ဆောက်လုပ်ရေးဟု ခေါ်သည်

ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ သက်တမ်းသည် ၁၃၁ နှစ်ရှိခဲ့ ပြီဟု သိရှိရ၏။ ကိုလိုနီနယ်ချဲ့ ခေတ်တွင် စတင် ဖွဲ့စည်းခဲ့သော Public Works Department (PWD) (ခေါ်)ပြည်သူ့လုပ်ငန်း ဦးစီးဌာနကို အခြေခံ၍ လွတ်လပ်ရေးရရှိပြီးသောအခါ ‘ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန’ဖြစ်ပေါ်လာခဲ့၏။ အဆင့်ဆင့် ပြောင်းလဲမှု၏ နောက်ဆုံးအမည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ခဲ့လေ၏။ PWD သည်အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၈၆၉ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ကြောင်း ဦးအေးချို (မဟာဝိဇ္ဇာ)၏ ဆောင်းပါးတစ်ပုဒ်အရ သိရှိရ၏။ ထိုကာလမှ ရေတွက်လျှင် ၁၄၈ နှစ်ရှိပြီဖြစ်၏။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သောနှစ်မှာ ၁၈၈၆ ခုနှစ်ဖြစ်၏။ ထို့ကြောင့် ၁၈၈၆ ခုနှစ်မှ စတင်ရေတွက်ပြီး (၁၃၁)နှစ် ပြည့်မြောက်သော အခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ခမ်းနားစွာကျင်းပခဲ့ ကြောင်း တွေ့ရှိရပေသည်။


ပြည်သူ့လုပ်ငန်းဟူသောအ ခေါ်အဝေါ်နှင့် ဆောက်လုပ်ရေးဟူ သော အခေါ်အဝေါ်နှစ်ရပ်ကို နှိုင်း ယှဉ်လျှင် စာရေးသူသည် ‘ပြည်သူ့ လုပ်ငန်း’ကို ပိုမိုနှစ်ခြိုက်၏။ ပြည် သူတို့၏ အကျိုးစီးပွားကို ရည်ရွယ် တည်ဆောက်သည်ဟူသော အဓိပ္ပာယ်ကို ‘ပြည်သူ့လုပ်ငန်း’ စကားရပ်က အပြည့်အဝထင်ဟပ် ဖော်ပြနေ၏။ အခါမလပ် သတိ ပေးနေသကဲ့သို့ရှိ၏။ ပြည်သူဗဟို ပြုခေတ်အခါနှင့် ပိုမိုလိုက်ဖက်၍ ပြည်သူ့ငွေကို ပြည်သူ့အကျိုးစီး ပွားအတွက် ပြည်သူ့ကိုယ်စား တာဝန်ယူဆောင်ရွက်နေကြောင်း အထူးပြောရန် မလိုတော့ပေ။ ဆောက်လုပ်ရေးဟူသော စကား ရပ်သည် အထက်ပါအဓိပ္ပာယ်ကို ထင်ဟပ်နိုင်စွမ်းမရှိပေ။ ထပ်ဆင့် ၍ ရှင်းလင်းဖွင့်ဆိုပေးရန် လိုအပ် ၏။ တစ်နည်းအားဖြင့် လုပ်ငန်း အဓိပ္ပာယ်ကိုသာ တိုက်ရိုက်ထင် ဟပ်ပြီး မည်သူ့အတွက် ဆောက် လုပ်ပေးသည်ဟူသော သဘောကို ဆင့်ပွားတွေးယူရသော (သို့ မဟုတ်) ဖော်ပြရသော စကားရပ် ဖြစ်သည်ဟု ရှုမြင်မိပေသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ (၁၃၁)နှစ်မြောက် အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ တွင် ထွက်ခွာရင်း ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး ၁၁၅ မိုင် အရောက်၌ အထက်ပါ အတွေး များကို ပွားများမိခြင်းဖြစ်၏။ တစ် ဖန် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက် နေ့က မိမိရောက်ရှိခဲ့သော ငါးသိုင်း ချောင်း-ဂွလမ်းနှင့် ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီးကို နှိုင်းယှဉ် ကြည့်မိပြန်၏။ ငါးသိုင်းချောင်း- ဂွလမ်းသည် ရခိုင်ရိုးမကို ထဲထဲ ဝင်ဝင်ဖြတ်ကျော်ဖောက်လုပ်ခဲ့ ခြင်းဖြစ်သော်လည်း လမ်းဘေးရှိ ရိုးမသစ်တောများက လမ်း၏ အလှကို ရွှန်းမြသာယာစေလျက်ရှိ ကြောင်း တွေ့မြင်ရ၏။ အမြန် လမ်းမကြီးသည် ပဲခူးရိုးမတောင် ခြေ ခပ်လှမ်းလှမ်းမှ ဖောက်လုပ် ထားခြင်းဖြစ်သော်လည်း တောင် အောက်၌ လမ်းပြီးစီးသောအခါ တောင်ပေါ်ရှိ သစ်တောများ ခြောက်သွေ့သွားသော ရှုခင်းကို အဝေးမှပင် လှမ်းမြင်ရ၏။ ယခု အချိန်အထိ ရိုးမသစ်တောများ အပြည့်အဝ ရွှန်းမြစိုပြည်ခြင်းမရှိ နိုင်သေးပေ။

