အသုံးပြုသူကိုယ်ရေး အချက်အလက်များကို ပြန်လည်ရောင်းချခြင်းမရှိကြောင်း Viber စီအီးအိုပြော

Viber သည် အသုံးပြုသူ ၏ ကိုယ်ရေးကိုယ်တာအချက်အ လက်များကို ပြန်လည်ရောင်းချ ခြင်းမရှိသည့်အပြင် ကုန်အမှတ် တံဆိပ်များ ကြော်ငြာခြင်းလည်း မပြုလုပ်ကြောင်း ကုမ္ပဏီစီအီးအိုMr. Djamel Agaoua က ပြောသည်။

အသုံးပြုသူ၏ အချက်အ လက်အပေါ် မူတည်၍ အမြတ်အစွန်း ရှာဖွေမှုမရှိခြင်းကြောင့် အသုံးပြုသူအရေအတွက် တိုးလာပြီး ကုမ္ပဏီအမြတ်အစွန်းပိုမိုရ ရှိကြောင်း Viber က ထုတ်ပြန်ခဲ့ သည်။ ၂၀၁၇ တစ်နှစ်အတွင်း Viber အသုံးပြုသူအရေအတွက် ယမန်နှစ်ထက် ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက်ခဲ့ပြီး အမြတ်အစွန်း လည်း ယခင်နှစ်ထက် နှစ်ဆပိုမို ရရှိကြောင်း ထုတ်ပြန်သည်။


မြန်မာနိုင်ငံတွင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့ သည့် ကြည်လင်း၏ ကနဦးထွက် ဆိုချက်များ နှစ်ရက်အကြာ ဖေ့စ် ဘွတ်ခ်စာမျက်နှာသို့ ပျံ့နှံ့လာခြင်းသည် ရဲတပ်ဖွဲ့ဝင်အချင်းချင်း Viberမှပေးပို့ဖလှယ်ရာ၌ အကောင့် Hackခံရခြင်းကြောင့် ဖြစ်ကြောင်းတာဝန်ရှိသူတို့က ပြောကြားသည်။

အချက်အလက်လုံခြုံစိတ်ချ မှုမရှိစေရန် Viber သည် အချက် အလက်များကို အသုံးပြုသူ ကိုယ် တိုင်သာ ကြည့်ရှုနိုင်သော (Full End-to-End Encryption)  နည်းပညာကို ယခုနှစ်ဧပြီက အက်ပလီကေးရှင်းအတွင်း ထည့် သွင်းမိတ်ဆက်ခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်က ကိုယ်ရေးကိုယ်တာအ ချက်အလက်တွေကို ထိခိုက်နစ် နာစေခြင်း မရှိဘဲ လူတိုင်းလွတ် လပ်စွာ ပြောဆိုဆက်သွယ်နိုင် မယ့် အက်ပလီကေးရှင်းတစ်ခုဖြစ် ဖို့ပါ’’ ဟု Mr. Djamel Agaoua ကပြောသည်။

Viber အနေဖြင့် မြန်မာနိုင်ငံ ၏ အသုံးပြုသူ အရေအတွက် ထုတ်ပြန်ကြေညာခြင်း မရှိသော် လည်း တစ်ကမ္ဘာလုံးအတိုင်းအ တာဖြင့် အသုံးပြုသူ တစ်ဘီလီယံ ကျော် ပိုင်ဆိုင်ထားကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံ၌ ဆိုရှယ်မီဒီယာများအနက် ဖေ့စ် ဘွတ်ခ်သည် အသုံးပြုသူအများ ဆုံး ဖြစ်ပြီး Viber ကို ဒုတိယအ နေဖြင့် အသုံးပြုသည်။

Top News