မဲဇာချောင်းနှင့် လေးတန်ချောင်းရေ ကြည်လင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမည်

 ရွှေတူးဖော်ရေးနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များကြောင့် မဲဇာချောင်းနှင့်လေး တန်ချောင်းအတွင်း နွံအနှစ်များ ပါဝင်လာမှုကြောင့် ချောင်းရေ နောက်ကျိကာ ဒေသခံများ ယင်း ချောင်းရေကို သုံးစွဲနိုင်ခြင်းမရှိသဖြင့် ရေများ ပြန်လည် ကြည်လင် ရေး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စည် ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၆ ရက်နံနက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အင်းတော်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသန်းဝင်း၏မေးခွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုး ရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကိုယ်စား ဦးမြင့်ကြည်က ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

အင်းတော်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ‘‘အင်းတော်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဗန်းမောက် မြို့နယ်နဲ့ ကချင်ပြည်နယ် မိုးညှင်း မြို့နယ်များက တရားမဝင် ရွှေလုပ်ကွက်များသာ အဓိက တရားခံ ဖြစ်ပါတယ်။ မဲဇာမြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ လေးတန် ချောင်းကလည်း ကချင်ပြည်နယ် မော်ဟန် တောင်ကြောတစ် လျှောက် လုပ်ကိုင်နေကြတာ ဖြစ်တဲ့အတွက် ချောင်းရေကို လူ နဲ့ တိရစ္ဆာန်များ သောက်သုံး၍ မရတော့သည့် အခြေအနေဖြစ်ခဲ့ တာ နှစ်အတော်ကြာမြင့်နေပြီဖြစ် ပါတယ်’’ဟု ပြောသည်။

‘‘မဲဇာချောင်းနှင့် လေးတန် ချောင်း ချောင်းရေကြည်လင်နိုင် ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူ ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါတယ်’’ဟု ဝန် ကြီး ဦးမြင့်ကြည်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း တရားမဝင် ရွှေတူးဖော်ရေး လုပ်ကွက်များကို ထိန်းချုပ်ရန် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ များ၊ အာဏာပိုင်အဖွဲ့အစည်း များ၊ ဒေသခံပြည်သူများနှင့် ပူး ပေါင်း၍ ထိန်းချုပ်ဆောင်ရွက် နေပြီး လေးတန်ချောင်းအထက် ပိုင်းရှိ ကျောက်စိမ်းတူးဖော်ရေး၊ လုပ်ငန်း မိုးညှင်းရတနာမြေရှိ လုပ်ကွက်များကိုလည်း ကချင်ပြည် နယ်အစိုးရအဖွဲ့က စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် လိုအပ် ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆို သည်။  အင်းတော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မဲဇာ ချောင်းသည် ကချင်ပြည်နယ် မိုး ညှင်းမြို့နယ်တွင် မြစ်ဖျားခံပြီး ဗန်းမောက်မြို့နယ်၊ အင်းတော် မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကို ဖြတ်သန်းစီးဆင်းကာ ထီးချိုင့်မြို့ နယ် ညောင်ပင်သာကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင် သည်။ မဲဇာချောင်းသည် မိုင် ၁၂၀ခန့် ရှည်လျားပြီး အင်းတော်မြို့ နယ်တွင် မိုင် ၆၀ ခန့် ရှည်လျားကြောင်း ဦးသန်းဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။