JMC-U အလုပ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဆိုင်းပန်နှင့် တွေ့ဆုံခြင်း

‘‘ဟိုမှာက စစ်သားတစ်ယောက်က စစ်တက္ကသိုလ်ကို ဝင်တယ်ဆိုရင်လည်း စစ်တပ်က အရပ်သား အစိုးရရဲ့ အောက်မှာရှိတယ်ဆိုတာကို သူတို့အဆင့်ဆင့်တိုင်းက ထပ်တလဲလဲ သိထားစေတယ်’’
JMC-U အလုပ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဆိုင်းပန် ဓာတ်ပုံ − နစ်ကီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ စာချုပ်တွင် ပါဝင်သည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် ၂ နှစ်ကျော်လာပြီဖြစ်သည်။ NCA ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဖြစ်ရာ အကောင်အထည်ဖော်နိုင်ရေးသည် JMC ၏ အောင်မြင်မှုပေါ်တွင်လည်း မူတည်နေသည်။ အမေရိကန်အစိုးရက ပေးအပ်သည့် Eisenhower fellowship ဖြင့် အမေရိကန်နိုင်ငံတွင် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာကိစ္စရပ်များအပေါ် လတ်တလောသွားရောက်လေ့လာထားသည့် JMC -U အလုပ်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆိုင်းပန်နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဆောင်ရွက်သင့်သည့်အချက်များ၊ စစ်ဘက်မှ အရပ်ဘက်သို့ ကူး ပြောင်းနိုင်ရေး၊ JMC ယန္တရားတို့နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။


Fellowship သွားခဲ့တဲ့ ရည်ရွယ် ချက်နဲ့ အတွေ့အကြုံလေးအရင် ဆုံးဝေမျှပေးပါဦး။

Fellowship ရဲ့အဓိကရည် ရွယ်ချက်က အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ တွေကို သွားပြီးလေ့လာမယ် ပြီးရင် ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်းမှာပါ ဝင်လာနိုင်မယ်ဆိုတဲ့ အနေအထား နဲ့ သွားခဲ့တာပေါ့နော်။ မြို့ကိုးမြို့ လောက်ကို ခြောက်ပတ်အတွင်း မှာ သွားလိုက်တာဖြစ်တယ်။ အ ထူးသဖြင့် စစ်တပ်တွေရှိတဲ့နေရာ၊ အမေရိကန်နိုင်ငံရဲ့ ရေကြောင်း တက္ကသိုလ်၊ နယူးယောက်မှာကျ တော့ ကုလသမဂ္ဂနဲ့ တွေ့ခဲ့တာ ပေါ့။ ကျွန်မနဲ့အတူ တခြားနယ် နယ်တွေက လေးဦးလည်း ပါဝင်ခဲ့ ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံ ရေးနဲ့ ကာကွယ်ရေး အထဲမှာ လုပ် နေတဲ့သူ၊ ဝန်းရံနေတဲ့သူ၊ ပြင်ပမှာပညာရှင်အနေနဲ့ လုပ်ဆောင်နေ တဲ့သူ ဒါတွေနဲ့ အကုန်လုံးကိုတွေ့ ခဲ့ပါတယ်။

ဒီမိုကရေစီသက်တမ်းရင့် နိုင်ငံ တစ်နိုင်ငံရဲ့ လုံခြုံရေး၊ ကာကွယ် ရေးကဏ္ဍနဲ့ ပတ်သက်လို့ လေ့လာထားမှုတွေကို ဝေမျှပေးပါဦး။

