ထားပြီး ကမ္ဘာတစ်ဝန်းက မိဘမဲ့ကလေး တွေကို ကူညီဖို့ ကြိုးစားနေပါ တယ်။


သူဟာ တွစ်တာပေါ်မှာ မိတ်ဆွေဖွဲ့ထားတဲ့ လူ ၁၁ သန်းရှိပေမယ့် တွေ့ဆုံမေးမြန်းမှုကို ခွင့်ပြုခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းမှု မှာ သူ့ရဲ့ တခြားလောကတစ်ခုကို ရိုးလင်းက တံခါးဖွင့်ပေးထားပါ တယ်။

သုတေသနပြုချက်တွေအရ ကမ္ဘာတစ်ဝန်းမှာ မိဘမဲ့ဖြစ်နေတဲ့ ကလေး ရှစ်သန်းရှိတယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ သူတို့ထဲက ၈၀ ရာခိုင်နှုန်းဟာ မိဘမရှိသူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရိုးလင်းက သူတို့ကို ကူညီဖို့ ကန်ဒေါ်လာ ၂၅ ဘီလီယံရဖို့လိုတယ်လို့ ပြောပါတယ်။ 

အစကနေ ဘယ်ဟာက ရှင်ဒီကိစ္စ ကို စိတ်ဝင်စားစေခဲ့တာလဲ။ ဒါဟာ ရှင့်ရဲ့ စီမံကိန်းဖြစ်တယ်လို့ ဘယ်လိုဆုံးဖြတ်ခဲ့တာလဲ။

အင်း၊ လူတွေ အများကြီးလို ပဲပေါ့။ ကျွန်မမစဉ်းစားတတ်ဘူး။ အဲဒီပြဿနာရဲ့ အတိုင်းအတာကို ကျွန်မတကယ်မသိဘူး။ ကျွန်မ ကိုယ်ဝန်ရှိခဲ့တယ်။ အဲဒါကြောင့် ဖြစ်မယ်။ ကလေးသေးသေးလေး တွေနဲ့ လုပ်ရကိုင်ရရင် စိတ်ခံစား လွယ်တယ်။ ထိခိုက်လွယ်တယ်။ ပြီးတော့ Sunday သတင်းစာကို လှန်ဖတ်ကြည့်တော့ ကျွန်မမှတ် ဉာဏ်ထဲမှာ ထိနေဆဲဖြစ်တဲ့ ဖြစ် ရပ်ကို မြင်တွေ့ခဲ့တယ်။ ကြက်ခြံ ကာတဲ့ သံဆန်ခါတစ်ဖက်ကနေ အရမ်းငယ်တဲ့ ကောင်လေးတစ် ယောက်အော်ဟစ်နေတဲ့ ပုံဟာ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ပြီးတော့ အဲဒီစာ မျက်နှာကို ကျွန်မလှန်လိုက်တယ်။  အဲဒါနဲ့ ပတ်သက်လို့ ကျွန်မဂုဏ် မယူမိဘူး။ ကျွန်မအဲဒီစာမျက်နှာ ကို တကယ်လှန်ပစ်ခဲ့တယ်။ ပြီး တော့ ကျွန်မရပ်ပြီး စဉ်းစားကြည့် တာက အဲဒီဇာတ်လမ်းဟာ ဓာတ် ပုံထဲမှာလို ဆိုးရွားနေရင် အဲဒါနဲ့ ပတ်သက်လို့ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ပေါ့။ အဲဒါဟာ သံဆန်ခါ နဲ့ ဖုံးထားတဲ့ ကလေးအတွက် ပုခက်သံဆန်ခါနဲ့ ဖုံးတယ်။ အဲဒါ ဟာ သူ့ရဲ့ တည်ရှိနေမှုပဲ။ အဲဒါက နေ ဒီဟာတွေ အားလုံးအစပျိုးခဲ့ တာပါ။ ကျွန်မဟာ မှင်တက်သွား ခဲ့ပြီး ကြောက်ရွံ့သွားခဲ့တယ်။ 

