အူရီးဒူးမြန်မာ၏ စီအီးအို Mr.Vikram Sinha နှင့် တွေ့ဆုံခြင်း

‘‘ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်က ဖုန်းတိုင်းမှာ အလုပ်မလုပ်ခဲ့ဘူး။ အဲဒါက အကြီးမားဆုံးစိန်ခေါ်မှုပဲ’’

ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် အူရီးဒူးသည် မိုဘိုင်းဖုန်း အသုံးပြုသူအနည်းဆုံးပိုင်ဆိုင်ထားသည့် အော်ပရေတာဖြစ်သည်။ ခေါင်းဆောင်မှုအပိုင်းတွင်လည်း သုံးနှစ်အတွင်း စီအီးအိုသုံးဦး ပြောင်းလဲခဲ့သည်။ Mr. Vikram Sinha သည် ဩဂုတ်၂၁ ရက်ကစတင်ကာ အူရီးဒူး မြန်မာ၏ စီအီးအိုတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပိုင်းအများဆုံးဆက်သွယ်ရေးအော်ပရေတာဖြစ်သော်လည်း အကျိုးရလဒ်ပိုင်းတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ်ရပ်တည်လာခဲ့သော အူရီးဒူးမြန်မာ၏ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ Mr.Vikram Sinha ကို 7Day News ဂျာနယ်က  တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါသည်။


စီအီးအိုအသစ်တစ်ယောက်အနေ နဲ့ အော်ပရေတာတစ်ခုကို ဦးဆောင်ရတဲ့အခါမှာ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရလဲ။

မြန်မာနိုင်ငံကို ရောက်တဲ့အ ခါမှာ ကောင်းတဲ့ဘက်ကနေပဲ မြင်နေရပါတယ်။ စိန်ခေါ်မှုတိုင်းကို အခွင့်အလမ်းလို့ မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်း ကို အူရီးဒူးအနေနဲ့ နည်းပညာကို အသုံးပြုပြီး ဘယ်လိုဖွံ့ဖြိုးတိုး တက်အောင် လုပ်ပေးရမလဲဆို တာ စဉ်းစားနေရပါတယ်။

အူရီးဒူးရဲ့ မြန်မာပြည်ဈေးကွက်ကို အသေးစိတ်ပြောလို့ရမလား။

ဈေးကွက်ဝေစုကတော့ ၁၇ ရာခိုင်နှုန်းရထားပါတယ်။ ဆုံးဖြတ်ချက်အကြီးကြီးချခဲ့တာတစ်ခုက သူများနဲ့ မတူခဲ့ဘူး။ ရင်းနှီးမြှုပ်နှံမှု စလုပ်ကတည်းက 3G နဲ့ စခဲ့ တယ်။

ဈေးကွက်အပြောင်းအလဲအနေနဲ့ ဘာတွေ လုပ်သွားဖို့ရှိလဲ။

ဘယ်သူမှ 3G လို့ မပြောခင် ကတည်းက 3G ကွန်ရက်တစ်ခု တည်းနဲ့ စခဲ့ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ရဲ့ ဆင်းမ်ကတ်က ဖုန်း တိုင်းမှာ အလုပ်မလုပ်ခဲ့ဘူး။ အဲဒါက အကြီးမားဆုံးစိန်ခေါ်မှုပဲ။ ဖုန်း အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကပဲ ကျွန်တော်တို့ ဆင်းမ်ကတ်ကို လက်ခံနိုင်တယ်။ Slot 2 ကို လက် မခံနိုင်ခဲ့တာပေါ့။ ကျွန်တော် ရောက်လာတဲ့အခါမှာ ဆင်းမ် ကတ်အားလုံးက ဟန်းဆက်အား လုံးမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ GSM 2G ကို လူ နေထူထပ်တဲ့နေရာတွေမှာ စတင် မိတ်ဆက်ခဲ့တယ်။ အဲဒါက အခု ဆိုရင် ဧရာဝတီနဲ့ မကွေးမှာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာက စတင်မိတ် ဆက်ခဲ့တာပါ။ အောင်မြင်မှုတွေ ကို မြင်နေရပါပြီ။ အဲဒီနေရာက ဈေးကွက်ဝေစု ပိုတက်လာပါ တယ်။ အခုကစပြီး နောက်တစ် နှစ်ကြာတဲ့အခါမှာ ဈေးကွက်ဝေစု ကို ထပ်ပြီးတော့ တိုင်းပေးစေချင် တယ်။

