အကြွေးကိစ္စကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး

အကြွေးကိစ္စနှင့် ပတ် သက်၍ စိတ်ညစ်ကာ အသက် (၄၆)နှစ်အရွယ် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ် ဦးကပြောသည်။

ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက်နေ ဦးကျော်မိုးသည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ခွဲခန့်က နေအိမ်အရှေ့ခန်းတွင် အဖြူရောင်နိုင်လွန်ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။


 သေဆုံးသူ၏ ဇနီးသည် ပြောပြချက်အရ ဦးကျော်မိုးသည် လွန်ခဲ့သည့် တစ်လခန့်က အကြွေးကိစ္စဖြင့် စိတ်ညစ်နေပြီး ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အကြွေးပမာဏ မည်မျှဖြစ် ကြောင်းကို ရဲတပ်ဖွဲ့က ထုတ် ဖော်ပြောကြားခြင်းမရှိပေ။

အလောင်းကို အင်းစိန်ဆေး ရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာအ တိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရွှေပြည်သာမြို့မ ရဲစခန်းက သေမှုသေခင်းဖြင့် အမှု ဖွင့်စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

Top News