Lumos အဖွဲ့ဟာ ဘယ်က ထွက် ပေါ်လာတာလဲ။ Lumos က ဘယ် နေရာမှာလဲ။

အဲဒါဟာ ဟယ်ရီပေါ်တာ ဇာတ်လမ်းထဲက စကားလုံးပါ။ အဲဒါဟာနည်းနည်းတော့ ရိုးအီပါ တယ်။ 

အဲဒါဟာ ရိုးအီစရာမဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ ရှင်ကို လူတွေသိ လာတာလေ။

အဲဒီအဖွဲ့ကို Lumos လို့ နာ မည်ပေးချင်ခဲ့တာဟာ ရယ်စရာ ကောင်းတယ်။ တကယ်တော့ Lumos ဆိုတဲ့ နာမည်ထက်ပို ကောင်းတာကို ဘယ်သူမှ စဉ်းစား မရခဲ့ကြဘူး။ ဒါပေမဲ့ အဲဒါဟာ ဘဝကို ပေးဆပ်ထားရတဲ့ စကား ဖြစ်တာကြောင့် ဒီဥပမာပေးမှုဟာ သိသိသာသာထင်ရှားနေပါတယ်။

ဟယ်ရီပေါ်တာဟာ မိဘမဲ့ကလေး တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ရှင်ဒီအလုပ်လုပ်နေတာဟာ သိ သာထင်ရှားသလိုမျိုး မဟုတ် လား။

အဲဒီအချိန်က အဲဒါဟာ ကျွန်မအတွက် မသိသာခဲ့ဘူး။ ဒါပေမဲ့ အရမ်းရိုးရိုးသားသားပြောရရင် ကျွန်မမှာ . . . ကျွန်မမှာ အဆိုးရွားဆုံးကြောက်ရွံ့တာတစ်ခုရှိတယ် လို့ ထင်တယ်။ ကျွန်မရဲ့ ပုဂ္ဂိုလ် ရေးအဆိုးရွားဆုံး ကြောက်ရွံ့မှုက စွမ်းအင်မရှိတာနဲ့ နေရာသေးသေး လေးတွေပါပဲ။ ဒါကြောင့် လှောင် အိမ်အိပ်ရာထဲမှာ အလှောင်ခံ ထားရတဲ့ ကောင်လေးအကြောင်း ကို တွေးကြည့်ချိန်မှာ သူဟာ လုံး ဝအသံကင်းမဲ့နေပြီး သူ့အတွက် ဘယ်သူကမှ စကားမပြောပေးကြ ဘူး။ ပြီးတော့ အရမ်းစိတ်ခံစားမှု ဖြစ်စေတဲ့ ကျွန်မတို့ကို ထိခိုက်စေ တဲ့ ဟာတစ်ခု ကျွန်မတို့အားလုံး မှာရှိတယ်လို့ ကျွန်မထင်တယ်။ အဲဒါဟာ ကျွန်မဟာပါ။

နေရာ သေးသေးလေးတွေလား။ ဘာကြောင့်လဲ။

ကျွန်မမသိဘူး။ ကျွန်မအမြဲ အဲဒီလိုခံစားမိတယ်။ အဲဒီကလေး တွေကို အဲဒီသိုလှောင်ထားတယ် ဆိုတဲ့ အတွေးဟာ ကျွန်မအတွက် ဆိုးရွားစေတယ်လို့ ကျွန်မထင် တယ်။ ဒါကြောင့် အဲဒါဟာ ဗီရိုထဲ က ဟယ်ရီပေါ်တာလိုပဲလို့ ကျွန်မ မထင်ပေမယ့် ကျွန်မဘာကြောင့် ဟယ်ရီကို ဗီရိုထဲ ထည့်ခဲ့မိလဲလို့ ဆိုရင် ဒါဟာ ကျွန်မလှောင်ပိတ် ခံရမှာကို ကြောက်လို့၊ အဲဒီနေရာက ထွက်ဖို့ စွမ်းအင်မရှိဖြစ်နေ တာကို ကြောက်လို့ပဲ။

မိဘမဲ့ကလေးတွေကို ဂေဟာတို့၊ အဖွဲ့အစည်းတို့မှာ နေနေရတာ အဆုံးသတ်စေဖို့ ရှင်ကြိုးစားနေ တယ်နော် မှန်လား။ ဦးတည်ချက် က အဲဒီကလေးတွေ အဖွဲ့အစည်း တွေက ထွက်လို့ရစေဖို့လား။

