မြောက်ကိုရီးယားအရေး စစ်အေးခေတ်မဟာဗျူဟာ ကျင့်သုံးရန် ကြိုးစားမည့် အမေရိကန်

Hwasong-15 တိုက်ချင်းပစ်ဒုံးကျည်ကို ကြည့်ရှုစစ်ဆေးနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် KCNA / AP

မြောက်ကိုရီးယားနိုင်ငံသည် ယခုအခါတွင် ကမ္ဘာကြီး၏ မည် သည့်နေရာကို မဆိုခြိမ်းခြောက်နိုင်သော ဒုံးကျည်နည်းပညာပိုင်ဆိုင် ထားပြီဟု လွန်ခဲ့သောနှစ်ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က ကြေညာချိန် တွင် အမေရိကန်နိုင်ငံ၌ ကြာရှည်စွာ ငြင်းခုံနေသော ကိစ္စကို ၎င်းကအရိပ်အမြွက်ဖွင့်ဟခဲ့သည်။ ယင်းမှာ ဆိုဗီယက်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်ရာတွင် အလုပ်ဖြစ်ခဲ့သော မဟာဗျူဟာဖြစ်သည့် နှစ်ဖက်စလုံးသေချာပေါက် ပျက်သုဉ်းမှု အ ယူအဆသည် ဆိုဗီယက်ထက်လွန်စွာ သေးငယ်သော ရန်သူနှင့်အလုပ်ဖြစ်မည်လားဆိုသည့်အ ကြောင်းအရာဖြစ်သည်။


လက်ရှိပြဿနာကို အမေရိ ကန်နိုင်ငံအား ပြုံယမ်းက မထင် မှတ်သော တိုက်ခိုက်မှုလုပ်ခြင်းမှ တားဆီးရေးဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ ပါက အထက်ပါမေးခွန်း၏ အဖြေ မှာ အလုပ်ဖြစ်နိုင်သည်ဟု ဖြစ်နိုင် ပါသည်။

သို့သော်မြောက်ကိုရီးယား နှင့်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ခါးသီးသော အတွေ့ အကြုံက ပြသခဲ့သလိုပင် အရာရာ သည် ပိုမိုရှုပ်ထွေးပါသည်။

လက်ရှိမြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သို့တည်း မဟုတ် ၎င်း၏အဖေနှင့် အဘိုးတို့ သည် အမေရိကန်နိုင်ငံနှင့် တိုက် ရိုက်နျူကလီးယားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရေး စဉ်းစားခဲ့ သည်ဟူသော အထောက်အထား မရှိပေ။ မြောက်ကိုရီးယားနိုင်ငံ တွင် နျူကလီးယားလက်နက် ၂၀ မှ ၆၀ ကြားရှိကြောင်း ခန့်မှန်းကြ သည်။ အမေရိကန်နိုင်ငံက နျူက လီးယားလက်နက် ၁,၅၀၀ ခန့် ဖြန့်ကြက်ထားပြီး နောက်ထပ်ထောင် နှင့်ချီသော နျူလက်နက်များကို သိုလှောင်ထားသေးသည်။

သို့သော် ယင်းမှနေ၍ အ သက် (၃၃)နှစ်အရွယ် ခေါင်း ဆောင်အတွက် နျူကလီးယား လက်နက်များသည် အသုံးမဝင်လှ ဟု ဆိုလိုခြင်းမဟုတ်ပေ။ လူငယ် ခေါင်းဆောင်သည် တစ်ကမ္ဘာလုံး နျူကလီးယားလက်လှမ်းမီမှုမှ ရရှိထားသော ပါဝါကို မည်သို့အ သုံးပြုမည်နည်းဆိုသော ရည်မှန်း ချက်များကို ရှင်းလင်းစွာ ပြသထားသူဖြစ်သည်။ အကယ်၍များ ယခင်မြောက်ကိုရီးယားခေါင်းဆောင် များက မိမိတို့နိုင်ငံ ရှင်သန်ရေးအ တွက် နျူလက်နက်အနည်းအ ကျဉ်းနှင့် လုံလောက်သည်ဟု ယူဆခဲ့ကြလျှင် မစ္စတာကင်ဂျုံအန်က ထို ထက်ပို၍ ရည်မှန်းချက်ကြီးသူဖြစ် ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် နည်းပညာနှင့် ငွေကြေးအားလုံး ပြည်စုံချင်ပြည်စုံနေပါလိမ့်မည်။ မြောက်ကိုရီးယားတွင် ခိုင်မာသောရည်ရွယ်ချက်ရှိပါသည်။ မစ္စတာ ကင်ဂျုံအန်၏ စိတ်ထဲတွင် ထိုရည် ရွယ်ချက်က ကိုရီးယားကျွန်းဆွယ် တစ်ခုလုံး ထိန်းချုပ်ခွင့်ကို ပေးပါ လိမ့်မည်။ ယင်းနှင့်အတူ သမိုင်း ၏ အင်အားစုများကြောင့် ဖယ်ရှား ခံရမည်ဟု ဆယ်စုနှစ်များစွာ မျှော် လင့်စောင့်စားနေခဲ့သော နိုင်ငံကြီး များ၏ လေးစားမှုလည်း ရောက်ရှိ လာမည်ဟု မစ္စတာကင်က မျှော် လင့်နေသည်။

