Unilever ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ပေါလ်ပိုးလ်မန်း

ပေါလ်ဂျီဂျေမာရီယာပိုးလ် မန်းသည် နယ်သာလန်စီးပွားရေး လုပ်ငန်းအမှုဆောင်အရာရှိဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သော ကမ္ဘာ့အကြီးဆုံး ဗြိတိန် -ဒတ်ခ်ျကုမ္ပဏီကြီး Unilever ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၉ ကတည်းက တာဝန်ယူထား သည်။ ယင်းမတိုင်မီက Nestle ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။


ပိုးလ်မန်းကို နယ်သာလန် နိုင်ငံ အန်ရှက်ဒီမြို့တွင် ၁၉၅၆ ဇူ လိုင် ၁၁ ရက်က ကက်သလစ်ဘာ သာဝင်မိဘနှစ်ဦးက မွေးဖွားခဲ့ပြီး ညီအစ်ကိုသုံးဦး၊ ညီမနှစ်ဦးရှိ သည်။ ဖခင်သည် တာယာကုမ္ပဏီ အမှုဆောင်အရာရှိဖြစ်ပြီး မိခင် သည် ကျောင်းဆရာမဖြစ်သည်။

ပိုးလ်မန်းသည် ဆရာဝန်ဖြစ် ချင်ခဲ့သော်လည်း မဲနှိုက်ရွေးချယ် သော စနစ်ကြောင့် ဆေးတက္က သိုလ် မရောက်ရှိခဲ့ပေ။ ယင်းအ စား ပိုးလ်မန်းသည် ဂရိုနင်ဂျင် တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး BBA,BA ဘွဲ့ရရှိခဲ့သည်။ အမေ ရိကန်နိုင်ငံ စင်စင်နတီတက္ကသိုလ် မှ စီးပွားရေးပညာ MA ဘွဲ့ ထပ်မံ ရရှိခဲ့ပြီး ၁၉၇၉ တွင် MBA ဘွဲ့ရရှိ ခဲ့သည်။

MBA ဘွဲ့ရရှိပြီးချိန်မှာပင် ပိုးလ်မန်းသည် လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်သော Procter & Gamble (P&G) တွင် ကုန်ကျစ ရိတ်စိစစ်လေ့လာသူအဖြစ် အ လုပ်ဝင်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိန် P&G ၏ မန်နေဂျင်းဒါရိုက် တာအဖြစ် ၁၉၉၅ မှ ၁၉၉၈ အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ တွင် P& Gအုပ်စု၏ ဥရောပဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၆ တွင် ပိုးလ်မန်းသည် Nestle ကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး ဘဏ္ဍာရေးအမှု  ဆောင်အရာရှိချုပ်နှင့် အမေရိက တိုက်၏ အကြီးအကဲအဖြစ် တာ ဝန်ယူခဲ့သည်။

၂၀၀၉ ဇန်နဝါရီ ၁ ရက်တွင်ပိုးလ်မန်းသည် Unilever ၏ အမှုဆောင် အရာရှိချုပ်အဖြစ် ပက်ထရစ်ဆက်စကူးနေရာကို ဆက်ခံခဲ့သည်။ ပိုးလ်မန်း၏ ဦးဆောင်မှု အောက်တွင် Unilever ကုမ္ပဏီများ နှစ်ဆကြီးထွားလာရေး ရည်မှန်းခဲ့သည်။ Unilever ၏ ရေရှည်ရှင် သန်ရေးစီမံကိန်းအရ ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်ခြေရာ လျော့ နည်းရေးနှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု တိုးတက်လာစေ ရေး ရည်မှန်းခဲ့သည်။

အရင်းအမြစ်များ အကန့်အ သတ်နှင့် ရှိနေသော ကမ္ဘာကြီး တွင် ထွန်းသစ်စဈေးကွက်များ တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိ ရေး ရေရှည်ထိန်းသိမ်းနိုင်သော နည်းလမ်းများဖြင့် စီးပွားရေးလုပ် ကိုင်ရန် အလွန်အရေးပါသည်ဟု မစ္စတာပိုးလ်မန်းက ၎င်း၏ အယူအဆကို ချပြခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မလိုအပ်ဘဲ စွန့်စားရမှုများကို ဟန့်တားပြီးဖြစ်ကာ ကုန်ကျစရိတ်များကို လျှော့ချနိုင် သည်ဟုလည်း ၎င်းက ငြင်းခုံ ဆွေးနွေးလေ့ရှိသည်။

ပိုးလ်မန်း ဦးဆောင်သော Unilever သည် ရေရှည်စီမံကိန်း များကြောင့် ၂၀၁၃၊ ၂၀၁၄ တို့တွင် အရောင်းပစ်မှတ်များ မပြည့်မီခဲ့ သော်လည်း ၂၀၁၅ အတွင်း သုံးလပတ် သုံးကြိမ်ဆက်တိုက် မျှော်မှန်းထားသော ပစ်မှတ်များထက် ကျော်လွန်ခဲ့သည်။ ထွန်းသစ်စဈေးကွက် များတွင် ဖွံ့ဖြိုးတိုးတက်မှုအများ အပြားရရှိခဲ့သည်။

၂၀၁၄ က စုစုပေါင်းလစာ ပေါင် ၆ ဒသမ ၉ သန်း ရရှိခဲ့ သော ပိုးလ်မန်းသည် အိမ်ထောင် သည်ဖြစ်ပြီး ဇနီး ကင်မ်နှင့် သား သမီးသုံးဦး ထွန်းကားခဲ့သည်။

—Ref:Wikipedia