 လမ်းဖောက်လုပ်မှုအ ကြောင်းပြု၍ အချိန်နှင့် တစ်ပြေး ညီ ပရောဂပမာ ပူးကပ်ဝင်ရောက် လာသော အပြောင်ရှင်း၊ အပြတ် ရှင်းစီမံချက်များ လက်လွန်သွားခဲ့ ခြင်းဖြစ်မည်ဟု တွေးတောနေမိ ၏။ လွန်ခဲ့သော ၁၀ နှစ်ကျော်က တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့မှ ကော့သောင်းသို့သွားသော လမ်းမပေါ်၌လည်း အလားတူ မြင်ကွင်း ကို တွေ့မြင်ခဲ့ရဖူး၏။ ယခုအခါ လမ်းကို လိုချင်သည်၊ သို့သော် Forest Cleansing ပမာ သစ်ပင် မျိုးတုံးမှုလုပ်ငန်းကိုတော့ ရှောင်မှ ဖြစ်မည်ဟူသော အသိက ပြည်သူ တို့အတွင်း နက်ရှိုင်းစွာ စိမ့်ဝင်လာ ပြီဖြစ်၏။ မုံရွာမြို့နယ်တွင် အရိပ် အာဝါသကောင်းလှသော သက် တမ်းရင့် ကုက္ကိုပင်ကြီးများ ဆုံးရှုံး မည်စိုး၍ လမ်းချဲ့ခြင်းကို ပြည်သူ တို့က ဆန့်ကျင်ပြီး လမ်းကိုအဆင့် မြှင့်တင်ပေးရန်သာ တောင်းဆို လာကြောင်း တွေ့မြင်ရပေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် လမ်းပန်းဆက်သွယ်ရေး နှစ်ရပ်စလုံး၏ အရေးပါမှုကို အလေးထားသောခေတ်သို့ ဝင် ရောက်လာပြီဟု ကောက်ချက်ချ မိပေသည်။ ဤသည်ပင် ပြည်သူ့ လုပ်ငန်း၏ သဘောသဘာဝအစစ် အမှန် ဖြစ်ပေတော့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ သက်တမ်း ၁၃၁ နှစ်တွင် အင်္ဂ လိပ်လက်အောက် ၆၂ နှစ်နှင့် လွတ်လပ်ရေးရပြီး ၆၉ နှစ်ပါဝင် ၏။ မြန်မာအင်ဂျင်နီယာများသည် အင်္ဂလိပ်လက်ဝေခံအဖြစ် လမ်း ဖောက်၊ တံတားဆောက်တတ်လာ ခြင်းသာဖြစ်သည်ဟု အချို့ကဆို ကြ၏။ စာရေးသူတို့ငယ်စဉ်က ထိုအဆိုကို ဟုတ်နိုးနိုးထင်ခဲ့၏။ အမှန်တော့ မြန်မာသည် လမ်း၊ တံတားနှင့် အဆောက်အအုံပညာ ရပ်တွင် ရှေးဦးခေတ်မှာပင် ကိုယ် တိုင်တီထွင်တည်ဆောက်နိုင်ခဲ့ သော လူမျိုးဖြစ်ကြောင်း သမိုင်း အထောက်အထားများအရ တွေ့ ရှိခဲ့ရ၏။ တံတားနှင့်ပတ်သက်၍ လျှိုမြောင်၊ ချောက်ကမ်းပါးများကို ‘ကြိုးတံတား’ဖြင့် ဆက်သွယ်သော အတတ်ကို လူသားတို့ ဦးစွာတတ် မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ၏။ သုတေသီ Joseph Gile ၏ တွေ့ရှိချက်အရ ကြိုးတံတားဒီဇိုင်း ကို ဆန်းကြယ်စေပြီး လက်ရန်းနှင့် ကြမ်းခင်းပါဝင်သော အမျိုးအစား ကို ကမ္ဘာပေါ်၌ စတင်တည် ဆောက်နိုင်သူများတွင် ‘အာသံ၊ မြန်မာနှင့် ပီရူး’လူမျိုးများ ပါဝင် သည်ဟု ဆို၏။