ကလေးတွေ ဂေဟာတို့၊ အဖွဲ့အစည်းတို့မှာ နေနေရတာကို ၂၀၅၀ မှာ အဆုံးသတ်စေဖို့ ကျွန်မတို့ ဦးတည်ချက်ထားပါတယ်။ အဲဒါရည်မှန်းချက်ပါ။

ကမ္ဘာတစ်ဝန်းလုံးလား။

ကမ္ဘာတစ်ဝန်းလုံးပါ။

တစ်ကမ္ဘာလုံး အဲဒီလိုကလေး ဘယ်နှယောက်လောက်ရှိမလဲ။

ကမ္ဘာတစ်ဝန်းဂေဟာတို့၊ အ ဖွဲ့အစည်းတို့မှာ ကလေးရှစ်သန်း ရှိတယ်။ ကျွန်မတို့ ခန့်မှန်းထား တဲ့အတွက် အဲဒါဟာ လူတွေအ များကြီးတွေးမယ့် ဟာထက် အ များကြီးပိုအရေးကြီးပါတယ်။ ဒါ ပေမဲ့ အဲဒါဟာ လျှော့ချခန့်မှန်း မှုတစ်ခုဖြစ်နိုင်ပါတယ်။ ပြီးတော့ ဥရောပမှာ နှစ်တိုင်းကလေးတစ် သန်းလောက် ပျောက်ပျောက်သွား တာကို ကျွန်မတို့သိပါတယ်။

ဘူလ်ဂေးရီးယားနယ်စပ်နား ရိုမေး နီးယားက ကျွန်တော်တင်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေမှာ ကျွန်မတို့ အခု ၁၉၉၀ အကြောင်းပြောနေ တာတောင် ကျွန်တော်မှင်တက်မိ တယ်။ ကျွန်မဟာ လူငယ်သတင်း ထောက်ပေါ့။ အမေမဖြစ်သေး ဘူး။ သူတို့ကို ဘယ်သူကမှ ချစ်ခင် လိုပုံမပြခဲ့သလိုမျိုး ကလေးတွေ အများကြီး ကျွန်မဆီကို ကပ်လာ ကြလို့၊ ကျွန်မကို ပွေ့ဖက်ဖို့ ကြိုး စားကြလို့ ကျွန်မ မှင်တက်မိခဲ့ တယ်။

အဖွဲ့အစည်းတွေမှာ ကျွန်မ လည်း အဲဒီလိုဖြစ်ခဲ့တယ်။ ရှင်သိ တယ်။ ကျွန်မလည်း သိတယ်။ ကလေးတွေ နားက လူတွေအား လုံးလည်း သိကြတယ်။ အိမ်ထဲကို လူစိမ်းတစ်ယောက်ဝင်လာချိန်မှာ ကလေးတစ်ယောက်ရဲ့ ချက်ချင်း ဖြစ်ပေါ်လာတဲ့ လက္ခဏာဟာ စိုး ရိမ်မှုဖြစ်တယ်။ ပြီးတော့ အဲဒါဟာ မှန်ကန်တဲ့ အပြုအမူပါ။ အဲဒါဟာ သာမန်လူသားအပြုအမူပါ။

အဲဒီကလေးတွေဟာ အရမ်း ဆာလောင်နေကြပြီးတော့ လုံးဝ မသိတဲ့ သူစိမ်းတွေဆီကို ပြေးပြီး တွယ်တက်ကြမယ်။ ကောင်မ လေးတစ်ယောက် ကျွန်မပေါင် ပေါ်ကို တွယ်တက်လာပြီး ကျွန်မ ကို ကိုင်တာ ကျွန်မအမှတ်ရမိ တယ်။ ကျွန်မသူ့ကို ဖက်ထားခဲ့ တယ်။ ကျွန်မအသည်းကွဲသွား တယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျွန်မ အသည်းကွဲခဲ့ရတယ်။