အမေရိကန်သမ္မတတစ်ဦး (ဒေါ်နယ်ထရန့်ဖြစ်စေ၊ ၎င်းကို ဆက်ခံသူဖြစ်စေ)က ဆိုးလ်မြို့ကို ကယ်တင်ရန် ချီကာဂိုမြို့ကို ရင်း မည်ဆိုမှသာ အဆိုပါရည်မှန်းချက် အလုပ်ဖြစ်ပါလိမ့်မည်။ မစ္စတာ ကင်၏ မျှော်မှန်းချက်တစ်ခုမှာ တကယ်လိုအပ်လာချိန်တွင် အမေ ရိကန်က အမှန်တကယ် မဟာမိတ် များဘက်က ပါဝင်ကူညီမည်လား ဆိုသည့်အပေါ် သံသယဝင်စေရန် ဖြစ်သည်ဟုလည်း ကင်ဂျုံအန်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ သူများက သုံးသပ်ကြသည်။

‘‘သူ့အနေအထားနဲ့ သူလည်း ကြီးကျယ်တဲ့ ခေါင်းဆောင်ဖြစ် တယ်ဆိုတာကို ကင်ဂျုံအန်က ပြသဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် သူ့အဖေနဲ့ သူ့အဘိုးလက်ထက်က မလုပ်နိုင်ခဲ့တဲ့ အမေရိကန်ရဲ့ ဘယ်နေရာမဆို ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံး ကျည်တွေ တည်ဆောက်ဖို့ပဲဖြစ် ပါတယ်’’ဟု ကိုရီးယားစစ်ပွဲကာ လက ထိမှန်ခဲ့သော ဗုံးဆန်ခန္ဓာ ကိုယ်တွင် ရှိနေဆဲ တောင်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟန်ဆွန်ဂျူးက ပြောကြားသည်။

မစ္စတာကင်အနေဖြင့် အဆို ပါရည်မှန်းချက်ပေါက်မြောက် အောင်မြင်ခဲ့လျှင် သမားရိုးကျ လက်နက်များဖြင့် တားဆီးဟန့် တားခြင်းမှာ လုံလောက်မှုရှိမည် မဟုတ်ဟု ဒေါ်နယ်ထရန့်အစိုးရက ယခုနှစ်နွေရာသီက ပြတ်ပြတ် သားသားကြေညာခဲ့သည်။ လူသိ ရှင်ကြားပြုလုပ်သော ထုတ်ပြန် ပြောကြားချက်အများအပြားတွင်  ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံ ရေးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး မက်မာစတာက စစ်အေးခေတ် အတွင်း အလွန်ထိရောက်ခဲ့သော နည်းလမ်းများသည် မြောက်ကိုရီး ယားနှင့် သက်ဆိုင်မည်မဟုတ်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သည်။

‘‘မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ လုပ်ရပ်တွေ၊ စကားလုံး တွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ တောင်ကိုရီးယားမဟာမိတ်ကို စွန့်လွှတ်ရေး အမေရိကန်ကို အကျပ် ကိုင်မယ့် ရည်ရွယ်ချက်ကို ပြသ ထားပြီးဖြစ်ပါတယ်။ ဒုတိယကိုရီး ယားစစ်ပွဲအတွက် ပြင်ဆင်တာပါ ပဲ’’ဟု ဒုတိယဗိုလ်ချုပ်ကြီး မက်မာ စတာက ပြောကြားသည်။ ထို့အ ပြင် မြောက်ကိုရီးယားသည် မိမိတို့ရှင်သန်ရေးအတွက် နျူကလီးယား လက်နက်တစ်ခုတည်း ပိုင်ဆိုင်လို သည်ဟူသော အယူအဆမှား ယွင်းကြောင့်လည်း မက်မာစတာ က ပြောသည်။ အကယ်၍ သံတ မန်ရေးမအောင်မြင်ခဲ့ပါက ကြို တင်ကာကွယ်ရေး စစ်ပွဲတစ်ရပ်လို အပ်နိုင်ကြောင်း ဗိုလ်ချုပ်ကြီးက တစ်ကြိမ်မက ပြောကြားခဲ့သည်။

