ဗဟိုအမျိုးသမီးဆေးရုံတွင် စားသောက်ဆိုင်နှင့် ဆေးဆိုင်များကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန်စီစဉ်

ဗဟိုအမျိုးသမီးဆေးရုံကြီး ဓာတ်ပုံ − ကျော်ဇင်သန်း

ဗဟိုအမျိုးသမီးဆေးရုံသို့ လာ ရောက်ပြသသော လူနာများ၊ လူနာ ရှင်များနှင့် ဆေးရုံတွင်တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး ၀န်ထမ်းများအတွက် ရည်ရွယ်ကာ ဈေးနှုန်းသက်သာသော ထမင်းဆိုင်များနှင့် ဆေးဆိုင်များကိုလာမည့် ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောကြား သည်။


စားသောက်ဆိုင်နှစ်ဆိုင်နှင့် စတိုးဆိုင်နှစ်ဆိုင် ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် အောက်တိုဘာက တင် ဒါခေါ်ယူထားပြီး ဆေးဆိုင်အ တွက် လိုအပ်သောဝန်ထမ်းကို လာမည့်လအတွင်း ခေါ်ယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဆေးရုံကြီးကြပ်တဲ့အဖွဲ့နဲ့ ဆောင်ရွက်သွားဖို့ဆိုပြီးတော့ စီ စဉ်ထားပါတယ်။ စားသောက်ဆိုင် တွေအတွက်ကတော့ ဆေးရုံတက် ရောက်ကုသတဲ့ လူနာတွေ၊ လူနာ စောင့်တွေအတွက် စားသောက် နိုင်ဖို့က အရည်အသွေးတစ်မျိုး၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရည်အသွေးတစ်မျိုး ရောင်းချဖို့ အတွက် ညှိနှိုင်းထားတယ်’’ဟု ဒေါက်တာပပက ပြောသည်။

ထို့ပြင် စားသောက်ဆိုင်များ အနေဖြင့် လူနာနှင့် လူနာစောင့် များ ၀ယ်ယူနိုင်သောဈေးနှုန်းဖြင့် ရောင်းချရန်နှင့် သန့်ရှင်းလတ် ဆတ်သော အစားအသောက်များ သာ ရောင်းချရန် တင်ဒါခေါ် ယူစဉ်ကတည်းက ညွှန်ကြားထား ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အရင်ဆုံးကတော့ အသား နဲ့အရွက်ကြော်တစ်ပွဲကို အနည်း ဆုံး ၅၀၀၊ အများဆုံးကျပ် ၆၀၀၊ကော်ဖီတစ်ခွက်ကိုကျပ် ၂၀၀ ကနေ ၃၀၀၊ ဆန်ပြုတ်ဆိုရင် တစ် ခွက်ကိုကျပ် ၃၀၀ ကနေ ၄၀၀ နဲ့ ရောင်းနိုင်ဖို့အတွက် စီစဉ်ထားပါ တယ်။ ဒါကို ကျွန်မတို့ဆေးရုံတင် ဒါရွေးချယ်ရေးအဖွဲ့က သတ်မှတ် ပေးထားတာပါ’’ဟု ဒေါက်တာပပ က ပြောသည်။

ဈေးနှုန်းချိုသာပြီး ကျန်းမာ ရေးနှင့်ညီညွတ်သည့် စားသောက် ဆိုင်များဖွင့်လှစ်နိုင်ရေး ဆေးရုံက ကြပ်မတ်မည်ဖြစ်သလို ဆေးဆိုင်များကိုလည်း အမြတ် ၁၀၀ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ဆိုသည်။