ရှင့်ရဲ့ အမျိုးသား ဒေါက်တာနီးလ် မာရေးသွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ် သက်လို့ ကြားထားပါတယ်။

ကျွန်မအမျိုးသားဟာ သိပ် မကြာသေးခင်က မော်လ်ဒိုဗာကို လေ့လာရေးခရီးသွားခဲ့တယ်။ ကျွန်မနှစ်ကိုယ် မခွဲနိုင်ဘူးလေ။ ကျွန်မဇာတ်ညွှန်းရေးဖို့ လုပ်နေခဲ့ရတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ နီးလ်က ငါသွားမယ်၊ ငါမော်လ်ဒိုဗာကိုသွားမယ်၊ ဘာဖြစ်နေလဲဆိုတာ ငါတစ်ချက်ကြည့်မယ်လို့ ပြောတယ်။ ကျွန်မက အဲဒါကောင်းပါလိမ့်မယ်။ အရမ်းကောင်းလိမ့် မယ်လို့ ပြောခဲ့တယ်။

ဘာပဲဖြစ်ဖြစ် သူကျွန်မကို ပြောပြတာက ဒီအဖွဲ့အစည်းတစ် ခုရဲ့ အခန်းတစ်ခန်းထဲကို သူဝင် သွားတော့ ကောင်လေးတစ် ယောက်တွေ့တယ်တဲ့။ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ အများကြီးရှိနေတာ ထင်ရှားတဲ့ အဲဒီကလေး ဟာ ကုလားထိုင်ပေါ်မှာ မှီထိုင်နေ တယ်။ သူဟာအသက်ရှူမရဖြစ် သွားတယ်တဲ့၊ နီးလ်က ကျွန်မကို ပြောတယ်။ သူအသက်ရှူမရဖြစ် တယ်ဆိုတာ ဘာကိုပြောတာလဲ လို့ ကျွန်မမေးတယ်။ နီးလ်က ဆရာဝန်လေ။ ဒါကြောင့် အဲဒီက လေးက သူ့ကိုကြည့်ပြီး ပြုံးပြ တယ်လို့ နီးလ်က ပြောတယ်။ သူ ဟာ ငါးနှစ်အရွယ် ဒါမှမဟုတ်အဲ ဒီလောက်အရွယ်မျိုးလို့ ပြော တယ်။ နီးလ်က သူနာပြုဘက်ကို လှည့်ပြီး သူ့အသက်ဘယ်လောက် ရှိပြီလဲလို့ မေးတယ်။ သူပုံမှန်ဆို ရင် ဘယ်လိုအသက်ရှူလဲလို့ မေး တယ်။ သူနာပြုက ပြောတယ်။ သူ ဟာ အိပ်ရာပေါ်မှာ ခေါင်းကိုတွဲ လောင်းချပြီး တစ်နေ့လုံး မှောက် နေရတယ်လို့ ပြောတယ်။ အဲဒီလို နေရင် သူ့မေးရိုးရှေ့ကို ထွက်လာ လို့ သူအသက်ရှူလို့ ရတယ်တဲ့။ ပြီးတော့သူက (၁၅) နှစ်တဲ့။ နီးလ်ကအတော်စိတ်ပျက်သွားပြီး သူအ သက်ရှင်နိုင်ဖွယ် မထင်ဘူးလို့ပြော  တယ်။ ဒါပေမဲ့သူ့အသက် ဆက် ရှင်နိုင်ခဲ့တယ် ကျွန်မတို့ သူ့ကိုဆေး ရုံတင်နိုင်ခဲ့တယ်။

ရှင်ဘာလုပ်ပေးနိုင်မလဲ။

မှန်တယ်အတိအကျပဲ၊လုံးဝ ပဲ၊ ဒါက အဓိကမေးခွန်းပဲ။ ဒီကိစ္စ မှာ ကျွန်မတို့သိထားတာက အဲဒီ ကလေးတွေရဲ့ ၈၀ ရာခိုင်နှုန်း ထက် မနည်းဟာ မိဘမဲ့တွေမဟုတ်ကြဘူး။