‘‘အဲဒီကိစ္စမှာ သမ္မတက ရှင်း လင်းစွာ မြင်ပါတယ်။ မြောက်ကို ရီးယားနိုင်ငံက အမေရိကန်နိုင်ငံ ကို ခြိမ်းခြောက်လာတာကို သည်း ခံမှာ မဟုတ်ဘူးလို့ ပြောထားပါ တယ်’’ဟု မက်မာစတာက တစ် ကြိမ်တွင် ပြောကြားသည်။

သို့သော်ဗိုလ်ချုပ်ကြီး မက်မာစတာ၏ မှတ်ချက်များသည် အမှန် တကယ်စစ်ဆင်နိုင်ရန် စိတ်အား ထက်သန်ခြင်းကို ပြသလိုခြင်းလား သို့မဟုတ်ပါကလည်း ဒေါ်နယ်ထရန့်သည် ၎င်း၏ရှေ့မှ သမ္မတများ ကဲ့သို့ မဟုတ်ဘဲ ယင်းပြဿနာ အပေါ် စစ်ရေးအရ ဖြေရှင်းရန် လုံးဝစိတ်အားထက်သန်သည်ဟု ယုံကြည်ရေး မြောက်ကိုရီးယားနှင့် တရုတ်ကို လှုပ်ခတ်သွားစေရန် ပြုလုပ်ခြင်းလားဆိုသည်မှာ မရှင်းလင်းပေ။ မကြာမီလများအတွင်း ကမူ ဗိုလ်ချုပ်ကြီး မက်မာစတာက ထိုကဲ့သို့ပြောကြားမှုများကို ထပ်မံပြောကြားခြင်းမရှိပေ။ မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု ရပ်တန့်နေခြင်းမှနေ၍ သံတမန်ရေးလမ်း ပွင့်လာနိုင်သည်ဟု ၎င်းကမျှော်လင့်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

သို့သော် ထိုမျှော်လင့်ချက် ကို မြောက်ကိုရီးယား၏ နောက် ဆုံးနှင့် အထင်ကြီးစရာအကောင်း ဆုံး ဒုံးကျည်စမ်းသပ်မှုက ခြေ ဖျက်ပစ်ခဲ့သည်။ နိုဝင်ဘာ ၁၉ ရက်က ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် မိုးပေါ်သို့ မိုင် ၂,၈၀၀ ခန့် ပျံတက် ခဲ့ပြီးနောက် ဂျပန်ပင်လယ်ပြင်သို့ သက်ဆင်းခဲ့သည်။ ယင်းမှနေ၍ မြောက်ကိုရီးယားသည် အမေရိ ကန်နိုင်ငံ၏ မည်သည့်နေရာကို မဆို လက်လှမ်းမီနေပြီဖြစ် ကြောင်း ပြသရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယင်း ဒုံးကျည်ပစ်ခတ်မှုမှ နေ၍ ရှင်းလင်းသော အချက်တစ် ချက်ပေါ်ထွက်လာခဲ့ပြီး ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဝါရှင်တန် နှင့် ဘေဂျင်းက ထုတ်ပြန်ခဲ့သော ပိတ်ဆို့တားဆီးမှုနှင့် ရေနံပေးပို့မှု လျှော့ချရေး ခြိမ်းခြောက်မှုများ သည် မစ္စတာကင်ဂျုံအန်ကို မဟန့်တားနိုင်ခဲ့ဟူသော အချက်ဖြစ် သည်။ ယခုအခါတွင် အမေရိကန် နှင့် တရုတ်နိုင်ငံတို့က တပေါင်း တစည်းတည်း တုံ့ပြန်မှု မလုပ်နိုင် ခင် ၎င်းအနေဖြင့် မိမိ၏ စီမံကိန်း ကို ပြီးပြတ်အောင် လုပ်ဆောင် နိုင်မည်ဟု မစ္စတာကင်က အ လောင်းအစားထပ်နေသည်။

ယခုအချိန်ထိမူ ၎င်း၏အ လောင်းအစားမှန်ကန်သည်ဟု ဆိုနိုင်သည်။ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်က ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် နောက်ထပ် စစ်ပွဲတစ်ရပ် မရှိစေရဟု ကြေညာ ခဲ့ပြီး အင်အားသုံးရန် အမေရိကန် ၏ ဆုံးဖြတ်ချက်ကိုလည်း ဗီတိုဖြင့် ပယ်ချမည်ဟု ပြောကြားသည်။ (ဒေါ်နယ်ထရန့်အစိုးရကမူ တောင်ကိုရီးယားသည် အနီးကပ်မဟာ မိတ်ဖြစ်သော်လည်း ထိုကဲ့သို့ ဗီတိုအာဏာမသုံးနိုင်ဟု ပြောကြားပါ သည်)

