နာကူကားက ကုမ္ပဏီကားကိုတိုက်၍ ၁၁ ဦး ဒဏ်ရာရ

သထုံမြို့နယ်မှ နာရေး ကူညီမှုအသင်း ယာဉ်တစ်စီး ပြည်လမ်းမပေါ်တွင် မီးစိမ်းပြထား သည့် ကွေ့ယာဉ်ကြောကို ဖြတ်သန်းခဲ့သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ လူ ၁၁ ဦး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

 ဒဂုံမြို့နယ် ပြည်လမ်းအ တိုင်း မြို့ထဲဘက်သို့ မောင်းနှင် လာသည့် TOYOTA HIACE အမျိုးအစား နာရေးကူညီမှုအသင်း ယာဉ်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခွဲက ပြည်ထောင်စု ရိပ်သာလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရုံး ရဲအရာရှိကပြောသည်။


အဆိုပါမီးပွိုင့်တွင် နာရေး ကူညီမှုအသင်းယာဉ်သည် မီးစိမ်း ပြထားသည့် ကွေ့ယာဉ်ကြောကို ဖြတ်သန်းရာ မျက်နှာချင်းဆိုင်မှ မီးစိမ်းသဖြင့် ကွေ့ဝင်လာသည့် KTZ ကုမ္ပဏီမှ မီနီဘတ်စ်ယာဉ် အား ဝင်တိုက်မိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် နာရေး ကူညီမှုအသင်းယာဉ်ပေါ်မှ (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မီနီဘတ်စ်ယာဉ်ပေါ်မှ အမျိုးသားလေးဦးနှင့် အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေး ရုံကြီးသို့ တင်ပို့ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

နာရေးကူညီမှုအသင်း ယာဉ်မောင်း ဦးကျော်တင်နိုင်ကို ပေါ့ လျော့မှုကြောင့် ပြင်းထန်နာကျင် စေမှုပုဒ်မ ၃၃၈၊ သာမန်နာကျင် စေမှုပုဒ်မ ၃၃၇ နှင့် ယာဉ်မဆင် မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် ဒဂုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ပြောသည်။

ထို့အတူ ဒီဇင်ဘာ ၆ ရက် နံနက်က ဝေဇယန္တာမီးပွိုင့်တွင် မီးနီဖြတ်မောင်းသည့် ယာဉ်တစ် စီးက အရှိန်ဖြင့်ဝင်တိုက်၍ မီးစိမ်းဖြတ်သည့် ဟိုင်းလတ်ဆာ့ဖ်ယာဉ် တိမ်းမှောက်ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂) ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၇ ဇန်နဝါရီမှ နိုဝင်ဘာ လကုန်အထိ ယာဉ်မတော်တဆမှု ၂,၃၂၅ မှု ဖြစ်ခဲ့ပြီး လူ ၅၄၅ ဦး သေဆုံးကာ ၂,၉၅၀ ကျော် ဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး အမှတ်(၂) ယာဉ်ထိန်းတပ် ဖွဲ့ခွဲမှူးရုံး ယာဉ်တိုက်မှုစာရင်း များအရ သိရသည်။

Top News