ဈေးကွက်အပေါ်ကို ဘယ်လိုများ လေ့လာတွေ့ရှိထားလို့လဲ။

စမတ်ဖုန်းမဟုတ်တဲ့ ခလုတ် ဖုန်းတွေကို သုံးနေတုန်းပဲဆိုတာ ကို ကျွန်တော်တို့ လေ့လာတွေ့ရှိ ရတယ်။ ဈေးနှုန်းနိမ့်ဟန်းဆက် တွေကို ရှာပြီးဝယ်ယူအသုံးပြုနေ တဲ့လူတွေကိုလည်း ကျွန်တော်တို့ မေ့ထားလို့မရဘူး။ အဲဒီလူတွေရဲ့ ဘဝတိုးတက်မှုကလည်း ကျွန် တော်တို့ရဲ့ ကွန်နက်ရှင်ပေါ်မှာ လည်း အများကြီးမှုတည်နေတယ်။ ဒါကြောင့် ဆင်းမ်ကတ်အားလုံးက ဟန်းဆက်အားလုံးမှာ အလုပ်လုပ် ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထား ခဲ့တာပါ။ အူရီးဒူးကိုသုံးတဲ့လူက Slot 1 လား၊ Slot 2 လား စဉ်းစား နေဖို့မလိုတော့ဘူးဆိုတဲ့ သတင်း စကားကို ပေးချင်ပါတယ်။

အော်ပရေတာသုံးခုစလုံးမှာ  အ သုံးပြုသူအနည်းဆုံးဖြစ်နေရတာ ဒီလိုမျိုးအချက်တွေကြောင့်လား။

သုံးနှစ်ကြာတဲ့အခါမှာ ဒီနိုင်ငံရဲ့ 3G အသုံးပြုမှုက ဘယ်လောက် အတိုင်းအတာထိရှိလာမလဲဆို တာကို မျှော်မှန်းပြီး ကျွန်တော်တို့ က 3G တစ်ခုတည်း မိတ်ဆက်ခဲ့ တာပါ။  အဲဒါက  တကယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ အဲဒီရဲ့ ကောင်းကျိုးတစ်ခုက မိုဘိုင်းဒေတာမှာ အကောင်းဆုံးလို့ ပြောလို့ရခဲ့တယ်။ ဒါပေမဲ့ မစဉ်းစားမိခဲ့တာက ဘာလဲဆိုတော့ လူဦးရေ ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကပဲ မိုဘိုင်းအက်တာနက်ကို သုံးနိုင် တယ်ဆိုတာပါပဲ။ ကျေးလက် ဒေသက လူတွေက အခုချိန်ထိ မိုဘိုင်းအင်တာနက်ဒေတာကို အ ရမ်းကြီးအသုံးမပြုခဲ့သေးဘူး။ သူ တို့တွေက ဖုန်းခေါ်ဆိုမှုကို ပိုသုံး ချင်တယ်ဆိုတာ အခုနောက်ပိုင်းမှ ကျွန်တော်တို့ သိလာရတယ်။ နောက်တစ်ခုက ၉၆ ရာခိုင်နှုန်းရှိ တဲ့ စမတ်ဖုန်းတွေက Slot တစ်ခုပဲ ပါတယ်။ နောက်တစ်ခုကလည်း 2G ဖြစ်နေတယ်။ အဲဒီနောက်တစ် ခုမှာက ကျွန်တော်တို့ ဆင်းမ်ကတ် တွေက အလုပ်မလုပ်ဘူး။ အဲဒီအ တွက် အခွင့်အရေးတွေ ဆုံးရှုံးနေ ရတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောထားတာရှိတယ်။ အော်ပရေတာတွေက စီးပွားရေး တွက်ခြေမကိုက်တဲ့နေရာတွေမှာ ကွန်ရက်ချဲ့ထွင်လိုခြင်းမရှိဘူးလို့ ပြောထားပါတယ်။ အော်ပရေတာ တွေက ကွန်ရက်ကို ကျေးလက် ဒေသအထိရောက်အောင် ချဲ့ထွင် နေတယ်ပြောတယ်။ နားလည်မှု လွဲနေတာများ ရှိနေလား။