အေဒီ ၁၄၄ ခုနှစ်၌ အင်းဝ- စစ်ကိုင်း ဧရာဝတီမြစ်ကူးကြိုးတံ တားကို မြန်မာတို့ တည်ဆောက် ခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည် ဟုလည်း သိရှိရ၏။ ပေအရှည် ၃,၉၀၀ ရှိပြီး ကျွမ်းကျင်အလုပ် သမား ၄၀၀၊ ဆင် ၁၀ ကောင်၊ ကျွဲအကောင် ၁၀၀ နှင့် အလုပ် ကြမ်းသမားအမြောက်အမြားဖြင့် ရက်ပေါင်း ၇၀ နှင့် ပြီးစီးအောင် တည်ဆောက်ခဲ့ကြောင်း သိရှိရ ၏။ ထို့အပြင် ယနေ့ ကမ္ဘာ့ခရီး သွားတို့ တအံ့တဩကြည့်ရှုလေ့ လာနေကြရသည့် ၁၉ ရာစု၌ တည်ဆောက်ခဲ့သော ၃,၉၆၉ ပေ ရှည် လျားသည့် ဦးပိန်တံတားသည် မြန်မာတံတားတည်ဆောက်ရေး ပညာရှင်တို့၏ ပြောင်မြောက် သော လက်ရာမွန်ဖြစ်ပေသည်။

လမ်းနှင့်ပတ်သက်၍ ကမ္ဘာ ပေါ်တွင် အီဂျစ်ဘုရင် Cheops က ဘီစီ ၃၀၀၀ ပြည့်နှစ်တွင် ပထမဆုံးလမ်းကို တည်ဆောက်ခဲ့ သည်ဟု သိရှိရ၏။ ပိရမစ်များအ တွက် ဧရာမကျောက်တုံးကြီးများ ကို သယ်ယူရန် ဖောက်လုပ်ခဲ့ခြင်း ဖြစ်၏။ ဘီစီ ၂၀၀၀ ခန့်တွင် ခရိ ကျွန်းရှိ Cortima မြို့နှင့် Kmossis မြို့ကို ဆက်သွယ်သော ၁၅ ပေ အကျယ် လမ်းပေါ်ပေါက်ခဲ့ပြီး အိန္ဒိယတွင် ဘီစီ ၃၂၂ မှ ၂၉၈ ခုနှစ်အတွင်း လမ်းဖောက်လုပ်မှု လုပ်ငန်းစတင်ခဲ့ကြောင်း သိရှိရ ၏။ စာရေးသူ ဗုဒ္ဓဂယာသို့ ရောက်ရှိစဉ် ဗိမ္မိသာရမင်းကြီးလက်ထက် ရာဇဂြိုဟ်မြို့၌ ကျောက်ဖြစ်နေ သော လမ်းများပေါ်ရှိ လှည်းဘီး ရာကြီးများကို ကိုယ်တွေ့မြင်ခဲ့ရ ဖူး၏။