ကျွန်မကတော့ လူ့အခွင့်အ ရေးရှုထောင့်ကနေ ချဉ်းကပ်ကြည့် တယ်။ ဒီနေရာမှာ အချက်သုံးချက် တွေ့ခဲ့ရပါတယ်။ နံပါတ်(၁) အ ဓိကအချက်က စစ်တပ်က အရပ် သားအစိုးရ လက်အောက်မှာ ရှိရ မယ်ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံမှာ သူတို့ ထည့်သွင်းရေးဆွဲထား တယ်။ ဟိုမှာက စစ်သားတစ် ယောက်က စစ်တက္ကသိုလ်ကို ဝင် တယ်ဆိုရင်လည်း စစ်တပ်က အ ရပ်သားအစိုးရရဲ့ အောက်မှာရှိ တယ်ဆိုတာကို သူတို့အဆင့်ဆင့် တိုင်းက ထပ်တလဲလဲ သိထားစေ တယ်။ ဥပမာ စစ်တက္ကသိုလ်ဝင် ချင်တယ်ဆိုရင် လွှတ်တော်အမတ် တွေဆီက ထောက်ခံစာတွေ ယူရ တယ်။ ထောက်ခံစာမပါရင် စစ် တက္ကသိုလ်ဝင်ခွင့် မရှိဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ နောက်တစ်ခုက စစ် သားတွေကို ဝန်ဆောင်မှုတွေပေး တယ်။ NGO တွေကို ကျွန်မတို့ သွားလေ့လာပြီး မှတ်မိတာနှစ်ခုရှိ တယ်။ အမေရိကန် စစ်သားတွေ ဆိုရင် အီရတ်တို့၊ အာဖဂန်တို့ကို သွားကြရတယ်။ စစ်တပ်ထဲမှာ လည်းပဲ စိတ်ဒဏ်ရာ ကုစားတဲ့နေ ရာတွေရှိတယ်။ ဒါပေမဲ့ ဒီစစ်သား တွေ့ကလည်းပဲ ဘာကိုစိုးရိမ်လဲဆို တော့ သူတို့ ဒီစိတ်ဒဏ်ရာကုတဲ့ နေရာကို သွားလိုက်ရင် ရာထူးတိုး တဲ့နေရာမှာ တစ်ခုခုများဖြစ်မလား ပေါ့နော်။ အဲဒီတော့ သူမသွားရဲ ဘူး။ ဒီလိုနဲ့အပြင် NGOs တွေက ဒီလိုမျိုး ရှေ့တန်းပြန် ကုစားပေး တဲ့ သူတွေ၊ သူတို့နဲ့ ပြန်ပြီးတော့ ဆက်သွယ်ပြီးရင် ကော်ဖီဆိုင်ထဲ မှာပဲ စကားပြောတာမျိုးလုပ်မ လား၊ ငါးမျှားရင်းစကားပြောကြမ လားစသဖြင့် ဝန်ဆောင်မှုပေး တယ်ပေါ့။ တချို့ကျတော့ သူတို့ စိတ်ဒဏ်ရာ ရမှန်းမသိတဲ့သူတွေရှိ တယ်။ ဒီလိုလူမျိုးတွေကျတော့အ မြင်ဖွင့်ပေးရတဲ့ NGOs တွေနဲ့ လည်း တွေ့ခဲ့တယ်။ နောက်တစ်ခု က အသက်ကြီးပြီး သက်ပြည့်ပင် စင် ယူသွားတဲ့သူတွေပေါ့နော်။ ကျွန်မတွေ့ဆုံခဲ့တဲ့ သူတစ် ယောက်ဆို သူက စစ်တက္ကသိုလ် တစ်ခုရဲ့ ကျောင်းအုပ်ဆရာဘဝ ကနေ အနားယူပြီး တခြားသော အဖွဲ့အစည်းတွေမှာ အတိုင်ပင်ခံ အနေနဲ့ ပြန်လုပ်တဲ့သူ ဖြစ်တယ်။ သူတို့ရဲ့နိုင်ငံမှာ လူတစ်ယောက် ကအနားယူသွားပြီ ဆိုပေမယ့်အ နားယူသွားတဲ့နေ့က စပြီးတော့မှ နောက်တစ်နေ့၊ နောက်တစ်လ၊ နောက်တစ်ပတ်မှာ သူတို့က အ လုပ်ပြန်ရတာမျိုးပေါ့။

စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးကကော ဘယ်လိုရှိလဲ။

အရပ်သားဖြစ်ခြင်း၊ စစ်သား ဖြစ်ခြင်းက သူတို့ဆီမှာ အဓိက မဟုတ်ဘူးပေါ့နော်။ ကျွန်မတွေ့ခဲ့ တဲ့ သူတွေထဲမှာဆိုရင် အရပ်သား  ပဲ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာ နမှာ ဒုတိယကာကွယ်ရေးဝန်ကြီး အနေနဲ့ လုပ်ဆောင်ခဲ့သူနဲ့ တွေ့ ခဲ့တယ်။ တစ်ခါတလေအရပ်သား ဟာ ကာကွယ်ရေးဆိုင်ရာ လူတွေ နဲ့ အလုပ်လုပ်တဲ့အခါမှာ ငါဟာ သူတို့ရဲ့ စစ်လက်နက်တွေကိုသေ ချာမသိဘူး။ ငါဟာသူတို့နဲ့တန်း တူ မဖြစ်ဘူးဆိုပြီး စိတ်မကောင်း တွေဖြစ်တယ်။ ဒါပေမဲ့စစ်လက် နက်ပစ္စည်းတွေကိုဝယ်ယူတဲ့အခါ မှာ ဘယ်လိုပွင့်လင်းမြင်သာမှု ရှိ စေမလဲ။ စစ်လက်နက်တပ်ဆင်မှု တွေမှာ နည်းပညာပိုင်းအရ ဘယ် လိုပိုကောင်းအောင် လုပ်ဆောင်မ လဲ ဆိုတာတွေကို အရပ်သားတွေ က ပိုကျွမ်းကျင်တယ်။ ဒါကြောင့် မို့လို့ အရပ်သားသည်လည်းပဲ ကာကွယ်ရေးဝန်ကြီးဌာနမှာ လုပ် ဆောင်တဲ့အခါ အရပ်သားအနေနဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်ဖို့လိုတဲ့ အကြောင်း ပြောပြကြပါတယ်။

တခြားနိုင်ငံရဲ့ လုံခြုံရေး၊ ကာကွယ် ရေးကဏ္ဍကို သွားလေ့လာတဲ့အခါ မှာ ဒီကဏ္ဍနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံကို ဘယ်လိုပြန်သုံးသပ်မိသ လဲ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်လျှောက် နောက်ပိုင်း တွေမှာ ပြန်ပြီး အလေးထားသုံး သပ် ပြင်ဆင်ရမယ့် စဉ်းစားရမယ့် အချက်တွေ၊ အပိုင်းတွေအဖြစ် မြင်မိပါတယ်။ ဒီဧရိယာတွေကို လည်း ပြန်ပြီးတော့ ဆန်းစစ်မှုတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိုယ့် နိုင်ငံမှာဆိုရင်  တိုက်ပွဲတွေ့ တ ဂျိမ်းဂျိမ်းနဲ့ဖြစ်နေတာ ဟိုဘက်စစ် တပ်၊ ဒီဘက်စစ်တပ်က ရှေ့တန်း ဘယ်လောက်အထိတောင်မှ စိတ် ဒဏ်ရာတွေ ရနေပြီလဲ။ အိမ်က မိန်းမတွေ၊ ကလေးတွေကကော သူတို့ရဲ့ ဒီဒဏ်တွေရဲ့ နောက် ဆက်တွဲစိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး တွေကြောင့် ဘယ်လောက်တောင် ရိုက်နှက်မှုတွေ ခံနေရပြီလဲ။ ရန် ကုန်မှာဆို စစ်ပြန်ကြီးတွေ စာအုပ် တွေ ဘာတွေရောင်းတဲ့ကိစ္စတွေ။ အဲဒါမျိုးတွေ ကိုယ်ကတွေ့ပြီး တော့မှ သြော်... ဒါတွေကိုလည်း NGO တွေကိုလည်း တခြားကိစ္စမှာ အာရုံစိုက်ဖို့ထက် ရှေ့တန်းပြန် တွေကို တစ်ခုခုများလုပ်ပေးဖို့အ တွက် သတ်သတ်မှတ်မှတ်များရှိ သင့်ပြီလားဆိုပြီး စဉ်းစားမိလာ တယ်။ သူတို့ကို အမေ့ခံဘ၀က ဖျောက်ဖို့ပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်မှာဆိုရင်လည်း အများကြီးရှိ မှာပဲ။ အစိုးရစစ်တပ်ဘက်မှာဆို ရင်လည်း ဘယ်လောက်တောင်ရှိ နေပြီလဲစဉ်းစားစရာပါ။ အဲဒီလို မျိုးတွေပြန်ပြီးတော့မှ တွေးဖြစ် တယ်။ ဒါက ဒီမိုကရေစီအသွင် ပြောင်းနိုင်ငံတစ်ခုအတွက် တစ် ဆင့်ချင်း လုပ်ရမယ့်အရာတွေကို  မြင်တယ်လေ။

မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကအခန်းကဏ္ဍဖြစ်လာမယ့် စစ်ဘက်ကနေ အရပ်ဘက်ကို ကူး ပြောင်းမှုဖြစ်စဉ်အတွက် ဘယ်လို အချက်တွေ လုပ်ဆောင်သင့်တယ် ထင်လဲ။

ဟိုမှာက ဥပမာ-စစ်သား တွေအနားယူချင်ရင်လည်း သူ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ တဲ့တာဝန်က ဘယ်တာဝန်နဲ့ညီမျှ လဲ။ မန်နေဂျာနေရာလား၊ ဒါရိုက် တာနေရာလား ဒါကို ဒီ NGOs တွေကနေပြီးတော့ နောက်ပြီး သူ တို့ ကာကွယ်ရေးဝန်ကြီးဌာနအ တွင်းမှာတင် အနားယူပြီးအသွင် ပြောင်းမယ့် သူတို့ရဲ့စစ်သားတွေ ကို အကူအညီပေးရေးဌာနကနေ ပင်စင်ထုတ်ဖို့၊ ဘယ်လိုအလုပ်အ ကိုင်မျိုးတွေနဲ့ သင့်တော်တယ်ဆို တာမျိုး၊ လုပ်မိတယ်ဆိုတာမျိုး တွေ့ရတယ်။ ကိုယ်ကလည်း အံ့ ဩမိတာပေါ့။ ကိုယ့်နိုင်ငံမှာက ဒါ မျိုးတွေလည်း မကြားဖူးဘူးလေ။ အလုပ်အကိုင်ရှာဖွေပေးတဲ့အထိ လုပ်ပေးတဲ့ NGOs က အဲဒီမှာ များတာကတော့ အများကြီးပဲ။ ဒါ မျိုးလေးတွေ တွေ့ရတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ဆိုရင် ကျန်းမာရေးစောင့်ရှောက် မှုက တစ်နိုင်ငံလုံးအတိုင်းအတာ အရဆိုရင် နိမ့်ပါးနေတဲ့အနေ အထားမှာဖြစ်တယ်။ ကျွန်မတို့ နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက် တဲ့ NGOs တွေရှိတယ်။ အမျိုးသ မီးတွေအတွက်တောင် အကူအညီ ပေးမှုအမျိုးမျိုးရှိနေပေမယ့်လည်း ဒီစစ်ပြန်တွေပေါ့နော်။ စစ်ပြန်တွေ လို့ ပြောတဲ့နေရာမှာ အစိုးရတပ်မ တော်ပေါ့နော်။ အစိုးရစစ်တပ်ရှိ တယ်။ နောက်ပြီးရင် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ လည်း အများကြီးရှိမှာပဲ။ သူတို့ တွေရှေ့တန်းမှာဘာတွေကြုံတွေ့ ခဲ့ရသလဲ။ သူတို့တွေရဲ့ ကျန်းမာ ရေးအခက်အခဲတွေက ဘာတွေ ရှိသလဲစသဖြင့် ပြန်ပြီးတော့ကုစား ပေးနေတဲ့အဖွဲ့အစည်းတွေရော၊ ဒါမှမဟုတ်ရင် အသိအမှတ်ပြုပြီး လုပ်ပေးနေတဲ့အဖွဲ့အစည်းတွေ က တခြားသောကလေး၊ အမျိုး သမီးတွေကို စောင့်ရှောက်တာမျိုး ထက်စာရင်တော့ တော်တော် လေးတော့ နည်းနေသေးတယ်ဆို တဲ့ဟာကို တွေးမိတယ်။

