ကျိုက်ထိုဟိုတယ် အခန်းသစ်များ MIC ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဟုဆို

ကျိုက်ထီးရိုးစေတီရှိ ကျိုက်ထိုဟိုတယ်သည် အခန်း သစ်များ ဆောက်နေခြင်းကြောင့်စသုံးလုံးကို စစ်ဆေးစေခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ကြောင်း စစ်ဆေး တွေ့ရှိရ၍ အခန်းများဆက်လက် ဆောက် လုပ်ခွင့်ပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

 ကျိုက်ထီးရိုးစေတီ အနီး ရှိ ဟိုတယ်များ အခန်းအသစ် ဆောက်လုပ်ခြင်းကို တားမြစ်ထားပြီး ကျိုက်ထိုဟိုတယ်သည် အခန်းအသစ်များ ဆောက်လုပ်နေသ ဖြင့် ဥပဒေနှင့် ညီ၊ မညီ နိုဝင်ဘာ နောက်ဆုံးပတ်က အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)ကို စစ်ဆေးစေခဲ့ကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။

‘‘ကျိုက်ထိုဟိုတယ်က အ ခန်း ၁၀၀ ထပ်တိုးချဲ့ဆောက်နေ တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အထောက်အထားနဲ့ ဆောက်နေ လဲဆိုတာ သိချင်လို့ စသုံးလုံးကို ဝင်မေးခိုင်းတာပါ။ သူတို့ဆီက ဆိုက်ပလန်ကို ကြည့်လိုက်တော့ MIC ခွင့်ပြုချက်နဲ့ ဆောက်နေ တော့ ဆောက်လုပ်တာကို ခွင့်ပြု လိုက်တယ်။ တခြားမှုခင်းပိုင်းကို စစ်ခိုင်းတာမဟုတ်ပါဘူး’’ဟု ဒေါက်တာအေးဇံက ပြောသည်။

စသုံးလုံးအဖွဲ့သည် ပြည် နယ်တွင်းရှိ အချို့သော ကိစ္စရပ် များကို သိရှိနိုင်သဖြင့် ၎င်းအဖွဲ့ ကို တာဝန်ပေး၍ စစ်ဆေးစေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးစေတီတော် အနီး ခွင့်ပြုချက်မရှိဘဲ အခန်းပို များ တည်ဆောက်သည့် ဟိုတယ် များကို ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများနှင့် အညီ တည်ဆဲဥပဒေလုပ်ထုံးလုပ် နည်းများအတိုင်း ဆောင်ရွက်မည် ဟု ၂၀၁၆ စက်တင်ဘာက သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

စေတီတော်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် နှစ်သန်းကျော် လာရောက် လည်ပတ်လေ့ရှိပြီးဘုရားဖူးများ တည်းခိုရန် တောင်ပေါ်တွင် ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထိုဟိုတယ်နှင့် Mountain Top ဟိုတယ်၊ ရသေ့တောင်တွင် Golden Rock ဟိုတယ်တို့ရှိသည်။