စကားလုံးနှင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ

(တစ်)

လူတို့စကားလုံးများနှင့်ရန်ဖြစ်ကြ သည်ကို War of Words ဟု ခေါ်ပါသည်။ စကားလုံးစစ်ပွဲများဟုပဲ ဆိုကြပါစို့။ ယခုမျက်မှောက်ကာ လ၌ စကားလုံးစစ်ပွဲပြင်းပြင်းထန် ထန်ဖြစ်နေသည့် လူပုဂ္ဂိုလ်နှစ်ဦး ကို ပြပါဟုဆိုလျှင် လက်ရှိ အမေ ရိကန်နိုင်ငံ၏ ၄၅ ဦးမြောက်သမ္မတဒေါ်နယ်ထရန့် (Donald Trump) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်(Kim Jong Un)တို့ကိုပဲ ပြရလိမ့်မည်ဟု ထင် ပါသည်။ 

အမေရိကန်က အကြိမ်ကြိမ် သတိပေးတားမြစ်နေသည့် ကြားထဲက တာဝေးပစ်ဒုံးကျည်များကို အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်၊ နျူကလီးယားစမ်းသပ်မှုများကို အ ကြိမ်ကြိမ်လုပ်ဆောင်နှင့် မြောက် ကိုရီးယားက ငါ့မြင်း ငါစိုင်း စစ် ကိုင်းရောက်ရောက် လုပ်လာလေ သောအခါ နောက်ဆုံးသူက ကိုယ့် ကို ဝေဖန်၊ ကိုယ်က သူ့ကို ထိုးနှက် နှင့်အမေရိကန်သမ္မတနှင့် မြောက် ကိုရီးယား ခေါင်းဆောင်တို့ အ ကြားတွင် စကားလုံးစစ်ပွဲများပြင်း ထန်သွားပါတော့သည်။ 

ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို အရူးဟုဆိုပါသည်။ Madman တဲ့။ 

ဒုံးပျံလူကလေးဟုလည်း ဆို ပါသည်။ Little Rocket Man တဲ့။ ကင်ဂျုံအန်ပြန်ပြောပုံကလည်း ပြင်းထန်ပါသည်။ Dotard တဲ့။ ဇရာဒုဗ္ဗလ၊ လူအိုလူရွဲ လူသူငယ် ပြန်စသည်။ အဘိဓာန်များ၌ Dotard ကို insult ဟုပင် ကွင်းခတ်၍ ဖော်ပြပါသည်။ စော်ကားသည့် အသုံးအနှုန်းဟူသည့်သဘော။ သြော်...သူတို့နှစ်ဦးစကားလုံးများ ဖြင့် အပြန်အလှန် ပစ်ခတ်တိုက် ခိုက်နေကြသည့် စစ်ပွဲ။ စကားလုံး စစ်မြေပြင်။ 

သို့ဖြင့် စကားလုံးစစ်ပွဲက ပြင်းထန်လာလေသောအခါ စစ် မြေပြင် ကိုယ်ကျင့်တရားတို့၊ ဘာ တို့ ကင်းလွတ်သွားပုံရပါသည်။ 

ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို ‘ဂျပု၊ လူဝ’ စသည်ဖြင့် မည်သည့်အခါတွင်မှ ခေါ်မည်မဟုတ် ကြောင်း တုံ့ပြန်လိုက်လေသောအ ခါ ဒေါ်နယ်ထရန့်ကို လူကြီးလူ ကောင်းဟု ထင်ထားသူတို့ အံ့အား သင့်သွားကြပါတော့သည်။ အမေ ရိကန်တို့ကိုယ်တိုင်က သူတို့သမ္မ တကို အထင်သေးသွားကြပါလေ သတဲ့။ လူတစ်ယောက်နှင့်တစ် ယောက် အယူအဆချင်း၊ ပညာ ရပ်ချင်း ထိုးနှက်တိုက်ခိုက်၍ရ သော်လည်း ကိုယ်လက်အင်္ဂါကို အခြေခံကာ ပြက်ရယ်ပြုခြင်း၊ နှိမ့်ချခြင်း၊ ပြောင်လှောင်ခြင်း စသည်

တို့သည် စိတ်နေသဘာဝ အောက် တန်းကျသူတို့၌သာ ရှိတတ်သည့် အမူအကျင့်ဖြစ်လေရာ အမေရိ ကန်တို့ သူတို့သမ္မတအပေါ် စိတ် နည်းနည်းပျက်သွားသည်မှာ သိပ် မဆန်းကြယ်လှ။ ကိုယ်အကြီးကြီး ထင်ထားမိသူက သေးသေးက လေးဖြစ်နေခဲ့လေသောအခါ...။

(နှစ်)

စကားလုံးတစ်လုံးကို သုံးစွဲ သည့်အခါ တချို့တလေသော လူ များအတွက် ရယ်ရွှင်ဖွယ်ရာ ဖြစ် နေနိုင်သော်လည်း ကာယကံရှင် တစ်ဦးဦးအပေါ်၌ စိတ်ထိခိုက်ဖွယ် ရာများဖြစ်နေခဲ့သော် ယင်းကို မသုံးစွဲသင့်ကြောင်း လူ့ကျင့်ဝတ် ပညာရှင်များက ဆိုမိန့်ခဲ့ကြပြီးဖြစ် ပါသည်။ 