ဂျပန်နိုင်ငံက ပိုမိုပြင်းထန် သော လေသံဖြင့် ပြောကြားသော် လည်း မြောက်ကိုရီးယား၏ နျူက လီးယားလက်လှမ်းမီရာနေရာအ ဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီး နောက် အမေရိကန်၏ နျူကလီး ယားကွန်ရက်က မိမိတို့ကိုပါ အကာအကွယ်ပေးမည်ဟုယုံကြည် ထားကြသည်။

အမေရိကန် နိုင်ငံသည် သမားရိုးကျလက်နက်အဟန့်အ တားများကို အားကိုးရင်း အမေရိ ကန်အထိ ရောက်ရှိနိုင်သော နျူ စွမ်းရည်ရှိ မြောက်ကိုရီးယားကို သည်းခံသွားမည်ဟု မည်သည့် အမေရိကန်အရာရှိကမျှ ဝန်ခံချင် မည်မဟုတ်ပေ။ တကယ်တော့ လည်း ဘီလ်ကလင်တန်မှ ဂျော့ခ်ျ ဒဗလျူဘုရှ်၊ ဘားရက်အိုဘားမား အထိ ကန်သမ္မတအဆက်ဆက် က နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားမှာ သည်းခံနိုင် ဖွယ်ရာမရှိဟု ပြောကြားခဲ့သည်။

သို့သော်ယင်းမှာ အမေရိ ကန်နိုင်ငံ ဦးတည်သွားနေသော အခြေအနေတစ်ရပ် ဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ပိုင်းနှင့် အဆက်အသွယ်လမ်း ကြောင်းအများအပြားဖွင့်ထား သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆန်က စက် တင်ဘာလကုန် ဘေဂျင်းခရီးစဉ် အတွင်း ပြောကြားခဲ့သော်လည်း ပြုံယမ်းနှင့် ဆွေးနွေးလိုသော အ ကြောင်းအရာနှင့် ရည်မှန်းချက်ကို ရှင်းလင်းစွာ မပြောပေ။ မြောက် ကိုရီးယားကို လက်နက်ဖြုတ်သိမ်းစေရေးသည် အလွန်အလှမ်းဝေး ကြောင်း တီလာဆန်၏ လက် ထောက်များက ဝန်ခံခဲ့ပြီး မြောက် ကိုရီးယားကိုယ်၌ကလည်း ၎င်းတို့ ၏ နျူလက်နက်စွန့်လွှတ်ရေး မည် သည့်ဆွေးနွေးမှုမျိုးကို မဆိုပယ် ချထားသည်။

ယင်းမှနေ၍ နျူကလီးယား ရပ်တန့်ထားရေး အဆိုပြုချက် အများအပြားဆီ ရောက်ရှိသွားခဲ့ သည်။ နျူကလီးယားရပ်တန့်ရေး (Nuclear Freeze) အစီအစဉ် သည် အမေရိကန်၏ လိုက်လျောမှု အချို့အတွက် မြောက်ကိုရီးယား နိုင်ငံက နျူစမ်းသပ်မှုနှင့် ဒုံးကျည် ပစ်လွှတ်မှုများ ရပ်တန့်ထားရေး ဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ လက် တွေ့အကောင်အထည်ဖော်နိုင်ပြီး  သဘာဝကျတဲ့ ကြားဖြတ်ရည်မှန်း ချက်တစ်ရပ် လိုအပ်ပါတယ်’’ဟု အိုဘားမားလက်ထက် မြောက်ကို ရီးယားအပေါ် ပိတ်ဆို့တားဆီးမှု များကို ပုံဖော်ခဲ့သော Brookings Institution မှ နျူကလီးယားကျွမ်း ကျင်သူ ရောဘတ်အင်ဟွန်းက ပြောကြားပါသည်။

ယင်းကို ဒေါ်နယ်ထရန့် အစိုးရအဖွဲ့တွင်းမှ ပုဂ္ဂိုလ်အများ အပြားက တိတ်တိတ်ဆိတ်ဆိတ် လက်ခံထားပါသည်။ တိုတိုပြောရ လျှင် ထရန့်အစိုးရက လက်ရှိတွင် လှမ်းမျှော်ကြည့်နိုင်သော အနာ ဂတ်အတွက် ဆုံးဖြတ်ထားပြီးဖြစ် ကာ ယင်းမှာ ဒေါ်နယ်ထရန့် ကတိ ပြုခဲ့သလို မြောက်ကိုရီးယား ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးအပြတ်ဖြေရှင်းခြင်းထက် စစ်အေးခေတ်ပုံစံ နျူကလီးယားအဟန့် အတားကို အားကိုးရေးပင် ဖြစ်ပါ တော့သည်။   —Ref:NY Times