လိုင်စင်မှာ သဘောတူထား တာရှိတယ်။ အဲဒီမှာ လူဦးရေအ ပေါ် လွှမ်းခြုံနိုင်မှုနဲ့ လုပ်ထားတာ ပါ။ သဘောတူထားတဲ့အတိုင်း ၂၀၁၈ မှာဆိုရင် ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံမှာပါ။ ပြိုင်ဘက်တွေထက် ကွန်ရက်ချဲ့ထွင်နိုင်မှုနည်းနေပေ မယ့် ကွန်ရက်ကိုတော့ ပိုကောင်း အောင် လုပ်ထားနိုင်ပါတယ်။ နောက်တစ်ခုက စားသုံးသူလိုအပ် ချက်ပါ။ သူတို့ ဘာတွေပိုလိုချင် လဲ။ ဒါကိုလည်း စဉ်းစားတဲ့အထဲ ထည့်ပါတယ်။ လိုင်စင်သဘော တူညီချက်နဲ့ မဆိုင်ပါဘူး။ ကျွန် တော်တို့မှာ အရှုံးခံပြီး လည်ပတ် နေတဲ့ တာဝါတွေ အများကြီးရှိပါ တယ်။ ဥပမာ စက်ရုံတစ်ရုံက ဒေါ် လာ ၇၀,၀၀၀ ကျတယ်ဆိုရင် စက် ရုံလည်ပတ်ဖို့ တစ်လကို ဒေါ်လာ ၂,၀၀၀ လိုတယ်။ ဒါပေမဲ့ တစ်လကို ဒေါ်လာ ၁,၀၀၀ လောက်ပဲ ပြန်ရတာမျိုးလည်းရှိတယ်။ အဲဒါမျိုးက တာဝါ ၅၀၀ လောက်ရှိ တယ်။ ရေရှည်တွက်ချက်ပြီးတော့ လုပ်ထားတာပါ။ လူမရှိလည်း တာဝါမရှိဘူးလားဆိုတော့ ရှိပါ တယ်။ ပေးထားတဲ့အချိန်တိုင်း လည်း ပြီးအောင်လုပ်နေပါတယ်။

လက်ရှိ မိုဘိုင်းဖုန်းအသုံးပြုခနဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခက အိမ်နီးချင်းနိုင်ငံတွေထက် များနေ တယ်လို့ ဝေဖန်နေကြတယ်။ ဘယ်အချိန်လောက်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အသုံးပြုခဈေးနှုန်းတူ ညီလာမလဲ။

ဈေးနှုန်းကွာတယ်လို့တော့ မထင်ဘူး။ တခြားနိုင်ငံတွေမှာ လည်း စစချင်းဒီလိုပါပဲ။ မြန်မာ နိုင်ငံကို ပြန်ကြည့်ရင် ၂၀၁၄ မတိုင်မီ ဆင်းမ်ကတ်ဈေးနှုန်းတွေ၊ ခေါ်ဆိုအသုံးပြုခဈေးနှုန်းတွေ ဘယ်လောက်ပေးခဲ့ရလဲပေါ့။ အဲ ဒီကနေမှ တဖြည်းဖြည်းပြုတ်ကျ သွားတဲ့ ဈေးနှုန်းက အော်ပရေတာ အနေနဲ့ကြည့်ရင် တော်တော်ကြီး ကို ကြောက်ဖို့ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာ ဒီအခြေအနေ က ၁၀ နှစ်နေမှ ဖြစ်တာမျိုးပါ။ လက်ရှိအခြေအနေကိုကြည့်ရင် လည်း အော်ပရေတာအားလုံးက သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝန်ဆောင် မှုပေးနေတာပါ။ လူတွေကလည်း ဈေးနှုန်းအကြောင်း သိပ်မပြော တော့ဘူး။ အခုချိန်မှာ အရည်အ သွေးအကြောင်းပဲ ပြောတော့တာ ပါ။ အရည်အသွေးက ဆုံးဖြတ် ချက်ချရမယ့်အရာဖြစ်နေပါပြီ။

