လက်ကိုင်ဖုန်း လက်ဆောင်ရရန် ခြေထောက်တွင် Razer ကုမ္ပဏီ စီအီးအို၏ မျက်နှာပုံ တက်တူးထိုးခဲ့သော အမျိုးသား

 အမေရိကန်နိုင်ငံရှိ အမျိုးသားတစ်ဦးသည် Razer ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တန်မင်လီယန်၏မျက်နှာပုံကို ခြေထောက်တွင် တက်တူးထိုးကာ ယင်းကုမ္ပဏီထုတ် ဖုန်းအသစ် တစ်လုံးကို တောင်းခံခဲ့သည်။

၎င်း၏မျက်နှာပုံကို တက် တူးထိုးလျှင် ဖုန်းတစ်လုံး ရနိုင်၊ မရနိုင် မေးမြန်းသည့် မှတ်ချက် တစ်ခုကို တန်မင်လီယန်၏ ဖေ့စ် ဘွတ်ခ်ပို့စ်အောက်တွင် မတ်ကွန် နဲလ်က ရေးသားခဲ့သည်။


‘‘သိပ်ရတာပေါ့။ တက်တူး အစစ်ထိုးရင် ဖုန်းကို ပို့တဲ့အခါ ဖုန်းထည့်တဲ့ဘူးပေါ်မှာ လက်မှတ်ရေးဖို့ ငါ့ဘက်က သေချာပါလိမ့် မယ်’’ဟု တန်မင်လီယန်က ယင်း မှတ်ချက်ကို ပြန်လည်တုံ့ပြန်ဖြေ ကြားသည်။

အိုဟိုင်းအိုးပြည်နယ်၌ နေ ထိုင်သည့် မတ်ကွန်နဲလ်၏ ညာ ဘက်ခြေထောက်တွင် တန်မင်လီ ယန်၏ပုံကို တက်တူးထိုးခဲ့ပြီးဖြစ် ကြောင်း၊ ယခုအခါ ဖုန်းနှင့်ပတ် သက်၍ Razer ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးနှင့် အဆက်အဆံရှိ ကြောင်း CNA သတင်းဌာနကို ဒီဇင်ဘာ ၆ ရက်က ပြောကြားခဲ့ သည်။

 ‘‘တက်တူးထိုးဖြစ်အောင် ထိုးခဲ့ပါတယ်။ သင်္ဘောနဲ့ ပို့လိုက် တဲ့ ဖုန်းကိုရဖို့ Razer ကုမ္ပဏီ ဝန် ထမ်းတစ်ယောက်ဆီက E-mail ပြန်တာကို စောင့်နေပါတယ်’’ဟု မတ်ကွန်နဲလ်က ပြောသည်။

 တန်မင်လီယန်ကလည်း မတ်ကွန်နဲလ်အတွက် ဂုဏ်ယူပါ ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ပို့စ် တင်ကာ ဂုဏ်ပြုခဲ့ပြီး မတ်ကွန် နဲလ် ထိုးထားသော တက်တူးဓာတ်ပုံများ ဖော်ပြခဲ့သည်။

 မည်သည့်အတွက်ကြောင့် Razer ကို ရွေးချယ်ခဲ့သလဲဟု တန်မင်လီယန်က မေးမြန်းရာ ‘‘သူတို့ရဲ့ထုတ်ကုန်တွေကို ကျွန်တော် ချစ်တယ်။ အရည်အသွေးကလည်း ကျွန်တော် ကိုင်ခဲ့ဖူးသမျှတွေထဲမှာ တခြားဟာတွေထက် ပိုကောင်းတယ်’’ဟု မတ်ကွန်နဲလ်က ဖြေကြားခဲ့သည်။

ဂိမ်းပစ္စည်းပစ္စယများ ထုတ် လုပ်သော Razer ကုမ္ပဏီသည် Android စနစ်သုံး ပထမဆုံးစမတ်ဖုန်းကို နိုဝင်ဘာက စတင် ပွဲထုတ်ခဲ့သည်။

—Ref: CNA

Top News