သူတို့မိဘမဲ့တွေ မဟုတ်ဘူးလား။

အတိအကျပဲ။ ဒါဟာလူအ များစုအတွက် အရမ်းစိတ်လှုပ်ရှား စရာ ကောင်းပါတယ်။ အဲဒီက လေးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အနည်းဆုံးသက်ရှိမိဘတစ်ဦး ရှိကြတယ်ဆိုတာ ကျွန်မတို့သိ ထားတယ်။ မိဘတွေက ကလေး ကို မစွန့်လွှတ်ချင်ဘူး။ ဒါဆိုရင် အဲဒီကလေးတွေဟာ ဂေဟာတို့၊ အဖွဲ့အစည်းတို့ကို ဘာလို့ရောက် နေတာလဲ။ ဆိုးရွားတဲ့ဆင်းရဲမွဲ တေမှုကြောင့်ပဲ။ အဲဒါဟာ နံပါတ် တစ်အကြောင်းအရင်းပဲ။

ဒါဆိုခင်ဗျားတို့ ဘာလုပ်မလဲ။

နံပါတ်တစ်က ကျွန်မတို့ အဲ ဒီကလေးတွေကို သူတို့မိဘတွေနဲ့ ဘယ်လိုပြန်ဆုံစည်းစေမလဲ။ အဲဒါ ဟာ နံပါတ်တစ်ပန်းတိုင်ပဲ။ သူတို့ ကို လိုချင်တဲ့ မိသားစုတွေဆီ သူ တို့ကို ပြန်ပို့ဖို့။ အဲဒါဟာ အထူး စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ကလေးတစ်ယောက်ကို ဂေဟာ မှာထားတာထက် သူတို့ရဲ့ မိသား စုဆီကို ပြန်ပို့တာဟာ ၁၀ ဆ လောက်ပိုတယ်။ အဲဒါဟာ လုပ် ဆောင်နိုင်တဲ့ ကိစ္စဖြစ်တယ်။

တကယ်။

အဲဒီမိသားစုတွေဟာ နေ့ခင်း ဘက်ကလေးထိန်းဖို့ လိုကောင်း လိုနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ က ဂေဟာတွေကို နေ့ဘက်က လေးထိန်းဌာနလိုဖြစ်ဖို့ ရည်ရွယ် တယ်။ ဒါပေမဲ့ အဲဒီကလေးတွေ ဟာ ညတိုင်းအိမ်ပြန်လို့ရတယ်။ အဲဒီလို အဖွဲ့အစည်းတွေဟာ ဒေသတွင်းမှာ အလုပ်သမားတွေ အဓိကခန့်ထားတဲ့ အဖွဲ့အစည်း တွေဖြစ်တဲ့အတွက် လူဆိုးတွေ မဟုတ်ကြတဲ့ လူတွေအများကြီး က အဲဒီအဖွဲ့အစည်းတွေ ဆက်လည်ပတ်ဖို့ အများကြီး စိတ်ဝင် စားမှုရှိကြတယ်။ အဲဒီလူတွေကို ကျွန်မတို့က သူနာပြုတွေ၊ လူမှုဖူ လုံရေး အလုပ်သမားတွေလိုမျိုး လေ့ကျင့်သင်ကြားပေးလို့ရတယ်။ ကျွန်မတို့ Lumos အဖွဲ့က နိုင်ငံ ပေါင်း ၃၄ နိုင်ငံမှာ ပရော်ဖက်ရှင် နယ် ၃၀,၀၀၀ အထိလေ့ကျင့်သင် ကြားထားပြီးပြီ။ ကျွန်မတို့ကလေး ၁၈,၀၀၀ ကို ဂေဟာတို့၊ အဖွဲ့အ စည်းတို့က ထွက်လို့ရအောင်လုပ် ဆောင်ထားပြီးပြီ။

ကလေးတစ်ယောက် အိမ် ပြန်လို့ မရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ၂၀ ရာခိုင်နှုန်းလောက် က မိဘမဲ့တွေလို့ ကျွန်မတို့ခန့်မှန်း ထားတယ်။ အဲဒီကလေးကိုခေါ်ဖို့ အဒေါ် (ဒါမှမဟုတ်) အဘွားကိုကျွန်မတို့ ကူညီလို့ရမလားကြည့် တယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

—Ref:CNN