လေ့လာထားချက်တွေကို JMC လုပ်ငန်းစဉ်တွေမှာ ဘယ်လိုအသုံး ချသွားဖို့ရှိပါသလဲ။

သွားတာကတော့ JMC လုပ် ငန်းနဲ့တိုက်ရိုက်ချိတ်ဆက်တာ မဟုတ်ဘူး။ ကျွန်မတို့ကလည်းပဲ ကိုယ်ဆက်ဆံနေရတဲ့ အနီးကပ် ကော်မတီဝင်တွေ အကုန်လုံးက လည်းပဲ ဒီလိုဌာနတွေကနေဖြစ် တယ်။ ဥပမာအစိုးရစစ်တပ်ဆိုလို့ ရှိရင်လည်း တကယ့်အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေဆိုရင်လည်းပဲ သူတို့ တွေက တကယ့်ကိုယ့်ရဲ့မူလအဖွဲ့ အစည်းမှာ စစ်ဘက်ဆိုင်ရာခေါင်း ဆောင်တွေဖြစ်တဲ့အခါကျတော့ ဒါတွေကို ဘယ်လိုလေးစားလိုက် နာရမယ်ဆိုတဲ့ဟာ ကိုယ့်အနေနဲ့ပို ပြီးတော့လေးနက်တဲ့တန်ဖိုးရှိမှုကို ပြန်ပြီးတော့မှ ခံစားရတယ်။ နောက်ပြီးတော့ အမေရိကန်မှာဆို ရင် ဘတ်ဂျက်တွေမှာ ပြည်နယ် တွေကိုလည်းပဲ ကာကွယ်ရေးကိစ္စ ရပ်တွေမှာ အများကြီးလုပ်ပိုင်ခွင့် တွေပေးထားတယ်။ ဥပမာအား ဖြင့် စစ်သားစုဆောင်းရေးတွေ လုပ်တာကလည်းပဲ အစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့မှ လုပ် ဆောင်တယ်။ အဲဒီတော့ သူတို့အ နေနဲ့က ပြည်နယ်တွေကို ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ် ဆောင်ခွင့်မှာ ပါဝင်ပြီးတော့ ပေး အပ်ထားတာကိုလည်း ကိုယ့်အ နေနဲ့ ဒါတွေကတော့ စဉ်းစားသင့် တဲ့အချက်တွေ။ ဒါတွေက ပြန်ပြီး တော့ အသွင်ပြောင်းသင့်တဲ့အ ချက်တွေပါလားလို့မြင်မိတယ်။ ဒါ ကြောင့် အခါအခွင့်သင့်တိုင်းတော့  တင်ပြတာမျိုး၊ ဝေမျှတာမျိုးတွေရှိ မှာပါ။

ဒီလိုလုပ်ငန်းစဉ်တွေနဲ့ပတ်သက် လို့ JMC ရဲ့ အခန်းကဏ္ဍက ဘယ် လိုရှိပါသလဲ။ နောက်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အရ မိုင်းရှင်း လင်းရေး၊ ဒုက္ခသည်တွေ နေရပ် ပြန်ရေးကို အလေးထားလုပ်သင့် နေပြီလို့လည်း သုံးသပ်တာတွေ ရှိတယ်။ JMC ကကောဒီအပိုင်းကို ဘယ်လောက်အတိုင်းအတာအ ထိ လုပ်ပေးနိုင်မလဲရှင်းပြပေးပါ။