အော်ပရေတာလိုင်စင် စတင်ယူခဲ့ စဉ်တုန်းက အစိုးရဆီကို ပေးခဲ့တဲ့ ကတိတွေထဲက ဘယ်အရာတွေ ကို အကောင်အထည်ဖော်ပြီးခဲ့ပြီ လဲ။

ကတိပေးထားတာထက်ပိုပြီး တော့ လုပ်ပေးချင်ပါတယ်။ လူမှု အကျိုးပြုလုပ်ငန်းဆိုရင်လည်း စာ ရင်းနဲ့တကွ အသေးစိတ်ပြလို့ရပါ တယ်။ အဲဒါတွေထဲမှာ ကတိပေး ထားတာတွေပါတယ်။ မပေးထား တာတွေလည်း ပါတယ်။ အဲဒီအ တွက် ကော်မတီတစ်ခု သီးသန့်ဖွဲ့ ထားပါတယ်။ အခုဆိုရင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းတွေရှိ တယ်။ မကွေးဘက်မှာဆိုရင် လည်း နယ်လှည့်ဝန်ဆောင်မှုတွေ ရှိတယ်။ နည်းပညာပိုင်းမှာဆိုရင် လုပ်ဆောင်ထားတာတွေရှိတယ်။

တခြားဆက်သွယ်ရေးအော်ပရေ တာတွေ ရင်းနှီးမြှုပ်နှံမှုကို ထုတ် ပြန်ထားတယ်။ အခွန်ပေးဆောင် မှုကို ထုတ်ပြန်ကြတယ်။ အူရီးဒူး အနေနဲ့ကကော ထုတ်ပြန်ပေးနိုင် မလား။

ကျွန်တော်တို့က နိုင်ငံတကာ ကုမ္ပဏီဖြစ်ပါတယ်။ စတော့အိတ် ချိန်းမှာလည်း စာရင်းဝင်တဲ့အ တွက် ဥပဒေကို မလိုက်နာတာ တစ်ခုမှမရှိပါဘူး။ ဒီနိုင်ငံက နှုန်း ထားတွေကို ချမှတ်ထားတဲ့အ တိုင်း ပေးဆောင်နေပါတယ်။ ရင်း နှီးမြှုပ်နှံမှုပိုင်းမှာဆိုရင်တော့ ၂ ဒသမ ၃ ဘီလီယံအထိ (ကန်ဒေါ် လာ) ရင်းနှီးမြှုပ်နှံထားပါတယ်။

အခုဆိုရင် အသုံးပြုသူ အချက်အ လက်ထုတ်ပေးဖို့ နည်းဥပဒေရေး ဆွဲနေတယ်လို့ သိရတယ်။ အဲဒီ နည်းဥပဒေထဲမှာ ဘယ်လိုအချက် အလက်တွေ ပါဝင်သင့်တယ်လို့ အကြံပေးချင်လဲ။

လုံခြုံရေးကို ကျွန်တော်တို့ အရမ်းအလေးထားပါတယ်။ ထုတ်ပြန်ပေးရမယ်ဆိုရင် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်ပေးထားတဲ့ လမ်းညွှန်ချက် တွေရှိတယ်။ အဲဒီထဲက လုပ်တယ်။ဒီနေ့ခေတ်မှာ ပုဂ္ဂိုလ်ရေးလုံခြုံမှု က အရေးကြီးလာတယ်။ ပုဂ္ဂိုလ် ရေးလုံခြုံမှုကို သေချာအောင် လုပ် ရမယ်။ လုံးဝဥပဒေစည်းကြပ်မှုနဲ့ သွားရမယ်။ အဲဒီလိုလုပ်ရင် အား လုံးအတွက် အကျိုးရှိပါလိမ့်မယ်။ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို စည်းကြပ်အုပ်ချုပ်မှုရှိရပါမယ်။ လမ်းညွှန်ချက်တွေကို ကြပ်ကြပ် မတ်မတ် ဒါတွေကို လိုက်နာရ မယ်။ သက်ဆိုင်ရာနိုင်ငံ အစိုးရရဲ့ ညွှန်ကြားမှုတွေကိုလည်း လိုက်နာ ဖို့လိုပါတယ်။

ကျေးဇူးတင်ပါတယ်။