မြန်မာနိုင်ငံတွင် ဘီစီ ၂၀၆ ခုနှစ်၌ မြစ်ကြီးနားမြို့၏ အနောက် ဘက်ရှိ မိုးကောင်းမြို့မှ မိုင်းလုပ်ငန်းများတွင် တရုတ်လူမျိုးများ ဝင်ရောက်လုပ်ကိုင်နေကြပြီး ကုန် သွယ်ရေးသုံးနှင့် လုပ်ငန်းသုံး ရှေး ဟောင်းလမ်းများ ရှိခဲ့သည်ဟု သိရှိရ၏။ ဘီစီ ၁၀၀ ခန့်မှစ၍ တရုတ် ပြည်သို့ ကျောက်စိမ်းသယ်ယူမှု လမ်းကြောင်း (Trade Route) ရှိခဲ့ သည်ဟုလည်း အဆိုရှိခဲ့၏။ ပျူ နိုင်ငံ ဟန်လင်း၊ ဗိဿနိုးမြို့များ၌ လမ်းများ စနစ်တကျဖောက်လုပ် ထား၏။ ပုဂံခေတ် ဖက်လိပ်ဘုရား ၏ ၅၅၀ နိပါတ်တော် သရုပ်ဖော် ပုံများတွင် နွားလှည်းပုံများရှိခဲ့၏။ ရာသီမရွေးသွားလာနိုင်သော လမ်းများ အေဒီ ၁၁ ရာစု ပုဂံ၌ ကောင်း စွာတည်ရှိခဲ့ပြီဖြစ်ရာ မြန်မာသည် လမ်းဖောက်လုပ်မှု အတတ်ပညာ ၌ ရှေးဦးခေတ်ပြိုင်နိုင်ငံများနှင့် ရင်ပေါင်တန်းတည်ရှိခဲ့သည်ဟု ဆို နိုင်၏။ 

လွတ်လပ်ရေးရပြီးသည့်အ ချိန်၌ မြန်မာနိုင်ငံတွင် ဧရာမြစ်ကူး တံတားတစ်စင်းနှင့် စစ်တောင်း မြစ်ကူးတံတားတစ်စင်းသာရှိခဲ့၏။ ယခုအခါ ဧရာဝတီမြစ်ကူးတံတား ၁၄ စင်းတိတိ ရှိလာ၏။ စစ် တောင်းမြစ်ပေါ်တွင် တံတားငါး စင်းအထိ တည်ဆောက်ပြီး၍ ချင်း တွင်းမြစ်ပေါ်တွင် နှစ်စင်း၊ သံလွင် မြစ်ပေါ်တွင် ကိုးစင်းအထိ တည် ဆောက်နိုင်ခဲ့ကြောင်း တွေ့ရှိရ ၏။ 

  အင်္ဂလိပ်နယ်ချဲ့ခေတ်က မြန်မာနိုင်ငံတွင် လမ်းကွန်ရက် သည် တောင်မှ မြောက်သို့သာ ဆက်သွယ်ဖောက်လုပ်၏။ မြစ် ကြီးလေးစင်း ကန့်လန့်ခံနေ၍ အ ရှေ့အနောက်လမ်းကွန်ရက်ကို လုံးဝဦးစားပေးမှုမရှိခဲ့ပေ။ မြန်မာ အင်ဂျင်နီယာတို့၏ စွမ်းအားဖြင့် ကန့်လန့်ခံနေသော မြစ်များ၊