ကျွန်မတို့ရဲ့ JMC မှာကျ တော့ အဲဒါနဲ့ပတ်သက်လို့ညှိနှိုင်း တယ်ဆိုတဲ့ဟာတစ်ခုပဲပါတယ်။ JMC က ညှိနှိုင်းပေးရမယ်ဆိုတဲ့ ဟာပဲရှိတယ်။ JMC က ဒါတွေကို ကိုယ်တိုင်ဝင်လုပ်ဖို့လည်း မလို ဘူး။ အဲဒီလိုတော့ရှိတယ်။ ဘာလို့ လဲဆိုတော့ ဥပမာဒုက္ခသည်အ ရေးဆိုရင် ဒီဟာကိုလုပ်နေတဲ့ သက်ဆိုင်ရာလူမှုဝန်ထမ်းနဲ့ ပြန် လည်နေရာချထားရေးဦးစီးဌာန ရှိ တယ်။ KNU ဆိုရင်လည်း သူ့ရဲ့ Refugee ကော်မတီဆိုတာရှိတယ် လေ။ IDPs ကော်မတီတို့ရှိတယ်။ ဒီနှစ်ခုကို ညှိနှိုင်းပေးတဲ့အဆင့်မျိုး ပဲရှိတယ်။

အသေးစိတ်ရှင်းပြပေးပါဦး။

ဥပမာ-ကရင်က ဒုက္ခသည် တွေကို ပြန်လာနိုင်မယ့်ကိစ္စဆိုရင် နှစ်ပိုင်းရှိတာပေါ့နော်။ လက်တွေ့ အနေအထားအရ ပြောရမယ်ဆို ရင် Demining (မိုင်းရှင်းလင်း ရေး)တို့ဘာတို့နဲ့ကလည်း ပတ် သက်တယ်။ သို့သော် ပုံကားချပ် ကြီးအနေနဲ့ပြောမယ်ဆိုရင် အဲဒါ ကျတော့ နိုင်ငံရေးကိစ္စတွေကပြန် ဖြစ်နေတယ်။ ပြီးရင်လည်းပဲ နံ ပါတ်တစ်က ပြန်လာချင်တဲ့သူတွေ ကိစ္စ၊ ဒုတိယအချက်က တတိယ နိုင်ငံမှာ အခြေချချင်တဲ့ဟာရှိ တယ်။ တတိယအချက်က အဲဒီဒေ သမှာ ရှိတဲ့သူတွေနဲ့ပဲ ပေါင်းစည်း ခြင်းဆိုတာပေါ့နော်။ အဲဒီသုံးခုမှာ ကိုယ်ကပြန်ချင်တာလား၊ မပြန် ချင်တာလားဆိုတာက အစိုးရက လည်း ဆုံးဖြတ်ပေးလို့မရဘူး။ KNU ကလည်းဆုံးဖြတ်ပေးလို့မရ ဘူး။ အဲဒါက ဒီဒုက္ခများကိုခံစား နေရတဲ့ ဒုက္ခသည်တွေကပဲဆုံး ဖြတ်ပေးရမှာဖြစ်တယ်။ ပူးပေါင်း ပါဝင်နေတဲ့ UN ရော၊ NGOs တွေ ရောက သူတို့ရဲ့အနေအထားကို မူတည်ပြီးတော့မှ ဒါတွေကိုပြန်ပြီး ပံ့ပိုးပေးရမယ်။ အဲဒီမှာ အဲဒီဒေသ မှာပဲ နေချင်တယ်ဆိုရင် သက်ဆိုင် ရာအစိုးရတွေနဲ့ပဲ ညှိနှိုင်းပေးရ မယ်။ အကယ်၍ ပြန်လာချင်တယ် ဆိုရင်ကတော့ သူတို့ကိုဒီအတိုင်း ပြန်ခေါ်လာတာ မဟုတ်ဘူး။ Return Package ဆိုတာရှိတယ်။ အဲဒီမှာအချက်ပေါင်း သုံးဆယ် လောက်ရှိတယ်။ အဲဒါတွေနဲ့ ကိုက် ညီမှ သူတို့ကို ပြန်ခေါ်လာလို့ရ မယ်။ အဲဒီမှာ သူတို့နေဖို့နေရာရှိရ မယ်။ ကလေးတွေနေဖို့ ကျောင်း ရှိရမယ်။ ဝင်ငွေရှိတဲ့အလုပ်တွေ ဖန်တီးပေးရမယ်။ အခြေချနိုင်ဖို့ တစ်နေရာရှိမှ ခေါ်လာနိုင်ဖို့ရ မယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်း ရေး ဖြစ်စဉ်က ဘယ်လောက်အ တိုင်းအတာအထိ အောင်မြင်နေပြီ လို့ ထင်ပါသလဲ။

