မိုဘိုင်းဟန်းဆက်ဆော့ဖ်ဝဲများ ပြန်လည်ပြုပြင်နိုင်သည့် Dongle ကို မြန်မာနိုင်ငံတွင် ပထမဆုံးတီထွင်

မိုဘိုင်းဟန်းဆက် ဆော့ဖ်ဝဲပိုင်းဆိုင်ရာပြဿနာနှင့် ပတ်သက်၍ အလွယ်ကူဆုံးပြန်လည်ပြုပြင်နိုင်သည့် Dongleကို  Myanmar Creative Team က  ပထမအကြိမ်တီထွင်ဖန်တီးနိုင်ခဲ့သည်။


Dongle ဆိုသည်မှာ မိုဘိုင်း ဟန်းဆက်များ ဆော့ဖ်ဝဲ Error ဖြစ်ပွားခြင်း၊ Firmware ရေးသား ရန်လိုအပ်ခြင်း၊ Lock ဖြေခြင်း၊ အချက်အလက်များ Restore ပြု လုပ်ခြင်းနှင့် Backup ပြုလုပ်ခြင်း အပါအ၀င် လုပ်ဆောင်ချက်မျိုးစုံ ကို လွယ်ကူစွာဖြေရှင်းပေးနိုင် သည့် နည်းပညာ Device ဖြစ်သည်။

Dongle ၏ အသွင်သဏ္ဌာန် သည် Memory Stick တစ်ခုနှင့်တူ ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်၍ အသုံးပြုသည့်အခါ မိုဘိုင်းဖုန်း ဆော့ဖ်ဝဲပိုင်းဆိုင်ရာကို အလွယ်တကူပြုပြင်ပေးနိုင်သည့် ပင်မဆော့ဖ်ဝဲဖြစ်လာသည်။

မြန်မာနိုင်ငံအနေဖြင့် Dongleကို ပြည်ပနိုင်ငံများမှ ၀ယ်ယူအ သုံးပြုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ဟန်းဆက်ပြုပြင်ရန် လုပ် ဆောင်ချက်တစ်ခုချင်းစီအတွက် ငွေကြေးထပ်မံပေးနေရကြောင်း မိုဘိုင်းဟန်းဆက်ပြုပြင်သူ ကိုလှ မင်းက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ မို ဘိုင်းဟန်းဆက်ပြုပြင်ရေးလော ကမှာ တောင်းဆိုမှုရှိတဲ့ လုပ် ဆောင်ချက်တွေကို ထပ်ပြီးတော့ ဖြည့်ပေးသွားမှာပါ။ ဘာအခက် အခဲရှိလဲ၊ ဘာလိုအပ်သလဲသာ ဆက်သွယ်ပေးစေချင်ပါတယ်’’ ဟု Myanmar Creative Team မှ ကိုမျိုးက ပြောသည်။

Dongle ကို ပြည်ပမှ ၀ယ်ယူ အသုံးပြုရာတွင် ပုံမှန်အားဖြင့် ဒေါ်လာ ၈၀ ခန့်ရှိကြောင်း၊ လုပ် ဆောင်ချက်အသစ်များကို ထပ်မံ ဖြည့်သွင်းသည့်အခါ ငွေထပ်ပေးနေရကြောင်း မိုဘိုင်းဟန်းဆက်ပြုပြင်သူအချို့က ပြောသည်။

Myanmar Creative Team သည် ပြည်တွင်းမိုဘိုင်းဟန်းဆက် ပြုပြင်သူများလိုအပ်ချက်ရှိသော လုပ်ဆောင်ချက်အားလုံးပါဝင် သည့် Dongle ကို တစ်သိန်းနှစ် သောင်းကျပ်ဖြင့် ဒီဇင်ဘာ ၃ ရက် တွင် စတင်ရောင်းချခဲ့သည်။ ‘‘အခုကတော့ Backup နဲ့ Restore နှစ်မျိုးပဲပါပါမယ်။ တစ်ပတ်အတွင်း တခြားလုပ်ဆောင်ချက်တွေ ထပ် ထည့်ပေးပါမယ်’’ဟု ကိုမျိုးက ပြောသည်။

မြန်မာနိုင်ငံတွင် တီထွင်ဖန်တီးသည့် Dongle သည် Android ဖုန်းပြုပြင်ရေးအတွက်သာ ၀န် ဆောင်မှု  ပေးနိုင်မည်ဖြစ်သော် လည်း  iOS အတွက် Dongle အသစ်ထပ်မံထုတ်လုပ်ရန်ရှိကြောင်း Myanmar Creative Team မှ ကိုအောင်ကောင်းက ပြောသည်။

‘‘ဖုန်းပြင်တဲ့လူတွေအတွက် ကတော့ လုပ်ဆောင်ချက်အစုံပါ တဲ့ Dongle တစ်ခုရှိနေရင် ဘာမဆိုအဆင်ပြေပြီလို့ ပြောနိုင်ပါတယ်’’ဟု ကိုလှမင်းက ပြောသည်။

Top News