ကိုယ်ဝန်ဆောင်ကို ဟာသ မလုပ်ရ။ ကိုယ်လက်အင်္ဂါချွတ်ယွင်းသူကို ဟာသမလုပ်ရ။ လူမျိုးဘာ သာကို အခြေခံကာ ဟာသမလုပ် ရ။ ဓလေ့ထုံးစံယဉ်ကျေးမှုကို ဟာ သမလုပ်ရ။ 

မြန်မာတို့၌ ထိုအသိအား နည်းသည်ဟု ထင်ပါသည်။ ကိုယ် အင်္ဂါအားနည်းချက်ရှိသူကို ဟာသလုပ်ကာ နာမည်ခေါ်ဆိုမှုများက ရပ်တိုင်းရွာတိုင်းပင်ဖြစ်ပါသည်။ 

မျက်စိကလေး ပြူးနေပြန် တော့ မျက်ပြူးဟု ဆိုကြသလို နည်းနည်းကလေး မှေးနေပြန် တော့ လည်း မျက်မှေးဟူ၏။ ဦး ခေါင်းက သာမန်ထက်ကြီးနေသူ ကို ခေါင်းကြီးဟူ၏။ နားရွက်က လေးနည်းနည်းကားနေသူကို နား ကား၊ လက်ချောင်းကလေးအပို ရှိနေသူကို လက်ပွား၊ ခြေထောက် မသန်သူကို ထော့ကျိုးစသည်ဖြင့် ခေါ်ဝေါ်ကာ ရယ်ရွှယ်ဖွယ်ရာလုပ် နေကြပုံများသည် လူ့ကျင့်ဝတ်အ လွန်နိမ့်ကျသူများဖြစ်ကြောင်း အ ညွှန်းကိန်းများပင်ဖြစ်ပါသည်။ 

ကမ္ဘာပေါ်၌ လူစဉ်မမီသူ၊ ဉာဏ်ရည်နိမ့်သူများကို မွန်ဂို (Mongol)ဟု အခေါ်ရှိခဲ့ဖူးပါ သည်။ ယင်းအခေါ်က မွန်ဂိုလီး ယားလူမျိုးတို့ကို စိတ်ထိခိုက်စေ ပါသည်။ 

ထို့ကြောင့် ယခုအခါ ထိုအ သုံးအနှုန်းကို ရှောင်ရှားလာကြပါ သည်။ Longman ကဲ့သို့သော အဘိဓာန်ကြီးများက မွန်ဂို (Mongol) ကို စော်ကားသည့် အဓိပ္ပာယ် (Offensive)ရှိသည့် စကားလုံးအဖြစ် ဖော်ပြထားကြ  ပြီး Do not use this word ဟူ၍ ဤစကားလုံးကို မသုံးနှင့်ဟူ၍ပင် ထည့်သွင်းဖော်ပြထားကြပါလေ သည်။ 

ကုန်းဘောင်ခေတ်စာဆို ရွှေ တောင်နန္ဒသူက မွေ့နွန်းရကန်ကဲ့ သို့သော ကဗျာထဲတွင် စာကောင်း ကို ကြိုက်သူနှင့် စာညံ့ကို ကြိုက်သူ နှစ်ဦးကို နှိုင်းယှဉ်ထိုးနှက်ရာတွင် ‘ပြည်ကြီးသားပါးစပ်က၊ ထော ပတ်ကို စားချင်၊ ကရင်က ငါးပိ’ဟု ငါးပိကြိုက်သူကို ထိုးနှက်ရေးသားပုံမျိုးသည် ယခုအခါ ခေတ်မမီနိုင်တော့ပါ။ ငါးပိကြိုက်သည့်လူမျိုးကို လှောင်ပြောင်သကဲ့သို့ ဖြစ်နေပါသည်။ ဆင်ခြင်ရန်များပင် ဖြစ်ပါသည်။ 
 

(သုံး)

မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်(Kim Jong Un) ကို ကြိုက်လှ၍ မဟုတ်သည့် တိုင် ‘ဂျပု၊ လူဝ’ စသည်ဖြင့် ဒေါ်နယ်ထရန့်က စကားလုံးလက် နက်ဖြင့် ပစ်ခတ်လိုက်ပုံကိုကား အမေရိကန်အချို့နည်းတူ ကျွန် တော်လည်း မကြိုက်နိုင်ပါ။ 

လူကြီးလူကောင်းတို့မည် သည် သူတစ်ပါး၏အားနည်းချက် ကို မည်သို့သောအခါတွင်မှ ပြက် ရယ်ပြုလေ့မရှိ။ ပြင်သစ်၌ မသန် စွမ်းသူကို Disable Person ဟု မသုံးကြ။ မစွမ်းနိုင်သူဟူသည့် အဓိပ္ပာယ်ကြီး။ Handicap တဲ့။ ဦးစားပေးရမည့်သူဟုပဲ သုံးပါ သည်။ 

စကားလုံးစစ်ပွဲထဲတွင်လည်း လူ့ကျင့်ဝတ်က ပါမြဲပင်မဟုတ်ပါ လား။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)