ကျွန်မယုံကြည်လက်ခံထား တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆို တာ ဘာလဲဆိုရင် ဒီနိုင်ငံမှာ စစ် ဖြစ်တာတွေလည်း နှစ်ပေါင်းများ စွာဖြစ်နေပြီ။ အနီးအနားမှာရှိတဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်းပဲ ကိုယ်တွေထက် ပိုပြီးတိုးတက်တဲ့ သူတွေ ဖြစ်နေပြီ။ အဲဒီအခါမှာ ကိုယ်ကတော့ အခုလက်ရှိ ရှိနေ တဲ့အနေအထားထက်ကိုတော့ နိမ့် ကျခဲ့လို့ မရတော့ဘူး။ ပိုပြီးတော့ မှ ရှေ့လာမယ့်၊ ရှေ့ဖြစ်လာမယ့်  လူငယ်တွေအတွက် အလုပ်အ ကိုင် အခွင့်အလမ်းတွေအများကြီး ရှိလာရမယ်။ ကိုယ်ဟာ တိုင်းပြည် ဟာ ငြိမ်းချမ်းရုံတင်မကဘဲနဲ့ စီးပွားရေးအရလည်း စည်ပင်ဝပြောရ မယ်။ ဒီ့အပြင် နိုင်ငံအတွင်းမှာနေ ထိုင်သူတွေ အကုန်လုံးကလည်းပဲ နေပျော် ထိုင်ပျော်ရှိနေပြီးတော့ ရရှိနေတဲ့ အခွင့်အရေးတွေအကုန် လုံးကို တန်းတူညီမျှရနေမယ့်အ နေအထားရှိရမယ်။ ဒါမှကျွန်မတို့ နိုင်ငံက ရှေ့ကိုဆက်ပြီးသွားမှာ ပေါ့။ ကိုယ့်ရဲ့နိုင်ငံအပေါ်မှာသူ များတွေဟာ ဂုဏ်သိက္ခာရှိရှိဆက် ဆံပြီးတော့မှ ကိုယ်ဟာအလှူငွေ တွေကို လက်ခံနေရတဲ့ ဘဝကနေ သူများနိုင်ငံတွေကို ပေးနိုင်တဲ့အ ခြေအနေထိ ရောက်အောင် လျှောက်လှမ်းရမယ်လို့ ခံယူထား တယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် ကတော့ ဒါကတော့ နောက်ပြန် လှည့်လို့မရဘူး။ အထူးသဖြင့် အ ခုခေတ်လူငယ်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကုန်လုံးက ဒါတွေကို အာရုံစိုက်ပြီး ရှေ့ကို ရောက်အောင် လုပ်ဆောင်သင့် တယ်လို့ ထင်တယ်။

ဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်။

Top News